ဆာလံ ၆၀:၁-၁၂

  • ရန်သူတွေကို ဘုရားချေမှုန်း

    • လူတွေ ကယ်တင်တာဟာ အကျိုးမရှိဘူး (၁၁)

    • “ဘုရားသခင်ဆီကနေ ကျွန်တော်တို့ ခွန်အားရလိမ့်မယ်” (၁၂)

ဂီတမှူးသို့။ “နှင်းပန်းသက်သေ” တေးသွားအတိုင်း သီဆိုရန်။ မစ်တမ်။* သွန်သင်တဲ့သီချင်း။ အာရံနဟာရိုင်နဲ့ အာရံဇောဘဒေသမှာ တိုက်ခိုက်ပြီးနောက်၊ ဆားချိုင့်ဝှမ်းမှာ ဧဒုံလူ ၁၂,၀၀၀ ကို ယွာဘ ကွပ်မျက်လိုက်တဲ့အခါ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+ ၆၀  အို ဘုရားသခင်၊ ကိုယ်တော်က ကျွန်တော်တို့ကို ပစ်ပယ်ခဲ့တယ်။ အကာအကွယ်တွေကို ဖြိုဖျက်ခဲ့တယ်။+ အမျက်တော်ရှခဲ့တယ်။ အခုတော့ ပြန်လက်ခံပေးပါ။  ၂  ကိုယ်တော်က ကမ္ဘာမြေကို တုန်ခါအက်ကွဲစေတယ်။ ပြိုကျနေတဲ့ ကမ္ဘာမြေရဲ့အက်ကွဲရာတွေကို ပြုပြင်ပေးပါ။  ၃  လူမျိုးတော်ကို အခက်အခဲ ကြုံတွေ့စေတယ်။ စပျစ်ဝိုင်တိုက်ပြီး ဒယိမ်းဒယိုင် ဖြစ်စေတယ်။+  ၄  ကိုယ်တော့်ကို ကြောက်ရွံ့သူတွေ မြားတွေ ရှောင်ကွင်းပြီး ထွက်ပြေးနိုင်ဖို့ အချက်ပြလှည့်ပါ။* (စဲလာ)  ၅  ကိုယ်တော်ချစ်ရသူတွေ ကယ်တင်ခံရဖို့ ညာလက်တော်နဲ့ ကယ်တင်ပြီး ပြန်ဖြေပေးလှည့်ပါ။+  ၆  သန့်ရှင်းတဲ့ ဘုရားသခင်က ပြောတယ်–* “ငါ အားရရွှင်လန်းမယ်။ ရှေခင်မြို့ကို အမွေအဖြစ် ငါပေးမယ်။+ သုကုတ် ချိုင့်ဝှမ်းလွင်ပြင်ကိုလည်း တိုင်းတာမယ်။+  ၇  ဂိလဒ်ပြည်ကို ငါပိုင်တယ်။ မနာရှေနယ်မြေကိုလည်း ပိုင်တယ်။+ ဧဖရိမ်နယ်မြေဟာ ငါခန့်အပ်တဲ့ ခေါင်းဆောင်ရဲ့ သံခမောက်ပဲ။ ယုဒပြည်ဟာ ငါခန့်အပ်တဲ့ ဘုရင်ရဲ့ တောင်ဝှေးပဲ။+  ၈  မောဘပြည်ကတော့ ငါ့ခြေဆေးခွက်ပါ။+ ဧဒုံပြည်အပေါ် ငါ့ဖိနပ်ကို ပစ်တင်မယ်။+ ဖိလိတိပြည်အပေါ် ငါအောင်သံလွှင့်မယ်။”+  ၉  ဝိုင်းရံခံနေရတဲ့မြို့ထဲ* ကျွန်တော့်ကို ဘယ်သူ ခေါ်သွားပေးမှာလဲ။ ဧဒုံပြည်အထိ ဘယ်သူ ပို့ဆောင်ပေးမှာလဲ။+ ၁၀  အို ဘုရားသခင်၊ ကျွန်တော်တို့ကို ပစ်ပယ်ထားတဲ့ ကိုယ်တော်ပဲ မဟုတ်လား။ အို ဘုရားသခင်၊ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့နဲ့အတူ မလိုက်ပါတော့တဲ့ ကိုယ်တော်ပဲ မဟုတ်လား။+ ၁၁  ကျွန်တော်တို့ ဒုက္ခရောက်ချိန်မှာ ကူညီပေးလှည့်ပါ။ လူတွေကယ်တင်မှာကို မျှော်လင့်နေတာ အကျိုးမရှိဘူး။+ ၁၂  ဘုရားသခင်ဆီကနေ ကျွန်တော်တို့ ခွန်အားရလိမ့်မယ်။+ ရန်သူတွေကို ဘုရား နင်းခြေပေးလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
“အချက်ပြခဲ့ပြီ” လည်းဖြစ်နိုင်။
“သန့်ရှင်းတဲ့အရပ်ကနေ ဘုရားပြောတယ်” လည်းဖြစ်နိုင်။
“ခံတပ်မြို့ထဲ” လည်းဖြစ်နိုင်။