ဆာလံ ၆၅:၁-၁၃

  • ကမ္ဘာမြေကို ဘုရားသခင် ဂရုစိုက်

    • “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ()

    • ‘ကိုယ်တော် ရွေးချယ်ထားတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့’ ()

    • ကောင်းမြတ်ခြင်းကျေးဇူး အလျှံပယ် (၁၁)

ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၆၅  အို ဘုရားသခင်၊ ဇိအုန်မှာ+ ချီးမွမ်းခြင်းက ကိုယ်တော့်ကို စောင့်ကြိုနေတယ်။ သစ္စာကတိပြုထားတဲ့အတိုင်း ကျွန်တော်တို့ လုပ်ဆောင်ပါ့မယ်။+  ၂  ဆုတောင်းသံကို နားထောင်တဲ့အရှင်၊ ကိုယ်တော့်ဆီကို လူအမျိုးမျိုး လာကြပါလိမ့်မယ်။+  ၃  အမှားတွေက ကျွန်တော့်ကို လွှမ်းမိုးထားတယ်။+ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပြစ်မှားမှုတွေကို ကိုယ်တော် ဖုံးအုပ်ပေးတယ်။+  ၄  တံတိုင်းတော်ထဲမှာနေဖို့ ကိုယ်တော်ရွေးချယ်ပြီး ဖိတ်ခေါ်ထားတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+ အိမ်တော်ဖြစ်တဲ့ သန့်ရှင်းတဲ့ဗိမာန်တော်မှာ+ ခံစားရတဲ့ ကောင်းမြတ်ခြင်းကြောင့်ကျွန်တော်တို့ ကျေနပ်ရလိမ့်မယ်။+  ၅  အို ကယ်တင်ရှင် ဘုရားသခင်၊ဖြောင့်မတ်ခြင်းနဲ့အညီ လုပ်ဆောင်တဲ့ အံ့မခန်းဖွယ် လုပ်ရပ်တွေနဲ့+ ကျွန်တော်တို့ကို ကိုယ်တော် အဖြေပေးပါလိမ့်မယ်။ ကိုယ်တော်ဟာ မြေတစ်ပြင်လုံးနဲ့ ပင်လယ်တစ်ပြင်လုံးမှာ နေထိုင်သူတွေရဲ့ ယုံကြည်အားထားရာပါ။+  ၆  ကိုယ်တော်က တောင်တန်းတွေကို တန်ခိုးနဲ့ အခိုင်အမာတည်စေတယ်။ ခွန်အားကို ဝတ်ဆင်ထားတယ်။+  ၇  ဟုန်းဟုန်းမြည်တဲ့ ပင်လယ်တွေ၊ ရိုက်ခတ်နေတဲ့ လှိုင်းလုံးတွေ၊+ လူမျိုးတွေရဲ့ ဆူပူအုံကြွမှုတွေကို ငြိမ်သက်စေတယ်။+  ၈  ဝေးခေါင်တဲ့ဒေသမှာ နေထိုင်သူတွေက ကိုယ်တော်ရဲ့ အံ့ဖွယ်အမှုတွေကြောင့် မှင်တက်သွားလိမ့်မယ်။+ ကိုယ်တော်က နေထွက်ရာအရပ်ကနေ နေဝင်ရာအရပ်အထိ နေထိုင်သူအားလုံးကို ရွှင်လန်းစွာ သီချင်းဆိုစေလိမ့်မယ်။  ၉  ဘုရားသခင်က ကမ္ဘာမြေကို ဂရုစိုက်တယ်။ မြေဆီမြေနှစ်တွေ ပြည့်စေပြီး အကြီးအကျယ် သီးပွင့်ဖြစ်ထွန်းစေတယ်။+ မြစ်ချောင်းကို ရေတွေပြည့်စေတယ်။ လူတွေအတွက် ကောက်နှံတွေ ပေါက်စေတယ်။+ ကမ္ဘာမြေကို အဲဒီလိုပြင်ဆင်ထားတယ်။ ၁၀  ထယ်ကြောင်းတွေကို စိုစွတ်စေတယ်၊ ထယ်ထိုးထားတဲ့ မြေကို ညီညာစေတယ်။ မိုးရွာပြီး မြေကို ပျော့ပျောင်းစေတယ်၊ ပေါက်လာတဲ့ အပင်တွေကို ကောင်းချီးပေးတယ်။+ ၁၁  တစ်နှစ်တာလုံးကို ကောင်းမြတ်ခြင်းသရဖူ ဆောင်းပေးတယ်။ ကိုယ်တော်သွားတဲ့ လမ်းကြောင်းမှာ ပေါများကြွယ်ဝမှုတွေ လျှံကျနေတယ်။+ ၁၂  တောကန္တာရမှာရှိတဲ့ စားကျက်မြေတွေ စိမ်းစိုနေတယ်။+ တောင်ကုန်းတွေလည်း ရွှင်လန်းခြင်းကို ဝတ်ဆင်ထားတယ်။+ ၁၃  စားကျက်မြေတွေမှာ သိုးအုပ်တွေ ပြည့်နေတယ်။ ချိုင့်ဝှမ်းတွေမှာ ကောက်နှံပင်တွေ ဖုံးလွှမ်းနေတယ်။+ သူတို့ အောင်သံလွှင့်ပြီး တေးသီနေတယ်။+

အောက်ခြေမှတ်ချက်များ