ဆာလံ ၆၉:၁-၃၆

  • ကယ်​တင်​ပေး​ဖို့ ဆုတောင်း​ချက်

    • ‘အိမ်​တော်​အတွက် စိတ်​ထက်​သန်​မှု ရင်​ထဲ တောက်​လောင်​နေ’ ()

    • “အမြန်​ဆုံး အဖြေပေး​လှည့်​ပါ” (၁၇)

    • “ဝိုင်​အချဉ်​ရည် တိုက်​တယ်” (၂၁)

ဂီ​တ​မှူး​သို့။ “နှင်း​ပန်း​တို့” တေး​သွား​အတိုင်း သီ​ဆို​ရန်။ ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။ ၆၉  အို ဘု​ရား​သခင်၊ ကယ်တင်​လှည့်​ပါ။ ရေတွေ​တက်​လာလို့ ကျွန်​တော် အသက်​ဆုံး​ရ​ပါ​တော့​မယ်။+  ၂  မြေမာ​မရှိ​တဲ့ နက်​ရှိုင်း​တဲ့ ရွှံ့​နွံ​ထဲ ကျွန်​တော် နစ်​မြုပ်​နေ​ပြီ။+ နက်​ရှိုင်း​တဲ့ ရေ​ထု​ထဲ ရောက်​နေ​ပြီ။ ရေ​စီး​သန်​တဲ့ ချောင်း​ထဲ မျော​ပါ​သွား​ပြီ။+  ၃  ကူ​မပေး​ဖို့ အော်ရ​လွန်း​လို့ မော​ဟိုက်​နေ​ပြီ။+ လည်​ချောင်း​တွေ အက်​ကွဲ​နေ​ပြီ။ ဘု​ရား​သခင်​ကို စောင့်​မျှော်ရ​လွန်း​လို့ မျက်​စိ​တွေ မှုန်​ဝါး​နေ​ပြီ။+  ၄  အကြောင်း​မရှိ​ဘဲ မုန်း​တီး​နေ​သူ​တွေ​ဟာ+ ခေါင်း​ပေါ်​က ဆံ​ပင်​တွေ​ထက်​တောင် များ​သေး​တယ်။ ကျွန်​တော့်​ကို ရှင်း​ပစ်​ချင်​သူ​တွေ၊သစ္စာ​ဖောက် ရန်​သူ​တွေ​လည်း ဒု​နဲ့​ဒေး​ပဲ။ ကျွန်​တော် မခိုး​တဲ့ ပစ္စည်းတွေ​ကို အတင်း​ပြန်​ပေး​ခိုင်း​ကြ​တယ်။  ၅  အို ဘု​ရား​သခင်၊ ကျွန်​တော်​မိုက်​မဲ​တာ ကိုယ်​တော်​သိ​ပါ​တယ်။ အပြစ်​တွေ​ကို​လည်း မမြင်​ဘဲ​မနေ​ပါ​ဘူး။  ၆  အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင်၊ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ၊ကိုယ်​တော့်​ကို မျှော်​လင့်​နေ​သူ​တွေ ကျွန်​တော့်​ကြောင့် အရှက်​မကွဲ​ပါ​စေ​နဲ့။ အစ္စရေး​တို့​ရဲ့ ဘု​ရား​သခင်၊ကိုယ်​တော့်​ကို ရှာ​ဖွေ​နေ​သူ​တွေ ကျွန်​တော့်​ကြောင့် အရှက်​မရ​ပါ​စေ​နဲ့။  ၇  ကိုယ်​တော့်​အတွက် ကျွန်​တော် ကဲ့ရဲ့​ခံ​နေ​ရ​တယ်။+ ရှက်​စိတ်​ကြောင့် မျက်​နှာ​မဖော်ရဲ​အောင် ဖြစ်​နေ​တယ်။+  ၈  ကျွန်​တော်​ဟာ ညီ​အစ်​ကို​တွေ​အတွက် သူ​စိမ်း​တစ်​ယောက်ဖြစ်​နေ​ပြီ။ မွေး​ချင်း​တွေ​အတွက် တိုင်း​တစ်ပါး​သား ဖြစ်​နေ​ပြီ။+  ၉  အိမ်​တော်​အတွက် စိတ်​ထက်​သန်​မှု​ဟာ ကျွန်​တော့်ရင်​ထဲ​မှာ တောက်​လောင်​နေ​တယ်။+ ကိုယ်​တော့်​ကို ကဲ့​ရဲ့​သူ​တွေ ကဲ့ရဲ့​တာ​ကို ကျွန်​တော် ခံ​နေ​ရ​တယ်။+ ၁၀  ကိုယ်​ကို​နှိမ့်​ချ​ပြီး* အစာ​ရှောင်​တဲ့​အခါကျွန်​တော် ကဲ့​ရဲ့​ခံ​ရ​တယ်။ ၁၁  အထည်​ကြမ်း* ဝတ်​ပြန်​တော့​လည်းသူတို့​အတွက် နှာ​ခေါင်း​ရှုံ့​စ​ရာ​ဖြစ်​နေ​တယ်။ ၁၂  ကျွန်​တော်​ဟာ မြို့​တံခါး​မှာ ထိုင်​တဲ့​သူ​တွေ​အတွက် ပြော​စ​ရာ​ ခေါင်း​စဉ် ဖြစ်​နေ​တယ်။ အရက်​သမား​တွေ​အတွက် သီချင်း​ဖွဲ့​စ​ရာ ဖြစ်​နေ​တယ်။ ၁၃  ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော် မျက်​နှာ​သာ​ပေး​တုန်း​မှာ+ ကျွန်​တော့် ဆုတောင်း​ချက်​တွေ ကိုယ်​တော့်​ဆီ ရောက်​ပါ​စေ။ အို ဘု​ရား​သခင်၊ ခိုင်​မြဲတဲ့​မေတ္တာ ကြီး​မား​လှ​တဲ့​အတွက် အဖြေပေး​လှည့်​ပါ။+ ကိုယ်​တော်​ဟာ စစ်​မှန်​တဲ့ ကယ်​တင်​ရှင်​ဖြစ်​လို့​ပါ။ ၁၄  ကျွန်​တော့်​ကို ရွှံ့​နွံ​ထဲ​က​နေ ကယ်​ဆယ်​ပါ။ ကျွန်​တော် မနစ်​မြုပ်​ပါ​ရ​စေ​နဲ့။ ကျွန်​တော့်​ကို​မုန်း​တဲ့​သူ​တွေရဲ့ ရန်က​နေ၊နက်​ရှိုင်း​တဲ့ ရေ​ထု​ထဲ​က​နေ ကယ်​တင်​ပါ။+ ၁၅  တစ်​ဟုန်​ထိုး စီး​ဆင်း​နေ​တဲ့ ရေ​ထဲ မျော​ပါ​မသွား​ပါ​ရ​စေ​နဲ့။+ နက်​ရှိုင်း​တဲ့ ရေ​ထု​ထဲ မနစ်​မြုပ်​ပါ​ရ​စေ​နဲ့။ တွင်း​ထဲ​မှာ မပိတ်​မိ​ပါ​ရ​စေ​နဲ့။+ ၁၆  အို ယေဟောဝါ၊ ကျွန်​တော့်​ကို​ အဖြေပေး​လှည့်​ပါ။ ခိုင်​မြဲတဲ့​မေတ္တာ​ဟာ ကောင်းမြတ်လှ​ပါ​တယ်။+ များ​ပြား​လှ​တဲ့ ကရု​ဏာ​ကို ထောက်​ပြီး လှည့်​ကြည့်​ပါ​ဦး။+ ၁၇  ကျွန်​တော်​မျိုး​ကို မျက်​နှာ​မလွှဲ​လိုက်​ပါ​နဲ့။+ ဒုက္ခရောက်​နေ​လို့ အမြန်​ဆုံး အဖြေပေး​လှည့်​ပါ။+ ၁၈  ကျွန်​တော့်​အနား လာ​ပြီး ကယ်​တင်​ပေး​ပါ။ ရန်​သူ​တွေ​လက်​က​နေ ရွေး​ယူ​ပေး​ပါ။ ၁၉  ကျွန်​တော် ကဲ့​ရဲ့​ခံ​ရ​တာ၊ အရှက်​တကွဲ​ အကျိုး​နည်း ဖြစ်​ခဲ့ရ​တာ​ကို+ ကိုယ်​တော် သိ​ပါ​တယ်။ ရန်​သူ​အားလုံး​ကို​လည်း တွေ့​ပါ​တယ်။ ၂၀  ကဲ့​ရဲ့​ခံ​ရလို့ ကျွန်​တော့်​နှလုံး ကွဲ​ကြေ​နေ​ပြီ။ ဒီ​ဒဏ်​ရာ ကု​လို့​မရ​ဘူး။ စာ​နာ​ပေး​မယ့်​သူ​ကို မျှော်​လင့်​ပေမဲ့ တစ်​ယောက်​မှ​မရှိ​ဘူး။+ နှစ်​သိမ့်​ပေး​မယ့်​သူ တစ်​ယောက်​မှ ရှာ​မတွေ့​ဘူး။+ ၂၁  ကျွန်​တော့်​ကို အစာ​မကျွေး​ဘဲ အဆိပ်​ကျွေး​တယ်။+ ရေ​ငတ်​တဲ့​အခါ ဝိုင်​အချဉ်​ရည် တိုက်​တယ်။+ ၂၂  သူတို့​ရဲ့​စား​ပွဲ​ဟာ သူတို့​အတွက် ထောင်​ချောက်​ဖြစ်​ပါ​စေ။ သူတို့​ရဲ့ ကြီး​ပွား​တိုး​တက်​မှု​ဟာ သူတို့​အတွက် ကျော့​ကွင်း​ဖြစ်​ပါစေ။+ ၂၃  သူတို့​မျက်​စိ​တွေ မမြင်​နိုင်​အောင် ကွယ်​သွား​ပါ​စေ။ တင်​ပါး​တွေ​လည်း တ​ဆတ်​ဆတ် တုန်​လှုပ်​ပါ​စေ။ ၂၄  သူတို့​အပေါ် အမျက်​တော် သွန်း​လောင်း​ပါ။ သူတို့​အပေါ် အမျက်​တော်​မီး ကျရောက်​ပါ​စေ။+ ၂၅  သူတို့​ရဲ့​တဲ​စ​ခန်း လူ​သူ​ကင်း​မဲ့​ပါ​စေ။ သူတို့​ရဲ့​တဲ​တွေ​မှာ နေ​ထိုင်​သူ​တစ်ယောက်​မှ မရှိ​ပါ​စေ​နဲ့။+ ၂၆  သူတို့​က ကိုယ်​တော် ရိုက်​နှက်​တဲ့​သူ​ကို လိုက်​ဖမ်း​ကြ​လို့​ပါ။ ကိုယ်​တော် ဒဏ်​ရာရ​စေ​သူ​တွေရဲ့ ဒုက္ခ​ဝေ​ဒ​နာ​အကြောင်း မြိန်​ရေ​ရှက်​ရေ ပြော​နေ​ကြ​လို့​ပါ။ ၂၇  သူတို့​ရဲ့​အပြစ်​ပေါ် အပြစ်​တွေ ထပ်​ဆင့်​လိုက်​ပါ။ ကိုယ်​တော်ရဲ့ ဖြောင့်​မတ်​မှု​ကို ခံစား​ခွင့်​မပေး​ပါ​နဲ့။ ၂၈  သူတို့​ကို အသက်​စာ​စောင်​က​နေ ပယ်​ဖျက်​လိုက်​ပါ။+ ဖြောင့်​မတ်​သူ​တွေ​နဲ့​အတူ စာ​ရင်း မဝင်​ပါ​စေ​နဲ့။+ ၂၉  ကျွန်​တော့်​မှာ​တော့ စိတ်​ဆင်း​ရဲ​ပြီး ရင်​နာ​နေ​တယ်။+ အို ဘု​ရား​သခင်၊ ကယ်​တင်​နိုင်​တဲ့​ တန်ခိုး​တော်​က ကျွန်​တော့်​ကို ကာ​ကွယ်​ပေး​ပါ​စေ။ ၃၀  ဘု​ရား​သခင်​ရဲ့ နာ​မည်​ကို ချီး​မွမ်း​သီချင်း​ဆို​မယ်။ ကိုယ်​တော့်​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​ပြီး ဂုဏ်​တင်​မယ်။ ၃၁  နွား​ထီး​ကို၊ ချို​တွေ၊ ခွာ​တွေ​ရှိ​တဲ့ နွား​ထီး​ပျို​ကို ပူ​ဇော်​တာထက်+ အဲဒီ​လို​ချီး​မွမ်း​တာ​ကို ယေဟောဝါ ပို​နှစ်​သက်​ပါ​လိမ့်​မယ်။ ၃၂  စိတ်​နူး​ညံ့​သူ​တွေ အဲ​ဒါ​ကို​မြင်​ပြီး ဝမ်း​မြောက်​ကြ​လိမ့်​မယ်။ ဘု​ရား​သခင်​ကို ရှာ​ဖွေ​နေ​သူတို့၊ မင်း​တို့​ရဲ့ရင်​ထဲ​မှာ အားအင်​ပြည့်​နေ​ပါ​စေ။ ၃၃  ယေဟောဝါ​က နွမ်း​ပါး​သူ​တွေရဲ့ စကား​ကို နား​ထောင်​ပေး​တယ်။+ သုံ့​ပန်း​ဘဝ​ရောက်​နေ​တဲ့ မိမိ​ရဲ့​လူ​တွေ​ကို အထင်​မသေး​ဘူး။+ ၃၄  ကောင်း​ကင်​နဲ့ မြေကြီး၊+ ပင်လယ်​နဲ့ ပင်လယ်​မှာ သွား​လာ​တဲ့​အရာ မှန်​သမျှ ဘု​ရား​ကို ချီး​မွမ်း​ကြ​ပါ။ ၃၅  ဇိ​အုန်​ကို ဘု​ရား​သခင် ကယ်​တင်​လိမ့်​မယ်။+ ယုဒ​ရဲ့​မြို့​တွေ​ကို ပြန်​တည်​ဆောက်​လိမ့်​မယ်။ အဲဒီ​မှာ သူတို့​နေ​ထိုင်​ပြီး ပြည်​ကို​အပိုင်​ရ​လိမ့်​မယ်။ ၃၆  အဲဒီ​ပြည်​ကို ကျွန်​တော်​မျိုး​ရဲ့ သား​စဉ်​မြေး​ဆက်​တွေ အမွေ​ရ​လိမ့်​မယ်။+ နာ​မတော်​ကို ချစ်မြတ်​နိုး​သူ​တွေ+ အဲဒီ​မှာ နေ​ထိုင်​ရ​လိမ့်​မယ်။

အောက်ခြေမှတ်ချက်များ

“ငို​ကြွေး​ပြီး” လည်း​ဖြစ်​နိုင်။
ခက်​ဆစ်​ကို​ကြည့်။