ဆာလံ ၇:၁-၁၇

  • ဖြောင့်​မတ်​တဲ့ တရား​သူကြီး ယေဟောဝါ

    • ‘အို ယေဟောဝါ၊ ကျွန်​တော့်​ကို တရား​စီရင်​ပေးပါ’ ()

ဗင်​ယာ​မိန်​အမျိုး​သား ကု​ရှ​ရဲ့​စကား​ကြောင့် ယေဟောဝါ​ဆီ ဒါဝိဒ်​သီ​ဆို​တဲ့ ငို​ချင်း။  အို ကျွန်​တော့်​ဘု​ရား ယေဟောဝါ၊ ကိုယ်​တော့်​ဆီ​မှာ ကျွန်​တော် ခိုလှုံ​ပါ​တယ်။+ ညှဉ်း​ပန်း​နှိပ်​စက်​သူ​တွေရဲ့ လက်​က​နေ ကယ်​ပါ​ဦး။+  ၂  မကယ်​ရင်​တော့ သူတို့​က ကျွန်​တော့်​ကို ခြင်္သေ့​ဆွဲ​ဖဲ့​သလို အပိုင်း​ပိုင်း ဆွဲ​ဖဲ့​ကြ​လိမ့်​မယ်။+ ကျွန်​တော့်​ကို ကိုက်​ဆွဲ​သွား​လို့ ကယ်​မယ့်​သူ ရှိ​မှာ မဟုတ်​ဘူး။  ၃  ကျွန်​တော့်​ဘု​ရား ယေဟောဝါ၊ ကျွန်​တော် အမှား​လုပ်​မိ​ခဲ့ရင်၊မတ​ရား​တာ လုပ်​မိ​ခဲ့ရင်၊  ၄  ကိုယ့်​အပေါ် ကောင်း​တဲ့​သူ​ကို အဆိုး​နဲ့ တုံ့​ပြန်​မိ​ခဲ့ရင်၊+ရန်​သူ​ကို အကြောင်း​မဲ့ လု​ယက်​မိ​ခဲ့ရင်၊  ၅  ကျွန်​တော့်​ကို ရန်​သူ ဖမ်း​မိ​ပါ​စေ။ ကျွန်​တော့်​အသက်​ကို မြေပေါ်​မှာ နင်း​ခြေ​ပစ်​ပါ​စေ။ ကျွန်​တော့်​ဂုဏ်​သိက္ခာ​ကို မြေမှုန့်​ထဲ​မှာ ဖျက်​ဆီး​ပစ်​ပါ​စေ။ (စဲ​လာ)  ၆  ယေဟောဝါ​ဘု​ရား၊ ဒေါသ​တ​ကြီး ထ​တော်​မူ​ပါ။ ဒေါသ​ထွက်​နေ​တဲ့ ရန်​သူ​တွေ​ကို တိုက်​ခိုက်​ဖို့ ထ​တော်​မူ​ပါ။+ နိုး​ထ​ပြီး ကျွန်​တော့်​အတွက် တ​ရား​သဖြင့်​စီ​ရင်​ဖို့ အမိန့်​ပေး​လိုက်​ပါ။+  ၇  ကိုယ်​တော့်​ဆီ လူမျိုး​တွေ ဝိုင်း​ရံ​လာ​ပါ​စေ။ အထက်​အရပ်​က​နေ သူတို့​ကို ကိုယ်​တော် တိုက်​ခိုက်​လိမ့်​မယ်။  ၈  လူ​တွေ​ကို ယေဟောဝါ ပြစ်​ဒဏ်​ ချ​မှတ်​လိမ့်​မယ်။+ အို ယေဟောဝါ၊ ကျွန်​တော် ဖြောင့်​မတ်​တဲ့​အတိုင်း၊သမာ​ဓိ​ရှိ​တဲ့​အတိုင်း တ​ရား​စီ​ရင်​ပေး​ပါ။+  ၉  လူ​ဆိုး​တွေရဲ့ ယုတ်​မာ​တဲ့ လုပ်​ရပ်တွေ​ကို အဆုံး​သတ်​ပေး​ပါ။ ဖြောင့်​မတ်​သူ​တွေ​ကို​တော့ ခိုင်​ခံ့​ မြဲမြံ​စေ​ပါ။+ ကိုယ်​တော်​ဟာ နှလုံး​သား​နဲ့+ အနက်​ရှိုင်း​ဆုံး ခံစား​ချက်​တွေ​ကို* စစ်​ဆေး​တဲ့+ ဖြောင့်​မတ်​တဲ့​ဘု​ရား​သခင် ဖြစ်​လို့​ပါ။+ ၁၀  ဘု​ရား​သခင်​ဟာ ငါ့​ဒိုင်း​လွှား​ပါ၊+ စိတ်​ရိုး​ဖြောင့်​သူ​တွေရဲ့ ကယ်​တင်​ရှင်​ပါ။+ ၁၁  ဘု​ရား​သခင်​ဟာ ဖြောင့်​မတ်​တဲ့ တရား​သူ​ကြီး​ပဲ။+ နေ့​တိုင်း တ​ရား​စီ​ရင်​ချက်​တွေ ချ​မှတ်​နေ​တယ်။ ၁၂  လူ​တွေ နောင်​တ​မယူ​ဘူး​ဆို​ရင်+ ဘုရား​က ဓား​ကို သွေး​လိမ့်​မယ်။+ လေး​ကို​တင်​ပြီး ချိန်​ရွယ်​လိမ့်​မယ်။+ ၁၃  သေစေ​နိုင်​တဲ့ လက်​နက်​တွေ​ကို ပြင်​ဆင်​ပြီးမီး​မြား​တွေ​ကို အသင့်​ပြင်​လိမ့်​မယ်။+ ၁၄  ဆိုး​သွမ်း​မှု​ကို ကိုယ်​ဝန်​ဆောင်​ထား​တဲ့​သူ​ကို ကြည့်​လိုက်​ပါ။ ဒုက္ခ​ကို ကိုယ်​ဝန်​လွယ်​ပြီး အလိမ်​အညာ​တွေ​ကို​သူ​မွေး​ဖွား​တယ်။+ ၁၅  တွင်း​ကို နက်​နက်​တူး​ပေမဲ့အဲဒီ​တွင်း​ထဲ ပြန်​ကျ​လိမ့်​မယ်။+ ၁၆  သူ​ဖန်​တီး​တဲ့​ဒုက္ခ​ဟာ သူ့​ခေါင်း​ပေါ် ပြန်​ရောက်​လိမ့်​မယ်။+ သူ​လုပ်​တဲ့ အကြမ်း​ဖက်​မှု​ဟာ သူ့​ငယ်​ထိပ်​ပေါ် ပြန်​ကျ​လိမ့်​မယ်။ ၁၇  ငါ​က​တော့ ယေဟောဝါ​ရဲ့ တ​ရား​မျှ​တ​မှု​ကြောင့် ဘု​ရား​ကို ချီး​မွမ်း​မယ်။+ အမြင့်​ဆုံး​အရှင်+ ယေဟောဝါ​ရဲ့ နာ​မည်​ကို ချီး​မွမ်း​သီချင်း​ဆို​မယ်။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ကျောက်​ကပ်​တွေ​ကို။”