ဆာလံ ၇၁:၁-၂၄

  • သက်ကြီးရွယ်အိုတွေရဲ့ အားကိုးရာ

    • ငယ်ငယ်ကတည်းက ဘုရားကို ယုံကြည်ကိုးစားခဲ့ ()

    • “အားအင် ဆုတ်ယုတ်သွားချိန်မှာ” ()

    • ‘ကျွန်တော့်ကို ငယ်ငယ်ကတည်းက ဘုရား သွန်သင်ပေး’ (၁၇)

၇၁  ယေဟောဝါဘုရား၊ ကိုယ်တော့်ဆီမှာ ခိုလှုံပါတယ်။ ကျွန်တော် ဘယ်တော့မှ အရှက်မကွဲပါရစေနဲ့။+  ၂  ကိုယ်တော်ရဲ့ ဖြောင့်မတ်မှုကို ထောက်ပြီး ကယ်တင်ပေးပါ။ ကူမပေးပါ။ နားကိုစွင့်ပြီး ကယ်တင်ပေးပါ။+  ၃  ကျွန်တော် အချိန်မရွေး ပြေးဝင်ခိုလှုံနိုင်တဲ့ ကျောက်သားခံတပ် ဖြစ်လှည့်ပါ။ ကျွန်တော့်ကို ကယ်တင်ဖို့ အမိန့်ပေးလှည့်ပါ။ ကိုယ်တော်ဟာ ကျွန်တော့်ရဲ့ ကျောက်ဆောင်၊ ကျွန်တော့်ရဲတိုက်ပါ။+  ၄  အို ဘုရားသခင်၊ လူဆိုးရဲ့လက်ကနေ၊+ မတရားဖိနှိပ်သူရဲ့ လက်ခုပ်ထဲကနေ ကျွန်တော့်ကို ကယ်တင်ပေးပါ။  ၅  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကိုယ်တော်ဟာ ကျွန်တော့်မျှော်လင့်ချက်ပါ။ ကျွန်တော်ငယ်ငယ်ကတည်းက ကိုယ်တော့်ကို ယုံကြည်ကိုးစားခဲ့ပါတယ်။+  ၆  မွေးကတည်းက ကိုယ်တော့်ကို မှီခိုအားထားခဲ့ပါတယ်။ အမေ့ဝမ်းထဲကနေ ကျွန်တော့်ကို ထုတ်ယူခဲ့သူဟာ ကိုယ်တော်ပါပဲ။+ ကိုယ်တော့်ကို အမြဲချီးမွမ်းပါတယ်။  ၇  ကျွန်တော်ဟာ လူတွေအတွက် အံ့သြစရာဖြစ်နေပြီ။ ဒါပေမဲ့ ကိုယ်တော်ဟာ ကျွန်တော့်ရဲ့ ခိုင်ခံ့တဲ့ ခိုလှုံရာပါ။  ၈  ကျွန်တော့်နှုတ်မှာ ကိုယ်တော့်ကို ချီးမွမ်းတဲ့ စကားတွေ အပြည့်ပါပဲ။+ ကိုယ်တော်ရဲ့ ခမ်းနားမြင့်မြတ်မှုအကြောင်း တစ်နေ့လုံး ပြောနေပါတယ်။  ၉  ကျွန်တော် အိုမင်းသွားချိန်မှာ မစွန့်ပစ်လိုက်ပါနဲ့။+ အားအင် ဆုတ်ယုတ်သွားချိန်မှာ မပစ်ထားလိုက်ပါနဲ့။+ ၁၀  ရန်သူတွေက ကျွန်တော့်မကောင်းကြောင်း ပြောနေကြပြီ။ ကျွန်တော့်အသက်ကို သတ်ချင်သူတွေ ပူးပေါင်းကြံစည်နေကြပြီ။+ ၁၁  “သူ့ကို ဘုရားသခင် စွန့်ပစ်လိုက်ပြီ။ ကယ်မယ့်သူ မရှိလောက်ဘူး။ သူ့ကို လိုက်ဖမ်းရအောင်”+ ဆိုပြီး ပြောနေကြတယ်။ ၁၂  အို ဘုရားသခင်၊ ကျွန်တော်နဲ့ ဝေးဝေးမနေပါနဲ့။ အို ဘုရားသခင်၊ အမြန်ဆုံး လာကူပါဦး။+ ၁၃  ကျွန်တော့်ကို ဆန့်ကျင်တဲ့သူတွေ အရှက်ကွဲပြီး ပျက်စီးသွားပါစေ။+ ကျွန်တော့်ကို ဒုက္ခရောက်အောင်လုပ်တဲ့သူတွေ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပါစေ။+ ၁၄  ကျွန်တော်ကတော့ ကိုယ်တော့်ကို အမြဲစောင့်မျှော်နေမယ်။ အရင်ကထက် ပိုချီးမွမ်းမယ်။ ၁၅  ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းနဲ့+ ကယ်တင်ခြင်းအကြောင်းကို တစ်နေ့လုံး ပြောနေမယ်။ အဲဒီအကြောင်းတွေဟာ ပြောမကုန်နိုင်အောင် များလှပါတယ်။+ ၁၆  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ကိုယ်တော်ရဲ့ တန်ခိုးကြီးလုပ်ရပ်တွေအကြောင်း ကျွန်တော် သွားပြောမယ်။ ကိုယ်တော်တစ်ပါးတည်းရဲ့ ဖြောင့်မတ်ခြင်းအကြောင်းကို ပြောမယ်။ ၁၇  အို ဘုရားသခင်၊ ကိုယ်တော်က ကျွန်တော့်ကို ငယ်ငယ်ကတည်းက သွန်သင်ပေးတယ်။+ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း အခုထိ ကျွန်တော် ပြောနေတုန်းပါပဲ။+ ၁၈  အို ဘုရားသခင်၊ ကျွန်တော် အိုမင်းပြီး ဆံပင်ဖြူသွားချိန်မှာ မစွန့်ပစ်လိုက်ပါနဲ့။+ နောက်မျိုးဆက်တွေကို ကိုယ်တော့်တန်ခိုးအကြောင်း၊နောင်လာနောက်သားတွေကို ကိုယ်တော်ရဲ့ အစွမ်းခွန်အားအကြောင်း ပြောပြချင်ပါတယ်။+ ၁၉  အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းဟာ ကောင်းကင်အထိ မြင့်မားလှတယ်။+ အို ဘုရားသခင်၊ ကြီးမြတ်တဲ့အရာတွေ ကိုယ်တော် လုပ်ဆောင်ခဲ့တယ်။ ကိုယ်တော်နဲ့ ဘယ်သူတူသလဲ။+ ၂၀  ကိုယ်တော်က ကျွန်တော့်ကို ဒုက္ခတွေ၊ ဘေးဆိုးတွေ အများကြီး ကြုံတွေ့စေခဲ့ပေမဲ့+ အခုတော့ ပြန်အားဖြည့်ပေးပါ။ မြေကြီးရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ဆွဲထုတ်ပေးပါ။+ ၂၁  ကျွန်တော့်ကို အရင်ကထက် ပိုကြီးမြတ်စေပါ။ ကျွန်တော့်ကို ခြံရံပြီး နှစ်သိမ့်ပေးပါ။ ၂၂  အို ဘုရားသခင်၊ ကြိုးတပ်တူရိယာကို တီးပြီး ကိုယ်တော်ရဲ့ သစ္စာတရားအကြောင်း ချီးမွမ်းမယ်။+ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်၊စောင်းတီးပြီး ကိုယ်တော့်ကို ချီးမွမ်းသီချင်းဆိုမယ်။ ၂၃  ရွှင်လန်းစွာဟစ်ကြွေးရင်း ချီးမွမ်းသီချင်းဆိုမယ်။+ ကိုယ်တော်က ကျွန်တော့်အသက်ကို ကယ်တင်ခဲ့လို့ပဲ။+ ၂၄  ကိုယ်တော်ရဲ့ ဖြောင့်မတ်မှုအကြောင်း တစ်နေ့လုံး ပြောနေမယ်။+ ကျွန်တော် ပျက်စီးရာပျက်စီးကြောင်း ရှာကြံနေသူတွေ အရှက်ကွဲပြီး ရှုတ်ချခံရမှာဖြစ်လို့ပဲ။+

အောက်ခြေမှတ်ချက်များ