ဆာလံ ၇၅:၁-၁၀

  • ဘုရား​သခင်​ရဲ့ တရား​စီရင်​ချက် မှန်​ကန်

    • လူ​ဆိုး​တွေ ယေဟောဝါ​ရဲ့​ခွက်​ကို သောက် ()

ဂီ​တ​မှူး​သို့။ “မဖျက်​ဆီး​လိုက်​ပါ​နဲ့” တေး​သွား​အတိုင်း သီ​ဆို​ရန်။ အာ​သပ်​စပ်​ဆို​တဲ့ သီချင်း။+ ၇၅  အို ဘု​ရား​သခင်၊ ကိုယ်​တော့်​ကို ကျွန်​တော်​တို့ ကျေး​ဇူး​တင် ချီး​မွမ်း​ပါ​တယ်။ ကျေး​ဇူး​တင် ချီး​မွမ်း​ပါ​တယ်။ နာ​မတော်​ဟာ ကျွန်​တော်​တို့​နဲ့​အတူ ရှိ​တယ်။+ လူ​တွေ​က ကိုယ်​တော်ရဲ့ အံ့​ဖွယ်​လုပ်​ဆောင်​မှု​တွေ​အကြောင်း ကြေ​ညာ​ကြ​တယ်။  ၂  ကိုယ်​တော်​က “တ​ရား​စီ​ရင်​မယ့်​အချိန်​ကို သတ်​မှတ်​ပြီး​နောက် တ​ရား​သဖြင့် ငါ​စီ​ရင်​မယ်။  ၃  ကမ္ဘာ​မြေရော ကမ္ဘာ​မြေပေါ် နေ​ထိုင်​သူ​တွေ​ပါ ကြောက်​စိတ်​နဲ့ အရည်​ပျော်​သွား​တဲ့​အခါကမ္ဘာ​မြေရဲ့​တိုင်​တွေ​ကို ခိုင်​မြဲစေ​ခဲ့​သူ​ဟာ ငါ​ပဲ” လို့​ပြော​တယ်။ (စဲ​လာ)  ၄  ကြွား​ဝါ​သူ​တွေ​ကို “မကြွား​နဲ့” လို့ ကျွန်​တော်​ပြော​တယ်။ လူ​ဆိုး​တွေ​ကို​လည်း ပြော​လိုက်​မယ်– “ကိုယ့်​အစွမ်း​ခွန်​အား​ကို* မချီး​မြှောက်​နဲ့။  ၅  ကိုယ့်​အစွမ်း​ခွန်​အား​ကို သိပ်​ပြီး ချီးမြှောက်​မနေ​နဲ့။ မောက်​မောက်​မာ​မာ မပြော​ကြ​နဲ့။   ၆  ချီး​မြှောက်​ခြင်း​ဆို​တာ အရှေ့​အရပ်၊ အနောက်​အရပ်၊တောင်​အရပ်​က​နေ လာ​တာ​မဟုတ်​ဘူး။  ၇  တ​ရား​သူ​ကြီး​ဖြစ်​တဲ့ ဘု​ရား​သခင်​က​သာ+တစ်​ယောက်​ကို နှိမ့်​ချ​ပြီး တစ်​ယောက်​ကို ချီး​မြှောက်​လိမ့်​မယ်။+  ၈  ယေဟောဝါ​ရဲ့​လက်​ထဲ​မှာ ခွက်​ဖလား ရှိ​တယ်။+ ခွက်​ထဲ​က ရော​စပ်​ထား​တဲ့ စ​ပျစ်​ဝိုင်​ဟာ အမြှုပ်​ထ​နေ​တယ်။ အဲဒီ​ဝိုင်​ကို ဘု​ရား​သွန်​ချ​တဲ့​အခါ ကမ္ဘာ​မြေပေါ်​က လူ​ဆိုး​တွေ တစ်​စက်​မကျန် သောက်​ရ​လိမ့်​မယ်။”+  ၉  ကျွန်​တော်​က​တော့ ဒီ​အကြောင်း​ကို ထာ​ဝ​စဉ်​ကြေ​ညာ​မယ်။ ယာကုပ်​ရဲ့​ဘု​ရား​သခင်​ကို ချီး​မွမ်း​သီချင်း​ဆို​မယ်။ ၁၀  “လူ​ဆိုး​တွေရဲ့ အစွမ်း​ခွန်​အား​ကို ငါ​ဖယ်​ရှား​မယ်။ ဖြောင့်​မတ်​သူ​တွေရဲ့ အစွမ်း​ခွန်​အား​ကို​တော့ တိုး​ပွား​စေ​မယ်” ဆို​ပြီး ဘု​ရား ပြော​ထား​လို့​ပဲ။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ဦး​ချို​ကို။”