ဆာလံ ၇၆:၁-၁၂

  • ဇိ​အုန်​ရဲ့​ရန်​သူ​တွေ​ကို ဘုရား​သခင် အောင်​ပွဲ​ခံ

    • စိတ်​နူး​ညံ့​သူ​ကို ဘုရား​သခင် ကယ်​တင် ()

    • မာ​န​ကြီး​တဲ့ ရန်​သူ​တွေ ချိုး​နှိမ်​ခံ​ရ (၁၂)

ဂီ​တ​မှူး​သို့။ ကြိုး​တပ်​တူ​ရိ​ယာ​နဲ့ တွဲ​ဖက်​သီ​ဆို​ရန်။ အာ​သပ်​စပ်​ဆို​တဲ့​သီချင်း။+ ၇၆  ယုဒ​ပြည်​မှာ ဘု​ရား​သခင်​ကို သိကြ​တယ်။+နာ​မတော်​ဟာ အစ္စရေး​ပြည်​မှာ ကျော်​ကြား​လှ​တယ်။+  ၂  ဆာ​လင်​မြို့​ဟာ+ ကိုယ်​တော့်​ နား​နေ​ရာ၊ဇိ​အုန်​ဟာ ဘု​ရားရဲ့​စံ​မြန်း​ရာ​ပဲ။+  ၃  အဲဒီ​မှာ ဘု​ရား​က ဝင်း​လက်​နေ​တဲ့ လေး​မြား၊ဒိုင်း​လွှား၊ ဓား​နဲ့ စစ်​လက်​နက်​တွေ​ကို ချိုး​ပစ်​တယ်။+ (စဲ​လာ)  ၄  ကိုယ်​တော်​ဟာ ထွန်း​လင်း တောက်​ပနေ​တယ်။ သား​ရဲတွေ ကျက်​စား​တဲ့ တောင်​တန်း​တွေ​ထက် ပို​ခံ့​ညား​ထည်​ဝါ​တယ်။  ၅  ရဲရင့်​တဲ့​သူ​တွေ လု​ယက်​ခံ​ရ​တယ်။+ သူတို့ အိပ်​မော​ကျ​သွား​တယ်။ စစ်​သည်​အားလုံး ခို​ကိုး​ရာ​မဲ့​နေ​တယ်။+  ၆  ယာကုပ်​ရဲ့​ဘု​ရား​သခင်၊ ကိုယ်​တော် ဆုံးမ​လိုက်​တဲ့​အတွက် မြင်း​ရ​ထား​မောင်း​သူ​ရော မြင်း​တွေ​ပါ အိပ်​မော​ကျ​ကုန်​ပြီ။+  ၇  ကိုယ်​တော် တစ်ပါး​တည်း​သာ ရိုသေခန့်​ညား​ဖွယ် ကောင်း​လှ​တယ်။+ အမျက်​တော်​ကို ဘယ်​သူ​ခံ​ရပ်​နိုင်​မှာ​လဲ။+  ၈  ကောင်း​ကင်​က​နေ တ​ရား​စီ​ရင်​ချက်​ကို ကိုယ်​တော် ကြေ​ညာ​တယ်။+ ကမ္ဘာ​မြေက ကြောက်​လန့်​ပြီး ငြိမ်သက်​သွား​တယ်။+  ၉  တ​ရား​စီ​ရင်​ဖို့၊ ကမ္ဘာ​ပေါ်​က စိတ်​နူး​ညံ့​သူ​အားလုံး​ကို ကယ်​တင်​ဖို့ဘု​ရား​သခင် ထ​လိုက်​တဲ့​အခါ ကမ္ဘာ​မြေဟာ အဲဒီ​လို​ဖြစ်​သွား​တယ်။+ (စဲ​လာ) ၁၀  လူ​တွေရဲ့​ဒေါသ​ဟာ ကိုယ်​တော့်​ကို ချီး​မွမ်း​ဖို့ ဖြစ်​သွား​လိမ့်​မယ်။+ ကိုယ်​တော်​က သူတို့​ရဲ့ ဒေါသ​လက်​ကျန်​နဲ့ ကိုယ်​ကို​အလှ​ဆင်​လိမ့်​မယ်။ ၁၁  ယေဟောဝါ​ဘု​ရား​ကို သစ္စာ​ကတိ​ပြု​ပြီး အဲဒီ​အတိုင်း လုပ်​ဆောင်​ကြပါ။+ ဘု​ရားရဲ့​ဝန်း​ကျင်​မှာ​ရှိ​သူတို့၊ ကြောက်​ရွံ့​တဲ့​စိတ်​နဲ့ လက်​ဆောင်​ယူ​လာ​ကြ​ပါ။+ ၁၂  ခေါင်း​ဆောင်​တွေရဲ့ မာ​န​ကို ဘု​ရား ချိုး​နှိမ်​လိမ့်​မယ်။ ကမ္ဘာ​ပေါ်​က ဘု​ရင်တွေ​ကို ကြောက်​စိတ်​ဝင်​စေ​မယ်။

အောက်ခြေမှတ်ချက်များ