ဆာလံ ၈၁:၁-၁၆

  • နာခံဖို့ နှိုးဆော်ချက်

    • တခြားဘုရားတွေကို မကိုးကွယ်နဲ့ ()

    • “ငါ့စကား နားထောင်စေချင်လိုက်တာ” (၁၃)

ဂစ်သစ်* နဲ့သက်ဆိုင်တဲ့ ဂီတမှူးသို့။ အာသပ်စပ်ဆိုတဲ့သီချင်း။+ ၈၁  ငါတို့ရဲ့ အစွမ်းတန်ခိုးဖြစ်တဲ့ ဘုရားသခင်အတွက် ရွှင်လန်းစွာ သီချင်းဆိုကြ။+ ယာကုပ်ရဲ့ ဘုရားသခင်ဆီ အောင်သံလွှင့်ကြ။  ၂  တေးသံစလိုက်ပါ။ ချူတပ်ဗုံကိုယူပြီး တီးလိုက်ပါ။ အသံသာတဲ့ စောင်းကိုရော ကြိုးတပ်တူရိယာကိုပါ တီးခတ်လိုက်ပါ။  ၃  လဆန်းနေ့မှာ၊ပွဲတော်ကျင်းပတဲ့ လပြည့်နေ့မှာ တံပိုးမှုတ်ကြ။+  ၄  ဒါဟာ အစ္စရေးတို့အတွက် အမိန့်ပဲ။ ယာကုပ်ကိုးကွယ်တဲ့ ဘုရားသခင်ရဲ့ ပြဋ္ဌာန်းချက်ပဲ။+  ၅  ဘုရားက အီဂျစ်ပြည်ကိုတိုက်ဖို့ ထွက်သွားတဲ့အခါ+ယောသပ်အတွက် သတိပေးချက်အဖြစ် ဒါကို ပြဋ္ဌာန်းပေးခဲ့တာ။+ ကျွန်တော် မသိတဲ့ အသံတစ်သံက ဒီလိုပြောနေတာကို ကြားခဲ့ရတယ်–  ၆  “သူ့ပခုံးပေါ်က ဝန်ထုပ်ကို ငါဖယ်ရှားပေးခဲ့တယ်။+ ခြင်းတောင်းကိုတောင် သူမသယ်ခဲ့ရဘူး။  ၇  မင်းတို့ဒုက္ခရောက်ပြီး ငါ့ကိုခေါ်တဲ့အခါ ငါကယ်တင်ခဲ့တယ်။+ မိုးကြိုးတိမ်တိုက်ထဲကနေ ငါပြန်ထူးခဲ့တယ်။+ မေရိဘ* စမ်းရေနားမှာ မင်းတို့ကို ငါစမ်းသပ်ခဲ့တယ်။+ (စဲလာ)  ၈  ငါ့လူတို့၊ နားထောင်ပါ။ မင်းတို့ကို ငါသက်သေပြမယ်။ အစ္စရေးတို့၊ မင်းတို့ကို ငါ့စကား နားထောင်စေချင်လိုက်တာ။+  ၉  အဲဒီလိုသာဆိုရင် မင်းတို့ဆီမှာ တခြားဘုရားရှိမှာ မဟုတ်ဘူး။ တိုင်းတစ်ပါးဘုရားကို မင်းတို့ ဦးညွှတ်ရမှာ မဟုတ်ဘူး။+ ၁၀  ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ အီဂျစ်ပြည်ကနေ မင်းတို့ကို ခေါ်ထုတ်လာတဲ့အရှင်ပဲ။+ ပါးစပ်ကို ကျယ်ကျယ်ဟထားကြပါ။ ငါအဝကျွေးမယ်။+ ၁၁  ဒါပေမဲ့ ငါ့လူတွေ ငါ့စကားကို နားမထောင်ကြဘူး။ အစ္စရေးက ငါ့ကို လက်အောက်မခံဘူး။+ ၁၂  ဒါကြောင့် ခေါင်းမာတဲ့ သူတို့ရဲ့စိတ်အလိုအတိုင်း လိုက်ဖို့ ငါခွင့်ပြုခဲ့တယ်။ သူတို့က ကိုယ်မှန်တယ်ထင်ရာ လုပ်ကြတယ်။+ ၁၃  ငါ့လူတွေကို ငါ့စကား နားထောင်စေချင်လိုက်တာ။+ အစ္စရေးကို ငါ့လမ်းစဉ်အတိုင်း လိုက်စေချင်လိုက်တာ။+ ၁၄  အဲဒီလိုသာဆိုရင် ရန်သူတွေကို ငါအမြန်ဆုံး နှိမ်နင်းပေးမှာ။ ရန်မူသူတွေကို ငါတိုက်ခိုက်ပေးမှာ။+ ၁၅  ယေဟောဝါကို မုန်းတဲ့သူတွေဟာ ရှေ့တော်မှာ ဝပ်တွားနေရလိမ့်မယ်။ သူတို့ရဲ့ ဒုက္ခနေ့ရက်တွေ ထာဝစဉ်တာရှည်လိမ့်မယ်။ ၁၆  ငါ့လူတွေကိုတော့ အကောင်းဆုံးဂျုံကို ကျွေးမယ်။+ ကျောက်ဆောင်ထဲကထွက်တဲ့ ပျားရည်ကို အဝကျွေးမယ်။”+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
အဓိပ္ပာယ်၊ “ရန်ရှာခြင်း။”