ဆာလံ ၈၂:၁-၈

  • မျှ​မျှ​တ​တ စီရင်​ပေး​ဖို့​လို

    • “ဘုရားတွေ​ရဲ့ အလယ်​မှာ” ဘုရား​သခင် တရား​စီရင် ()

    • ‘နိမ့်​ကျ​သူ​တွေ​ကို ခု​ခံ​ကာ​ကွယ်​ကြ​ပါ’ ()

    • “မင်း​တို့​ဟာ ဘုရားတွေ​ပဲ” ()

အာ​သပ်​စပ်​ဆို​တဲ့ သီချင်း။+ ၈၂  ဘု​ရား​သခင်​က သန့်​ရှင်း​မြင့်မြတ်​တဲ့ ညီ​လာ​ခံ​မှာ နေ​ရာ​ယူတယ်။+ ဘု​ရားတွေ​အလယ်​မှာ တ​ရား​စီ​ရင်​တယ်-+  ၂  “မင်း​တို့​က ဘယ်​လောက်​ကြာ​ကြာ မတ​ရား​သဖြင့် စီ​ရင်​ပြီး+လူ​ဆိုး​တွေ​ကို မျက်​နှာ​လိုက်​နေ​မှာ​လဲ။+ (စဲ​လာ)  ၃  နိမ့်​ကျ​သူ​တွေ၊ ဖတ​ဆိုး​တွေ​ဘက်​က​နေ ခု​ခံ​ကာ​ကွယ်​ကြ​ပါ။+ ခို​ကိုး​ရာ​မဲ့​သူ​တွေ၊ မွဲ​တေ​နေ​သူ​တွေ​အတွက် တ​ရား​သဖြင့် စီ​ရင်​ကြ​ပါ။+  ၄  နိမ့်​ကျ​သူ​တွေ၊ နွမ်း​ပါး​သူ​တွေ​ကို ကယ်​တင်​ပါ။ သူတို့​ကို လူ​ဆိုး​တွေရဲ့ လက်​က​နေ ကယ်​တင်​ပါ” လို့​ပြော​တယ်။  ၅  အဲဒီ​ဘု​ရားတွေ​က မသိ​နား​မလည်​ဘဲ+ မှောင်​မိုက်​ထဲ​မှာ လျှောက်​သွား​နေ​တယ်။ ကမ္ဘာ​မြေရဲ့ အုတ်​မြစ်​တွေ ယိမ်း​ယိုင်​နေ​တယ်။+  ၆  “ငါ​ပြော​မယ်– ‘မင်း​တို့​ဟာ ဘု​ရားတွေ​ပဲ။+ မင်း​တို့​အားလုံး​ဟာ အမြင့်​ဆုံး​အရှင်​ရဲ့ သား​တွေ​ပဲ။  ၇  ဒါ​ပေမဲ့ လူ​တွေ​လို​ပဲ မင်း​တို့​ သေရ​လိမ့်​မယ်။+ တ​ခြား​မင်း​ညီ​မင်း​သား​တွေ​လို​ပဲ ကျ​ဆုံး​ရ​လိမ့်​မယ်။’”+  ၈  အို ဘု​ရား​သခင်၊ ထ​တော်​မူ​ပါ။ ကမ္ဘာ​မြေကို တ​ရား​စီ​ရင်​တော်​မူ​ပါ။+ လူမျိုး​အားလုံး​ကို ကိုယ်​တော် ပိုင်​ဆိုင်​ပါ​တယ်။

အောက်ခြေမှတ်ချက်များ