ဆာလံ ၈၄:၁-၁၂

  • ခမ်းနားလှတဲ့ တဲတော်ကို တမ်းတ

    • ငှက်နဲ့တူချင်တဲ့ လေဝိအမျိုးသား ()

    • “ရင်ပြင်တော်မှာနေရတဲ့ တစ်ရက်တာ” (၁၀)

    • ‘ဘုရားသခင်ဟာ နေမင်း၊ ဒိုင်းလွှားပါ’ (၁၁)

ဂစ်သစ်* နဲ့သက်ဆိုင်တဲ့ ဂီတမှူးသို့။ ကောရရဲ့ သားမြေးတွေ စပ်ဆိုတဲ့သီချင်း။+ ၈၄  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ၊ခမ်းနားလှတဲ့ တဲတော်ကို ချစ်မြတ်နိုးလိုက်တာ။+  ၂  ယေဟောဝါရဲ့ ရင်ပြင်တော်ကို တမ်းတရလွန်းလို့ ကျွန်တော် နွမ်းလျနေပါပြီ။+ အသက်ရှင်တဲ့ ဘုရားသခင်ကို စိတ်ရောကိုယ်ပါ ရွှင်လန်းစွာ ချီးမွမ်းသီချင်းဆိုပါတယ်။  ၃  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ၊ကျွန်တော့်ဘုရင်၊ ကျွန်တော့်ဘုရားသခင်၊ငှက်တွေတောင် အိမ်တော်မှာ နေစရာရှိပါတယ်။ ပျံလွှားကလည်း ခမ်းနားလှတဲ့ ပူဇော်ရာပလ္လင်နားမှာ အသိုက်ဆောက်ပြီးသားပေါက်တွေကို စောင့်ရှောက်ပါတယ်။  ၄  အိမ်တော်မှာ နေထိုင်သူတွေပျော်ရွှင်ချမ်းမြေ့တယ်။+ ကိုယ်တော့်ကို အမြဲချီးမွမ်းနိုင်ကြတယ်။+ (စဲလာ)  ၅  ကိုယ်တော့်ဆီကနေ အစွမ်းခွန်အားရသူတွေ၊+ အိမ်တော်ကိုသွားဖို့ စိတ်ပြင်းပြနေသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။  ၆  ခြောက်သွေ့တဲ့ ဘာကာချိုင့်ဝှမ်းကို ဖြတ်လျှောက်သွားရတာတောင်အဲဒီနေရာကို စမ်းရေထွက်တဲ့နေရာလို့ သူတို့ယူမှတ်ကြတယ်။ မိုးဦးကျချိန်မှာ အဲဒီချိုင့်ဝှမ်းဟာ ကောင်းချီးတွေနဲ့ လွှမ်းခြုံသွားတယ်။*  ၇  အားသစ်အင်သစ်တွေနဲ့ သူတို့လျှောက်လာကြတယ်။+ ဇိအုန်မှာရှိတဲ့ ဘုရားသခင်ရှေ့ ရောက်လာကြတယ်။  ၈  ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါ၊ ကျွန်တော့်ရဲ့ ဆုတောင်းချက်ကို ကြားလှည့်ပါ။ ယာကုပ်ရဲ့ ဘုရားသခင်၊ နားထောင်ပေးလှည့်ပါ။ (စဲလာ)  ၉  ကြည့်လိုက်ပါ၊ ကျွန်တော်တို့ရဲ့ ဒိုင်းလွှားပဲ၊+ ကျွန်တော်တို့ရဲ့ ဘုရားသခင်ပဲ။* ဘိသိက်ပေးထားသူကို မျက်နှာသာပြလှည့်ပါ။+ ၁၀  တံတိုင်းတော်ထဲမှာ နေရတဲ့ တစ်ရက်တာဟာ တခြားနေရာမှာ နေရတဲ့ ရက်ပေါင်းတစ်ထောင်ထက် သာလွန်ပါတယ်။+ လူဆိုးတွေရဲ့တဲမှာ နေမယ့်အစား ဘုရားသခင့်အိမ်တော်မှာ တံခါးစောင့်လုပ်ဖို့ပဲ ရွေးချယ်ပါတယ်။ ၁၁  ယေဟောဝါဘုရားဟာ ကျွန်တော်တို့ရဲ့ နေမင်း၊+ ကျွန်တော်တို့ရဲ့ ဒိုင်းလွှားပါ။+ ဘုရားက မျက်နှာသာနဲ့ ဂုဏ်ကျက်သရေကို ပေးသနားတယ်။ ယေဟောဝါက သမာဓိရှိတဲ့လမ်းစဉ်မှာ လျှောက်လှမ်းသူတွေကို ကောင်းမွန်ရာတွေ မပေးဘဲ မနေဘူး။+ ၁၂  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ၊ကိုယ်တော့်ကို ယုံကြည်ကိုးစားသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
“သွန်သင်သူဟာ ကိုယ့်ကိုယ်ကိုယ် ကောင်းချီးတွေနဲ့ လွှမ်းခြုံထားတယ်” လည်းဖြစ်နိုင်။
“အို ဘုရားသခင်၊ ကျွန်တော်တို့ရဲ့ ဒိုင်းလွှားကို ကြည့်လှည့်ပါ” လည်းဖြစ်နိုင်။