ဆာလံ ၈၇:၁-၇

  • စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ မြို့​တော် ဇိ​အုန်

    • ဇိ​အုန်​မှာ မွေး​လာ​သူ​တွေ (၄-၆)

ကော​ရရဲ့​သား​မြေး​တွေ စပ်​ဆို​တဲ့​သီချင်း။+ ၈၇  သန့်​ရှင်း​တဲ့​တောင်​ပေါ်​မှာ ဘုရား​သခင့်​မြို့​တော်ရဲ့ အုတ်​မြစ် တည်​ရှိ​တယ်။+  ၂  ယေဟောဝါ​က ဇိ​အုန်​မြို့​တံခါး​တွေ​ကိုယာကုပ်​ရဲ့​တဲ​တွေ​ထက် ချစ်မြတ်​နိုး​တယ်။+  ၃  စစ်​မှန်​တဲ့​ဘု​ရား​သခင်​ရဲ့ မြို့​တော်၊ မင်း​နဲ့​ပတ်​သက်​ပြီး ချီး​မွမ်း​စကား​တွေ ပြော​နေ​ကြ​တယ်။+ (စဲ​လာ)  ၄  ငါ့​ကို​သိ​သူ​တွေ စာ​ရင်း​ထဲ​မှာ​ ရာခပ်​နဲ့*+ ဗာ​ဗု​လုန်​ကို ထည့်​မယ်။ ဖိ​လိ​တိ၊ တိုင်​ရာ​နဲ့ ကု​ရှ​လည်း* ရှိ​တယ်။ “သူတို့​ဟာ ဇိ​အုန်​မှာ မွေး​ဖွား​လာ​တဲ့​သူ​တွေ​ပဲ” လို့ ပြော​ကြ​လိမ့်​မယ်။  ၅  ဇိ​အုန်​အကြောင်း ပြော​တဲ့​အခါ“သူတို့​အားလုံး​ကို ဒီ​မှာ မွေး​တာ” ဆို​ပြီး ပြော​ကြ​လိမ့်​မယ်။ အမြင့်​ဆုံး​အရှင်​က ဒီ​မြို့​ကို ခိုင်​ခံ့​မြဲမြံ​စေ​လိမ့်​မယ်။  ၆  လူ​တွေ​ကို စာ​ရင်း​ကောက်​တဲ့​အခါ ယေဟောဝါ​က“သူတို့​ဟာ ဇိ​အုန်​မှာ မွေး​ဖွား​လာ​တဲ့​သူ​တွေ​ပဲ” လို့ ကြေ​ညာ​လိမ့်​မယ်။ (စဲ​လာ)  ၇  သီချင်း​သည်​တွေ၊+ ဝိုင်း​ပတ်​က​ခုန်​သူ​တွေ​က+“ငါ​ခံစား​ရ​တဲ့ ကောင်း​ချီး​အားလုံး ဇိ​အုန်​က​နေ စီး​ဆင်း​လာ​တယ်”+ လို့​ပြော​ကြ​လိမ့်​မယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “အီသီယိုး​ပီးယား။”