ဆာလံ ၉:၁-၂၀

  • ဘုရား​ရဲ့ အံ့​ဖွယ်​လုပ်​ဆောင်​မှု​တွေ​ကို ကြေ​ညာ

    • လုံ​ခြုံ​တဲ့​ခိုလှုံ​ရာ ယေဟောဝါ ()

    • နာ​မတော် သိ​တယ်​ဆို​တာ ဘုရား​ကို ယုံ​ကြည်​ကိုးစား​တာ​ဖြစ် (၁၀)

မတ်​လာ​ဘန်* နဲ့​သက်​ဆိုင်​တဲ့ ဂီ​တ​မှူး​သို့။ ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။ א  အို ယေဟောဝါ၊ ကိုယ်တော့်​ကို  လှိုက်​လှိုက်​လှဲ​လှဲ ချီး​မွမ်း​ မယ်။ အံ့​ဖွယ်​လုပ်​ဆောင်​မှု​တွေ​အကြောင်း ပြော​ပြမယ်။+  ၂  အမြင့်​ဆုံး​အရှင်၊ ကိုယ်​တော်​ကြောင့် ကျွန်​တော် ဝမ်း​မြောက်​ရွှင်​လန်း​ပြီးနာ​မတော်​ကို ချီး​မွမ်း​သီချင်း​ဆို​မယ်။+ ב  ၃  ရန်​သူ​တွေ လှည့်​ပြေး​သွား​တဲ့​အခါ+တိုက်​မိ​လဲ​ပြီး ရှေ့​တော်​မှာ ပျက်​စီး​သွား​လိမ့်​မယ်။  ၄  ကိုယ်​တော်​က ရာ​ဇ​ပလ္လင်​ပေါ် ထိုင်​ပြီး ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​တဲ့​အခါကျွန်​တော့်​အမှု​ကို တ​ရား​သဖြင့် စီရင်​ပေး​တယ်။+ ג  ၅  ကိုယ်​တော်​ဟာ လူမျိုး​တွေ​ကို ပြစ်​တင်​ဆုံးမ​ပြီး+ လူ​ဆိုး​တွေ​ကို ဖျက်​ဆီး​ပစ်​တယ်။ သူတို့​ရဲ့​နာ​မည်​ကို အစဉ်​ထာ​ဝ​ရ ကွယ်​ပျောက်​စေ​တယ်။  ၆  ရန်​သူ​တွေ ထာ​ဝ​စဉ် ဖျက်​ဆီး​ခံရပြီ။ သူတို့​မြို့​တွေ​ကို ကိုယ်​တော် မြေလှန်​ပစ်​ပြီ။ သူတို့​နဲ့​ပတ်​သက်​တဲ့ အမှတ်​ရ​စရာ​အားလုံး ပျက်​စီး​သွား​လိမ့်​မယ်။+ ה  ၇  ယေဟောဝါ​က​တော့ ထာ​ဝ​စဉ် နန်း​ထိုင်​ပြီ။+ တ​ရား​သဖြင့်  စီ​ရင်​ဖို့  ရာ​ဇ​ပလ္လင်​ကို  အခိုင်​အမာ​ တည်​ထားပြီ။+  ၈  ဘု​ရား​က ကမ္ဘာ​မြေကို ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ပြီး+လူမျိုး​တွေ​ကို ဖြောင့်​မတ်​စွာ စီ​ရင်​ဆုံး​ဖြတ်​လိမ့်​မယ်။+ ו  ၉  ယေဟောဝါ​ဟာ ဖိ​နှိပ်​ခံ​ရ​သူ​တွေ​အတွက် လုံ​ခြုံ​တဲ့​ခိုလှုံ​ရာ ဖြစ်​လိမ့်​မယ်။+ ဒုက္ခရောက်​ချိန်​မှာ လုံ​ခြုံ​တဲ့​ခိုလှုံ​ရာ ဖြစ်​လိမ့်​မယ်။+ ၁၀  ယေဟောဝါ​ဘု​ရား၊ နာ​မတော်​ကို​သိ​တဲ့​သူ​တွေ ကိုယ်​တော့်​ကို ယုံ​ကြည်​ကိုး​စား​ကြ​လိမ့်​မယ်။+ ကိုယ်​တော့်​ကို ရှာ​တဲ့​သူ​တွေ​ကို ကိုယ်​တော် ဘယ်​တော့​မှ မစွန့်​ပစ်​ဘူး။+ ז ၁၁  ဇိ​အုန်​မှာ စံ​မြန်း​တဲ့ ယေဟောဝါ​ကို ချီး​မွမ်း​သီချင်း​ဆို​ကြ​ပါ။ ဘု​ရားရဲ့​လုပ်​ဆောင်​မှု​တွေ​အ​ကြောင်း လူ​တွေ​ကို ပြော​ကြ​ပါ။+ ၁၂  သူတို့​ရဲ့​သွေး​အတွက် လက်​စား​ချေ​ပေး​တဲ့​အရှင်​က သူတို့​ကို သတိ​ရ​လိမ့်​မယ်။+ ဒုက္ခရောက်​သူ​တွေ အော်​ဟစ်​တာ​ကို ဘု​ရား​က မေ့​လျော့​မှာ​မဟုတ်​ဘူး။+ ח ၁၃  ယေဟောဝါ​ဘု​ရား၊ ကျွန်​တော့်​ကို မျက်​နှာ​သာ​ပေး​လှည့်​ပါ။ မလို​မုန်း​ထား​သူ​တွေရဲ့ ဖိ​နှိပ်​မှု​ကို မြင်​လှည့်​ပါ။ ကျွန်​တော့်​ကို သေခြင်း​တံခါး​ဝ​ က​နေ ပြန်​ထူ​ပေး​တာ ကိုယ်​တော်​ပါ။+ ၁၄  ဒါ​ကြောင့် ချီး​မွမ်း​ထိုက်​တဲ့​ ကိုယ်တော့်​လုပ်​ဆောင်​မှု​တွေ​အကြောင်း ဇိ​အုန်​သမီး​ပျို​ရဲ့ တံခါး​တွေ​မှာ ကြေ​ညာ​မယ်။+ ကယ်​တင်​ခြင်း ကျေး​ဇူး​ကြောင့် ဝမ်း​မြောက်​ပါ့​မယ်။+ ט ၁၅  လူမျိုး​တွေ​ဟာ ကိုယ်​တူး​တဲ့​တွင်း​ထဲ ပြန်​ကျ​ကုန်​ပြီ။ သူတို့​ခြေ​လည်း ကိုယ်​ဆင်​တဲ့​ ထောင်​ချောက်​ထဲ ပြန်​မိ​သွားပြီ။+ ၁၆  ယေဟောဝါ​ဟာ တ​ရား​စီ​ရင်​ချက်​တွေ​ကြောင့် ထင်​ရှား​တယ်။+ လူ​ဆိုး​တွေ ကိုယ့်​အတတ်​နဲ့ ကိုယ်​စူး​နေ​ပြီ။+ ဟစ်​ဂေး​ယန်။* (စဲ​လာ) י ၁၇  ဘု​ရား​သခင်​ကို​မေ့​တဲ့ လူမျိုး​တွေ​နဲ့ လူ​ဆိုး​တွေ​ဟာသင်္ချိုင်း​ကို သွား​ရ​လိမ့်​မယ်။ ၁၈  ဆင်း​ရဲ​သား​တွေ​က​တော့ ဘယ်​တော့​မှ မေ့​လျော့​ခံ​ရ​မှာ မဟုတ်ဘူး။+ စိတ်​နူး​ညံ့​သူ​တွေရဲ့ မျှော်​လင့်​ချက်​ဟာ ဘယ်​တော့​မှ ပျက်​စီး​မှာ မဟုတ်​ဘူး။+ כ ၁၉  ယေဟောဝါ​ဘု​ရား၊ ထ​တော်​မူ​ပါ။ သေမျိုး​ဖြစ်​တဲ့​လူ​တွေ အောင်​နိုင်​ခွင့်​မရ​ပါ​စေ​နဲ့။ ရှေ့​တော်​မှာ လူမျိုး​တွေ တ​ရား​ စီ​ရင်​ခံ​ရ​ပါ​စေ။+ ၂၀  ယေဟောဝါ​ဘု​ရား၊ လူမျိုး​တွေ​ကို ကြောက်​လန့်​စေ​ပါ။+ သူတို့​ဟာ သေမျိုး​တွေ​ပဲ​ဆို​တာ သူတို့ သိ​ပါ​စေ။ (စဲ​လာ)

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။