ဆာလံ ၉၇:၁-၁၂

  • ဘုရားတကာထက် ယေဟောဝါ ချီးမြှောက်ခံရ

    • “ယေဟောဝါ ဘုရင်ဖြစ်ပြီ” ()

    • ယေဟောဝါကို ချစ်ပါ၊ မကောင်းမှုကို မုန်းပါ (၁၀)

    • ဖြောင့်မတ်သူအတွက် အလင်း (၁၁)

၉၇  ယေဟောဝါ ဘုရင် ဖြစ်ပြီ။+ ကမ္ဘာမြေ ရွှင်လန်းပါစေ။+ ကျွန်းအပေါင်းတို့ ဝမ်းမြောက်ပါစေ။+  ၂  တိမ်တိုက်တွေ၊ တိမ်ထုတွေဘုရားကို ခြံရံထားတယ်။+ ဖြောင့်မတ်ခြင်းနဲ့ တရားမျှတခြင်းဟာ ရာဇပလ္လင်တော်ရဲ့ အုတ်မြစ်ပဲ။+  ၃  မီးလျှံတွေ ရှေ့တော်ကနေ ထွက်လာတယ်။+ ဝိုင်းရံနေတဲ့ ရန်သူတွေကို ဝါးမျိုပစ်တယ်။+  ၄  ဘုရားဆီက လျှပ်စီးတွေကြောင့် မြေတစ်ခွင်လုံး လင်းလက်သွားတယ်။ ဒါကိုမြင်ပြီး ကမ္ဘာမြေ တုန်လှုပ်သွားတယ်။+  ၅  ယေဟောဝါရှေ့မှာ၊ မြေတစ်ပြင်လုံးကို ပိုင်စိုးတဲ့ သခင်ရှေ့မှာတောင်တန်းတွေ ဖယောင်းလို အရည်ပျော်သွားတယ်။+  ၆  ကောင်းကင်က ဘုရားရဲ့ ဖြောင့်မတ်ခြင်းအကြောင်း ကြေညာတယ်။ ဘုန်းတန်ခိုးတော်ကို လူအားလုံး ဖူးမြင်ရတယ်။+  ၇  ရုပ်တုကိုးကွယ်သူတွေ၊အသုံးမဝင်တဲ့ ဘုရားတွေအကြောင်း+ ဝါကြွားနေသူတွေ အရှက်ခွဲခံရပါစေ။+ ဘုရားအပေါင်းတို့၊ ကိုယ်တော့်ကို ဦးချကြပါ။+  ၈  ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေအကြောင်း+ဇိအုန်က ကြားပြီး ဝမ်းမြောက်တယ်။+ ယုဒရဲ့မြို့တွေလည်း ရွှင်လန်းတယ်။  ၉  အို ယေဟောဝါ၊ ကိုယ်တော်ဟာ မြေတစ်ခွင်လုံးမှာ အမြင့်ဆုံးအရှင်ပါ။ တခြားဘုရားတွေထက် အဆမတန် မြင့်မြတ်တယ်။+ ၁၀  ယေဟောဝါကို ချစ်မြတ်နိုးသူတို့၊ မကောင်းမှုကို မုန်းကြပါ။+ ဘုရားက သစ္စာစောင့်သိသူတွေရဲ့ အသက်ကို စောင့်ရှောက်တယ်။+ လူဆိုးတွေလက်ကနေ သူတို့ကိုကယ်တင်တယ်။+ ၁၁  ဖြောင့်မတ်သူအပေါ် အလင်းထွန်းလင်းတယ်။+ စိတ်ရိုးဖြောင့်သူအပေါ် ဝမ်းမြောက်ခြင်း သက်ရောက်တယ်။ ၁၂  ဖြောင့်မတ်သူတို့၊ ယေဟောဝါကြောင့် ဝမ်းမြောက်ကြပါ။ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို ကျေးဇူးတင်ချီးမွမ်းကြပါ။

အောက်ခြေမှတ်ချက်များ