ဇာခရိ ၁:၁-၂၁

  • ပြန်လှည့်လာဖို့ ယေဟောဝါ ဖိတ်ခေါ် (၁-၆)

    • ‘ငါ့ဆီ ပြန်လှည့်လာကြ။ ငါလည်း မင်းတို့ဆီ ပြန်လှည့်လာမယ်’ ()

  • စိတ်အာရုံ ၁– မုရတုပင်ကြားက မြင်းစီးသူရဲများ (၇-၁၇)

    • “ယေဟောဝါက ဇိအုန်ကို ပြန်နှစ်သိမ့်မယ်” (၁၇)

  • စိတ်အာရုံ ၂– ဦးချိုလေးချောင်း၊ ပန်းပဲဆရာလေးယောက် (၁၈-၂၁)

၁  ဒါရိမင်းနန်းစံ ဒုတိယနှစ်၊+ ၈ လပိုင်းမှာ အိဒေါရဲ့မြေး၊ ဗေရခိရဲ့သား ပရောဖက် ဇာခရိ*+ ဆီကို ယေဟောဝါရဲ့စကားတော် ရောက်လာတယ်– ၂  “မင်းတို့ရဲ့ဘိုးဘေးတွေကို ငါယေဟောဝါ တအားအမျက်ထွက်တယ်။+ ၃  “သူတို့ကို ပြောလိုက်– ‘ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက “‘ငါ့ဆီ ပြန်လှည့်လာကြ။’ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတဲ့ စကားပဲ။ ‘ငါလည်း မင်းတို့ဆီ ပြန်လှည့်လာမယ်’+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။”’ ၄  “‘မင်းတို့ရဲ့ ဘိုးဘေးတွေလို မလုပ်ကြနဲ့။ အရင်ပရောဖက်တွေက သူတို့ကို “‘မကောင်းတဲ့လမ်းစဉ်တွေ၊ မကောင်းတဲ့အကျင့်တွေကို စွန့်ပစ်ပြီး ပြန်လှည့်လာကြ’+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်” ဆိုပြီး ကြေညာခဲ့တယ်။’ “‘ဒါပေမဲ့ သူတို့ နားမထောင်ခဲ့ဘူး။ ငါ့ကို အရေးမစိုက်ခဲ့ဘူး’+ လို့ ယေဟောဝါ ပြောတယ်။ ၅  “‘မင်းတို့ရဲ့ ဘိုးဘေးတွေ သေဆုံးသွားတာ၊ ပရောဖက်တွေ အသက်မရှင်ကြတော့တာ မှန်ပါတယ်။ ၆  ဒါပေမဲ့ ငါ့ကျွန်ပရောဖက်တွေကို ငါမိန့်မှာခဲ့တဲ့ စကားတွေ၊ အမိန့်တွေ ပြည့်စုံလာတာကိုတော့ ဘိုးဘေးတွေ မြင်ခဲ့တယ် မဟုတ်လား။’+ ဒါကြောင့် သူတို့က ငါ့ဆီ ပြန်လှည့်လာပြီး ‘ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက ဆုံးဖြတ်ထားတဲ့အတိုင်း ငါတို့ရဲ့လမ်းစဉ်တွေ၊ အကျင့်တွေနဲ့အညီ အရေးယူတာပဲ’ လို့ ပြောကြတာပေါ့။”+ ၇  ဒါရိမင်းနန်းစံ ဒုတိယနှစ်၊+ ရှေဗတ်* လို့ခေါ်တဲ့ ၁၁ လပိုင်း၊ ၂၄ ရက်နေ့မှာ ယေဟောဝါက အိဒေါရဲ့မြေး၊ ဗေရခိရဲ့သား ကျွန်တော် ပရောဖက်ဇာခရိကို စိတ်အာရုံတစ်ခု ပေးတယ်– ၈  “ညအချိန် မြင်ရတဲ့ စိတ်အာရုံထဲမှာ လူတစ်ယောက်က မြင်းနီစီးပြီး လျှိုမြောင်ထဲက မုရတုပင်တွေ* ကြားမှာ ရပ်နေတယ်။ သူ့နောက်မှာ အနီရောင်၊ နီညိုရောင်၊ အဖြူရောင် မြင်းတွေ ရှိနေတယ်။” ၉  ဒါနဲ့ ကျွန်တော်က “သခင်၊ သူတို့ ဘယ်သူတွေလဲ” လို့ မေးတဲ့အခါ၊ ကျွန်တော်နဲ့ စကားပြောနေတဲ့ ကောင်းကင်တမန်က “သူတို့ ဘယ်သူတွေလဲဆိုတာ ပြောပြမှာပါ” လို့ဖြေတယ်။ ၁၀  အဲဒီအခါ မုရတုပင်တွေကြားမှာ ရပ်နေတဲ့လူက “သူတို့ဟာ ကမ္ဘာမြေပေါ် လှည့်လည်ဖို့ ယေဟောဝါဘုရား စေလွှတ်လိုက်သူတွေပဲ” လို့ ပြောတယ်။ ၁၁  သူတို့က မုရတုပင်တွေကြားမှာ ရပ်နေတဲ့ ယေဟောဝါရဲ့ ကောင်းကင်တမန်ကို “ကမ္ဘာမြေပေါ် ကျွန်တော်တို့ လှည့်လည်ခဲ့ကြပြီ။ မြေတစ်ပြင်လုံး ငြိမ်းချမ်းနေတယ်။ ဆူပူအုံကြွမှု လုံးဝမရှိပါဘူး”+ လို့ပြောတယ်။ ၁၂  အဲဒီအခါ ယေဟောဝါရဲ့ ကောင်းကင်တမန်က “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ၊ ဂျေရုဆလင်နဲ့ ယုဒရဲ့မြို့တွေကို ဒီအနှစ် ၇ဝ လုံး အမျက်တော်ထွက်ခဲ့ပြီပဲ။+ ဘယ်အချိန်အထိ ကရုဏာမပြဘဲ နေမှာလဲ”+ လို့ မေးလိုက်တယ်။ ၁၃  ယေဟောဝါက ကျွန်တော်နဲ့စကားပြောနေတဲ့ ကောင်းကင်တမန်ကို နှစ်သိမ့်စကားတွေနဲ့ ကြင်ကြင်နာနာ ဖြေတယ်။ ၁၄  အဲဒီနောက် ကောင်းကင်တမန်က ကျွန်တော့်ကို ပြောတယ်– “ကြွေးကြော်လိုက်ပါ– ‘ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက “ဂျေရုဆလင်နဲ့ ဇိအုန်အတွက် ငါ အင်မတန် စိတ်ထက်သန်နေတယ်။+ ၁၅  စိတ်အေးလက်အေး ဖြစ်နေတဲ့ လူမျိုးတွေကိုတော့+ ငါသိပ်စိတ်ဆိုးတယ်။ ငါ့လူတွေကို တော်ရုံသင့်ရုံပဲ ဒဏ်ပေးဖို့ ရည်ရွယ်ခဲ့ပေမဲ့+ သူတို့က ငါ့လူတွေကို အကြီးအကျယ် ဒုက္ခရောက်အောင် လုပ်ခဲ့တယ်။”’+ ၁၆  “ဒါကြောင့် ယေဟောဝါ ပြောတာက– ‘“ဂျေရုဆလင်ကို ငါကရုဏာပြန်ပြမယ်။+ အဲဒီမှာ ငါ့အိမ်တော်ကို ပြန်တည်ဆောက်လိမ့်မယ်။+ ဂျေရုဆလင်ကို တိုင်းကြိုးနဲ့ တိုင်းလိမ့်မယ်။”+ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတဲ့ စကားပဲ။’ ၁၇  “နောက်တစ်ကြိမ် ကြွေးကြော်ပါ– ‘ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက “ငါ့ရဲ့မြို့တွေဟာ ကောင်းမြတ်ခြင်းကျေးဇူးကို အလျှံပယ် ပြန်ခံစားရမယ်။ ဇိအုန်ကို ယေဟောဝါ ပြန်နှစ်သိမ့်မယ်။+ ဂျေရုဆလင်ကို ပြန်ရွေးချယ်မယ်။”’”+ ၁၈  အဲဒီနောက် စိတ်အာရုံတစ်ခုမှာ ဦးချိုလေးချောင်းကို ကျွန်တော် မြင်တယ်။+ ၁၉  “ဒီချိုတွေဟာ ဘာကိုဆိုလိုတာလဲ” လို့ ကျွန်တော်နဲ့စကားပြောနေတဲ့ ကောင်းကင်တမန်ကို မေးတဲ့အခါ သူက “ဒီချိုတွေဟာ ယုဒ၊+ အစ္စရေးနဲ့+ ဂျေရုဆလင်ကို တကွဲတပြား ဖြစ်စေခဲ့တဲ့ ချိုတွေပဲ”+ လို့ဖြေတယ်။ ၂၀  အဲဒီနောက် ယေဟောဝါက ကျွန်တော့်ကို ပန်းပဲဆရာလေးယောက် ပြတယ်။ ၂၁  “သူတို့ ဘာလာလုပ်တာလဲ” လို့ ကျွန်တော်မေးတဲ့အခါ၊ သူက “ယုဒကို ခေါင်းမထောင်နိုင်တော့တဲ့အထိ တကွဲတပြားဖြစ်စေခဲ့တဲ့ အဲဒီချိုတွေကို ခြောက်လှန့်ဖို့ ရောက်လာကြတာ။ ယုဒပြည်ကို တကွဲတပြား ဖြစ်စေခဲ့တဲ့၊ လူမျိုးတွေရဲ့ ထောင်နေတဲ့ ချိုတွေကို ချိုးပစ်ဖို့ ရောက်လာကြတာ” လို့ဖြေတယ်။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ယေဟောဝါ သတိရပြီ။”
အရွက်ပြောင်လက်ပြီး အပွင့်ဖြူဖွေးမွှေးကြိုင်တဲ့ ချုံပင်။