ဇာခရိ ၁၁:၁-၁၇

  • စစ်​မှန်​တဲ့​သိုးထိန်း​ကို ဖယ်​ရှား​ခြင်း​ရဲ့ အကျိုး​ဆက် (၁-၁၇)

    • “သတ်​ဖို့​ရာ​ထား​တဲ့ သိုး​အုပ်​ကို ထိန်း​ကျောင်း​ပါ” ()

    • တောင်​ဝှေး​နှစ်​ချောင်း– နှစ်​သက်​ဖွယ်​ကောင်း​ခြင်း၊ စည်း​လုံး​ခြင်း ()

    • သိုးထိန်း​ခ ငွေ​စ ၃၀ (၁၂)

    • ဘဏ္ဍာ​တိုက်​ထဲ ငွေ​ပစ်​ချ (၁၃)

၁၁  “အို လက်​ဘ​နွန်၊ တံခါး​တွေ ဖွင့်လိုက်​ပါ။ မင်း​ရဲ့ သစ်​က​တိုး​ပင်​တွေ မီးလောင်​သွား​ပါ​စေ။  ၂  အို ဂျူ​နီ​ပါ​ထင်း​ရှူး​ပင်၊ ငို​ကြွေး​မြည်​တမ်း​ပါ။ သစ်​က​တိုး​ပင် ပြို​လဲ​သွား​ပြီ။ သစ်​ပင်​ကြီး​တွေ ဖျက်​ဆီး​ခံ​လိုက်​ရ​ပြီ။ ဗာရှန်​ပြည်​ရဲ့ ဝက်​သစ်​ချ​ပင်​တို့၊ ငိုကြွေး​မြည်​တမ်း​ပါ။ တိုး​မပေါက်​နိုင်​တဲ့ သစ်​တော​ကြီး ပြို​လဲ​သွား​ပြီ။  ၃  နား​ထောင်​ကြ။ သိုးထိန်း​တွေ ငို​ကြွေး​မြည်​တမ်း​နေ​တယ်။ သူတို့​ရဲ့​ဂုဏ်​သိက္ခာ ညှိုး​နွမ်း​သွားပြီလေ။ နား​ထောင်​ကြ။ ခြင်္သေ့​ပျို​တွေ ဟိန်း​ဟောက်​နေ​တယ်။ ဂျော်​ဒန်​မြစ်​တစ်​လျှောက်​က ချုံနွယ်​ပိတ်​ပေါင်း​တွေ ဖျက်​ဆီး​ခံ​လိုက်​ရ​ပြီလေ။ ၄  “ကျွန်​တော်​ကိုးကွယ်​တဲ့​ဘု​ရား ယေဟောဝါ ပြော​တာ​က ‘သတ်​ဖို့​လျာ​ထား​တဲ့ သိုး​အုပ်​ကို ထိန်း​ကျောင်း​ပါ။+ ၅  ဝယ်​တဲ့​သူ​တွေ​က သူတို့​ကို​သတ်​ပေမဲ့+ အပြစ်​ရှိ​သူ​တွေလို့ သတ်​မှတ်​မခံ​ရ​ဘူး။ ရောင်း​တဲ့​သူ​တွေ​က​လည်း+ “ယေဟောဝါ​ဘု​ရား​ကို ချီး​မွမ်း​ကြ။ ငါ​ချမ်း​သာ​တော့​မယ်” လို့​ပြော​ကြ​တယ်။ သိုးထိန်း​တွေ​က​လည်း သိုး​တွေ​ကို မသနား​ကြ​ဘူး။’+ ၆  “‘ဒါ​ကြောင့် ပြည်​သူ​ပြည်​သား​တွေ​ကို ငါ မသနား​တော့​ဘူး။ အားလုံး​ကို ကိုယ့်​အိမ်​နီး​ချင်း​လက်​ထဲ၊ ကိုယ့်​ဘုရင်​လက်​ထဲ ရောက်​စေ​မယ်။ ပြည်​ကို နင်းခြေ​ကြ​လိမ့်​မယ်။ ဘယ်​သူ့​ကို​မှ ငါ​မကယ်​ဘူး။’ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။” ၇  သိုး​အုပ်​ထဲ​က ဒုက္ခရောက်​နေ​သူ​တို့၊ သတ်​ဖို့​လျာ​ထား​တဲ့ သိုး​အုပ်​ကို ခင်​ဗျား​တို့​အကျိုး​အတွက် ကျွန်​တော် ထိန်း​ကျောင်း​နေ​တာ။+ ဒါ​ကြောင့် တောင်​ဝှေး​နှစ်​ချောင်း​ကို ယူ​ပြီး တစ်​ချောင်း​ကို နှစ်​သက်​ဖွယ်​ကောင်း​ခြင်း၊ နောက်​တစ်​ချောင်း​ကို စည်း​လုံး​ခြင်း​လို့ နာမည်​ပေး​လိုက်​တယ်။+ ပြီး​တော့ သိုး​အုပ်​ကို ကျွန်​တော် ထိန်း​ကျောင်း​တယ်။ ၈  တစ်​လ​တည်း​မှာ သိုးထိန်း​သုံး​ယောက်​ကို ကျွန်​တော် ဖယ်​ရှား​လိုက်​တယ်။ သူတို့​ကို သည်း​မခံ​နိုင်​တော့​ဘူး။ သူတို့​က​လည်း ကျွန်​တော့်​ကို ရွံ​မုန်း​ကြ​တယ်။ ၉  “ခင်​ဗျား​တို့​ကို ဆက်​ပြီး​မထိန်း​ကျောင်း​တော့​ဘူး။ သေလု​မြော​ပါး​ဖြစ်​နေ​သူ​တွေ သေပါ​စေ။ ပျက်​စီး​နေ​သူ​တွေ ပျက်​စီး​ပါ​စေ။ ကျန်​ကြွင်း​သူ​တွေ အချင်း​ချင်း ကိုက်​စား​ပါ​စေ” လို့ ကျွန်​တော်​ပြော​တယ်။ ၁၀  ပြီး​တော့ နှစ်​သက်​ဖွယ်​ကောင်း​ခြင်း​ဆို​တဲ့ တောင်​ဝှေး​ကို​ယူပြီး+ ကျွန်​တော် ချိုး​လိုက်​တယ်။ ဒါ​ဟာ ဒီ​လူ​တွေ​နဲ့ ကတိ​သစ္စာ​ပြု​ထား​တာ​ကို ဖျက်​သိမ်း​လိုက်​တာ​ပဲ။ ၁၁  ဒါ​ကြောင့် အဲဒီ​နေ့​မှာ ကတိ​သစ္စာ ပျက်​သွား​တယ်။ ဒါ​ဟာ ယေဟောဝါ​ရဲ့ မိန့်မှာ​ချက်​ဖြစ်​မှန်း ကျွန်​တော့်​ကို​ကြည့်​နေ​တဲ့ သိုး​အုပ်​ထဲ​က ဒုက္ခရောက်​နေ​သူ​တွေ သိ​ကြ​တယ်။ ၁၂  အဲဒီ​နောက် “ကျွန်​တော့်​ကို လုပ်​ခ​ပေး​သင့်​တယ် ထင်​ရင် ပေး​ကြ။ မပေး​သင့်​ဘူး ထင်​ရင်​လည်း မပေး​ပါ​နဲ့” လို့​ပြော​တဲ့​အခါ သူတို့​က ကျွန်​တော့်​ကို လုပ်​ခ​အဖြစ် ငွေ​စ ၃၀ ပေး​တယ်။+ ၁၃  အဲဒီ​အခါ ယေဟောဝါ​က “သူတို့ ငါ့​ကို တန်​ဖိုး​ဖြတ်​ပြီး ပေး​လိုက်​တဲ့ ဒီ​လောက်​များ​တဲ့ ငွေ​တွေ​ကို ဘဏ္ဍာ​တိုက်​ထဲ ပစ်​ချ​လိုက်”+ လို့​ပြော​တယ်။ ကျွန်​တော်​လည်း ငွေ​စ ၃၀ ကို​ယူ​ပြီး ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ​ရှိ​တဲ့ ဘဏ္ဍာ​တိုက်​ထဲ ပစ်​ချ​လိုက်​တယ်။+ ၁၄  အဲဒီ​နောက် ကျွန်​တော်​က စည်း​လုံး​ခြင်း​ဆို​တဲ့+ ဒုတိ​ယ​တောင်​ဝှေး​ကို ချိုး​လိုက်​တယ်။ ဒါ​ဟာ ယုဒ​နဲ့​အစ္စရေးရဲ့ ညီ​အစ်​ကို​တော်​စပ်​မှု​ကို ပယ်​ဖျက်​လိုက်တာပဲ။+ ၁၅  ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– “အသုံး​မကျ​တဲ့ သိုးထိန်း​ရဲ့+ အသုံး​အဆောင်​တွေ​ကို ယူ​လိုက်​ပါ။ ၁၆  ဒီ​ပြည်​မှာ သိုးထိန်း​တစ်​ယောက်​ကို ငါ​ပေါ်​ထွန်း​စေ​မယ်။ သူ​က ပျက်​စီး​နေ​တဲ့​သိုး​တွေ​ကို ဂရု​စိုက်​မှာ မဟုတ်​ဘူး။+ သိုး​ငယ်​တွေ​ကို လိုက်​ရှာ​မှာ မဟုတ်​ဘူး။ ဒဏ်​ရာရ​တဲ့​သိုး​တွေ​ကို ကု​သပေး​မှာ မဟုတ်​ဘူး။+ သန်​မာ​နေ​ဆဲ သိုး​တွေ​ကို​လည်း အစာ​ကျွေး​မှာ မဟုတ်​ဘူး။ ဆူ​ဖြိုး​တဲ့​သိုး​တွေရဲ့ အသား​ကို​စား​ပြီး+ ခွာ​ကို ဆွဲ​ခွာ​ပစ်​လိမ့်​မယ်။+ ၁၇  သိုး​အုပ်​ကို​ပစ်​ထား​တဲ့၊+ အသုံး​မကျ​တဲ့ ငါ့​သိုးထိန်း​ဟာ အဖြစ်​ဆိုး​ကြုံ​ရ​မယ်။+ သူ့​လက်​ရုံး​နဲ့ ညာ​ဘက်​မျက်​စိ ဓား​ထိုး​ခံ​ရ​လိမ့်​မယ်။ သူ့​လက်​ရုံး လုံး​ဝ ပိန်​ခြောက်​သွား​မယ်။ သူ့​ညာ​ဘက်​မျက်​စိ​လည်း လုံး​ဝ ကန်း​သွား​မယ်။”

အောက်ခြေမှတ်ချက်များ