ဇာခရိ ၁၂:၁-၁၄
၁၂ ဘုရားသခင်ရဲ့ သတင်းစကား–
မိုးကောင်းကင်ကို ဖြန့်မိုး တဲ့အရှင်၊+ကမ္ဘာမြေရဲ့ အုတ်မြစ်ကို ချတဲ့အရှင်၊+လူကို အသက်စွမ်းအားပေးတဲ့အရှင် ယေဟောဝါ ပြောတာက–
“အစ္စရေးနဲ့ပတ်သက်ပြီး ငါယေဟောဝါ ပြောမယ်–
၂ ဂျေရုဆလင်ကို စပျစ်ဝိုင်ခွက် ဖြစ်စေမယ်။ အဲဒီစပျစ်ဝိုင်ကို သောက်ပြီး ပတ်ဝန်းကျင်က လူအားလုံး ဒယိမ်းဒယိုင် ဖြစ်သွားမယ်။ ယုဒနဲ့ ဂျေရုဆလင်ကို ရန်သူဝိုင်းထားမယ်။+
၃ အဲဒီနေ့မှာ ဂျေရုဆလင်ကို လူအားလုံးအတွက် လေးလံတဲ့ကျောက် ဖြစ်စေမယ်။ အဲဒီကျောက်ကို ချီမသူတိုင်း ဒဏ်ရာအပြင်းအထန်ရမှာ သေချာတယ်။+ ကမ္ဘာပေါ်က လူမျိုးအားလုံး သူ့ကိုတိုက်ဖို့ စုဝေးလာကြမယ်။”+
၄ ယေဟောဝါ ပြောတယ်– “အဲဒီနေ့မှာ မြင်းတွေ ထိတ်ထိတ်ပျာပျာ ဖြစ်သွားအောင်၊ မြင်းစီးသူရဲတွေ ရူးသွပ်သွားအောင် ငါဒဏ်ခတ်မယ်။ ယုဒအမျိုးကို ငါကြည့်ရှုစောင့်ရှောက်မယ်။ မြင်းတွေကိုတော့ မျက်စိကန်းသွားအောင် ဒဏ်ခတ်မယ်။
၅ ယုဒစော်ဘွားတွေက ‘ဂျေရုဆလင်မြို့သားတွေဟာ ငါတို့အတွက် ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဘုရားပေးတဲ့ ခွန်အားပဲ’+ လို့ တွေးနေလိမ့်မယ်။
၆ အဲဒီနေ့မှာ ငါက ယုဒစော်ဘွားတွေကို ထင်းတွေကြားက မီးအိုးလို၊ ကောက်လှိုင်းစည်းတွေကြားက မီးတုတ်လို ဖြစ်စေမယ်။+ ဘယ်ညာနှစ်ဖက်မှာရှိတဲ့ လူတွေကို မီးလောင်သွားမယ်။+ ဂျေရုဆလင်မြို့သားတွေဟာ နေရင်းမြို့ဖြစ်တဲ့ ဂျေရုဆလင်မှာ ပြန်နေထိုင်ရလိမ့်မယ်။+
၇ “ဒါဝိဒ်အမျိုးရဲ့ ဂုဏ်ကျက်သရေ၊ ဂျေရုဆလင်မြို့သားတွေရဲ့ ဂုဏ်ကျက်သရေဟာ ယုဒပြည်ရဲ့ ဂုဏ်ကျက်သရေထက် မလွန်ကဲရလေအောင် ယေဟောဝါက ယုဒပြည်ရဲ့တဲတွေကို ဦးဆုံး ကယ်တင်မယ်။
၈ အဲဒီနေ့မှာ ယေဟောဝါက ဂျေရုဆလင်မြို့သားတွေကို ကာကွယ်ပေးမယ်။+ အဲဒီနေ့မှာ သူတို့ထဲက တိုက်မိလဲသူဟာ* ဒါဝိဒ်လို ခွန်အားကြီးလိမ့်မယ်။ ဒါဝိဒ်အမျိုးဟာ ဘုရားသခင်လို၊ ရှေ့ကနေ ဦးဆောင်ခေါ်တဲ့ ယေဟောဝါရဲ့ ကောင်းကင်တမန်လို တန်ခိုးကြီးလိမ့်မယ်။+
၉ အဲဒီနေ့မှာ ဂျေရုဆလင်ကို တိုက်ဖို့လာတဲ့ လူမျိုးတွေကို ငါ အစတုံးဖျက်ဆီးမယ်။+
၁၀ “ငါက ဒါဝိဒ်အမျိုးအပေါ်၊ ဂျေရုဆလင်မြို့သားတွေအပေါ် မျက်နှာသာပေးတဲ့ စွမ်းအား၊ တိုးလျှိုးအသနားခံစေတဲ့ စွမ်းအားကို သွန်းလောင်းမယ်။ သူတို့က ကိုယ်ထိုးဖောက်တဲ့သူကို ကြည့်ကြလိမ့်မယ်။+ တစ်ဦးတည်းသော သားအတွက် ငိုကြွေးမြည်တမ်းသလို သူ့အတွက် ငိုကြွေးမြည်တမ်းလိမ့်မယ်။ သားဦးအတွက် ဝမ်းနည်းပူဆွေးသလို သူ့အတွက် အကြီးအကျယ် ဝမ်းနည်းပူဆွေးလိမ့်မယ်။
၁၁ မေဂိဒေါ ချိုင့်ဝှမ်းလွင်ပြင်မှာရှိတဲ့+ ဟာဒဒြိမ္မုန်အရပ်မှာ ငိုကြွေးမြည်တမ်းသလို အဲဒီနေ့ကျရင် ဂျေရုဆလင်မှာ အကြီးအကျယ် ငိုကြွေးမြည်တမ်းကြလိမ့်မယ်။
၁၂ တစ်ပြည်လုံးမှာ မိသားစုတိုင်း ငိုကြွေးမြည်တမ်းကြလိမ့်မယ်။ ဒါဝိဒ်အမျိုးရဲ့ မိသားစုနဲ့ သူတို့မိန်းမတွေ၊ နာသန်အမျိုးရဲ့ မိသားစုနဲ့+ သူတို့မိန်းမတွေ၊
၁၃ လေဝိအမျိုးရဲ့ မိသားစုနဲ့+ သူတို့မိန်းမတွေ၊ ရှိမိရဲ့မိသားစုနဲ့+ သူတို့မိန်းမတွေ ကိုယ့်အုပ်စုနဲ့ကိုယ် ငိုကြွေးမြည်တမ်းကြလိမ့်မယ်။
၁၄ ကျန်တဲ့မိသားစုတိုင်းကလည်း ကိုယ့်မိသားစုနဲ့ကိုယ်၊ သူတို့မိန်းမတွေက ကိုယ့်အုပ်စုနဲ့ကိုယ် ငိုကြွေးမြည်တမ်းကြလိမ့်မယ်။
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “အားအနည်းဆုံးသူဟာ။”