ဇာခရိ ၁၄:၁-၂၁

  • စစ်မှန်တဲ့ဝတ်ပြုရေး အပြည့်အဝ အောင်ပွဲရ (၁-၂၁)

    • သံလွင်တောင် ထက်ခြမ်းကွဲ ()

    • ယေဟောဝါ တစ်ပါးတည်း၊ နာမတော်ကိုပဲ ()

    • ဂျေရုဆလင်ရဲ့ ရန်သူတွေအတွက် ပြစ်ဒဏ် (၁၂-၁၅)

    • တဲနေပွဲ ကျင်းပ (၁၆-၁၉)

    • ဟင်းအိုးတိုင်း ယေဟောဝါအတွက် သန့်ရှင်းတဲ့အိုး ဖြစ်လာ (၂၀၊ ၂၁)

၁၄  “ကြည့်ပါ။ ယေဟောဝါရဲ့နေ့ ရောက်တော့မယ်။ အဲဒီနေ့ကျရင် မင်း* ဆီကရတဲ့ တိုက်ရာပါဥစ္စာတွေကို မင်းအလယ်မှာပဲ ခွဲဝေယူကြမယ်။ ၂  ဂျေရုဆလင်ကို စစ်တိုက်ဖို့ လူမျိုးအားလုံးကို ငါစုဝေးမယ်။ မြို့ဟာ သိမ်းပိုက်ခံရမယ်။ အိမ်တွေ လုယက်ခံရမယ်။ အမျိုးသမီးတွေ မတရားပြုကျင့်ခံရမယ်။ မြို့သားတစ်ဝက်ဟာ ပြည်နှင်ဒဏ်ခံရမယ်။ ကျန်တဲ့လူတွေကတော့ မြို့ထဲကနေ ပယ်ရှင်းခံရမှာ မဟုတ်ဘူး။ ၃  “ငါယေဟောဝါက စစ်ဆင်နွှဲတဲ့နေ့မှာ တိုက်ခိုက်သလို+ အဲဒီလူမျိုးတွေကို ထွက်တိုက်မယ်။+ ၄  အဲဒီနေ့မှာ ငါက ဂျေရုဆလင်အရှေ့ဘက်၊ မျက်နှာချင်းဆိုင်က သံလွင်တောင်ပေါ်မှာ+ ခြေချမယ်။ သံလွင်တောင်က အရှေ့အရပ်ကနေ အနောက်အရပ်အထိ ထက်ခြမ်းကွဲသွားပြီး အလယ်မှာ ချိုင့်ဝှမ်းကြီး ဖြစ်လာမယ်။ တောင်ရဲ့တစ်ခြမ်းက မြောက်ဘက်ကို၊ ကျန်တဲ့တစ်ခြမ်းက တောင်ဘက်ကို ရွေ့သွားမယ်။ ၅  မင်းတို့က ငါ့တောင်တန်းတွေ အလယ်မှာရှိတဲ့ ချိုင့်ဝှမ်းဆီ ထွက်ပြေးကြလိမ့်မယ်။ အဲဒီချိုင့်ဝှမ်းက အာဇေလအရပ်အထိ ရောက်လိမ့်မယ်။ ယုဒဘုရင် သြဇိလက်ထက်မှာ+ မြေငလျင်ကြောင့် ထွက်ပြေးခဲ့ရသလို မင်းတို့ ထွက်ပြေးရမယ်။ ယေဟောဝါဘုရား ရောက်လာပြီး သန့်ရှင်းသူတွေနဲ့အတူ ရှိနေမယ်။+ ၆  “အဲဒီနေ့မှာ တောက်ပတဲ့ အလင်းရောင်ရှိမှာ မဟုတ်ဘူး။+ အရာဝတ္ထုတွေလည်း အေးခဲနေလိမ့်မယ်။ ၇  ယေဟောဝါရဲ့ နေ့ပါလားဆိုပြီး သိလာကြမယ့် နေ့တစ်နေ့ပဲ။+ နေ့ရယ်ညရယ်လို့ ရှိမှာမဟုတ်ဘူး။ ညဦးပိုင်းမှာတောင် လင်းနေလိမ့်မယ်။ ၈  အဲဒီနေ့မှာ အသက်ရေက+ ဂျေရုဆလင်ကနေ စီးထွက်လာမယ်။+ ရေတစ်ဝက်က အရှေ့ပင်လယ်ထဲ၊*+ ကျန်တစ်ဝက်က အနောက်ပင်လယ်ထဲ*+ စီးဝင်သွားမယ်။ နွေရော ဆောင်းပါ စီးဆင်းနေမယ်။ ၉  ယေဟောဝါဟာ မြေတစ်ပြင်လုံးမှာ ဘုရင်မင်းမြတ် ဖြစ်လိမ့်မယ်။+ အဲဒီနေ့မှာ လူတိုင်းက ယေဟောဝါတစ်ပါးတည်းကို ကိုးကွယ်ကြမယ်။+ နာမတော်ကိုပဲ ချီးမွမ်းကြမယ်။+ ၁၀  “ဂေဘမြို့ကနေ+ ဂျေရုဆလင်တောင်ဘက်မှာရှိတဲ့ ရိမုန်မြို့အထိ+ တစ်ပြည်လုံးဟာ အရာဗာအရပ်လို+ ဖြစ်သွားမယ်။ ဂျေရုဆလင်ဟာ နဂိုနေရာမှာပဲ ပြန်ဦးမော့လာပြီး လူစည်ကားတဲ့မြို့ ဖြစ်လာမယ်။+ ဗင်ယာမိန်တံခါးကနေ+ ပထမတံခါးအထိ၊ မြို့ထောင့်တံခါးအထိ၊ ဟာနနေလမျှော်စင်ကနေ+ ဘုရင့်စပျစ်သီးနယ်ရာကျင်းအထိ တစ်လျှောက်လုံးမှာ လူတွေ ပြန်နေထိုင်ကြမယ်။ ၁၁  ဂျေရုဆလင်မှာ လူစည်ကားလာမယ်။ ဘယ်တော့မှ ဖျက်ဆီးခြင်းကျိန်စာသင့်မှာ မဟုတ်ဘူး။+ လူတွေ ဘေးကင်းလုံခြုံစွာ နေထိုင်လိမ့်မယ်။+ ၁၂  “ဂျေရုဆလင်ကို တိုက်ခိုက်သူအားလုံးအပေါ် ယေဟောဝါ ကျရောက်စေမယ့် ဘေးဒဏ်ကတော့–+ သူတို့က မြေပေါ်ရပ်နေတုန်းမှာပဲ အသားတွေ ပုပ်ဆွေးသွားမယ်။ မျက်လုံးအိမ်ထဲက မျက်လုံးတွေ ပုပ်ဆွေးသွားမယ်။ ပါးစပ်ထဲက လျှာလည်း ပုပ်ဆွေးသွားမယ်။ ၁၃  “အဲဒီနေ့မှာ သူတို့ဟာ ယေဟောဝါကြောင့် အကြီးအကျယ် ဖရိုဖရဲဖြစ်သွားမယ်။ အပေါင်းအဖော်ရဲ့လက်ကို ဖမ်းကိုင်ပြီး အချင်းချင်း သတ်ဖြတ်ကြလိမ့်မယ်။+ ၁၄  ဂျေရုဆလင်မှာဖြစ်တဲ့ စစ်ပွဲမှာ ယုဒလည်း ပါဝင်တိုက်ခိုက်လိမ့်မယ်။ ပတ်ဝန်းကျင်လူမျိုးတွေရဲ့ စည်းစိမ်ဥစ္စာ၊ ရွှေငွေ၊ အဝတ်အစားတွေကို အမြောက်အမြား သိမ်းယူကြလိမ့်မယ်။+ ၁၅  “သူတို့ရဲ့ တပ်စခန်းတွေမှာရှိတဲ့ မြင်း၊ လား၊ ကုလားအုတ်၊ မြည်းနဲ့ တိရစ္ဆာန်အားလုံးအပေါ်ကိုလည်း အဲဒီလိုဘေးဒဏ်မျိုး ကျရောက်လိမ့်မယ်။ ၁၆  “ဂျေရုဆလင်ကို လာတိုက်တဲ့ လူမျိုးတွေထဲက ကျန်ကြွင်းသူတွေဟာ ဘုရင်မင်းမြတ်ဖြစ်တဲ့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကို ဦးချဖို့၊+ တဲနေပွဲကျင်းပဖို့+ ဂျေရုဆလင်မြို့ဆီ နှစ်တိုင်း တက်လာကြမယ်။+ ၁၇  ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးတွေထဲက တစ်ယောက်ယောက်ဟာ ဘုရင်မင်းမြတ်ဖြစ်တဲ့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကို ဦးချဖို့ ဂျေရုဆလင်မြို့ဆီ တက်မလာဘူးဆိုရင် သူ့အပေါ် မိုးရွာမှာ မဟုတ်ဘူး။+ ၁၈  အီဂျစ်လူတွေက မြို့ဆီ တက်မလာဘူး၊ မြို့ထဲဝင်မလာဘူးဆိုရင် သူတို့အပေါ်ကိုလည်း မိုးရွာမှာ မဟုတ်ဘူး။ တဲနေပွဲကျင်းပဖို့ တက်မလာတဲ့ လူမျိုးတွေအပေါ် ယေဟောဝါ ကျရောက်စေခဲ့တဲ့ ဘေးဒဏ်မျိုးကို သူတို့ခံရမယ်။ ၁၉  ဒါဟာ အီဂျစ်ရဲ့အပြစ်အတွက်၊ တဲနေပွဲကျင်းပဖို့ တက်မလာတဲ့ လူမျိုးတွေရဲ့ အပြစ်အတွက် ပြစ်ဒဏ်ဖြစ်လိမ့်မယ်။ ၂၀  “အဲဒီနေ့ကျရင် မြင်းမှာတပ်ထားတဲ့ ချူတွေပေါ်မှာ ‘ယေဟောဝါဟာ သန့်ရှင်းမြင့်မြတ်တယ်’+ လို့ရေးထားလိမ့်မယ်။ ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ ဟင်းအိုးတွေဟာ+ ပူဇော်ရာပလ္လင်ရှေ့မှာရှိတဲ့ ဇလုံတွေလို+ ဖြစ်လာမယ်။ ၂၁  ဂျေရုဆလင်နဲ့ ယုဒမှာရှိတဲ့ ဟင်းအိုးတိုင်းဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပိုင်ဆိုင်တဲ့ သန့်ရှင်းတဲ့အိုးတွေ ဖြစ်လာမယ်။ ပူဇော်သက္ကာ ဆက်သသူတိုင်း ဝင်လာပြီး အဲဒီအိုးတွေနဲ့ အသားပြုတ်ကြလိမ့်မယ်။ အဲဒီနေ့ကျရင် ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့အိမ်တော်မှာ ခါနန်လူ* တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။”+

အောက်ခြေမှတ်ချက်များ

အခန်းငယ် ၂ က မြို့။
မြေထဲပင်လယ်။
ပင်လယ်သေ။
“ကုန်သည်” လည်းဖြစ်နိုင်။