ဇာခရိ ၂:၁-၁၃
၂ စိတ်အာရုံမှာ တိုင်းကြိုးကိုင်ထားတဲ့ လူတစ်ယောက်ကို+ ကျွန်တော် မြင်တယ်။
၂ “ဘယ်သွားမလို့လဲ” လို့မေးတော့၊
သူက “ဂျေရုဆလင်မြို့ရဲ့ အလျားအနံကို သိနိုင်ဖို့ သွားတိုင်းမလို့”+ ဆိုပြီးဖြေတယ်။
၃ ကျွန်တော်နဲ့စကားပြောနေတဲ့ ကောင်းကင်တမန် ထွက်သွားတဲ့အခါ ကောင်းကင်တမန် နောက်တစ်ပါးက သူ့ကိုလာတွေ့ပြီး ပြောတယ်။
၄ “အဲဒီလူငယ်ဆီ ပြေးသွားပြီး ပြောလိုက်ပါ– ‘“ဂျေရုဆလင်မှာ လူတွေရော တိရစ္ဆာန်တွေပါ များပြားလာမယ်။+ မြို့ရိုးမရှိတဲ့ ကျေးရွာတွေမှာ နေထိုင်သလို အဲဒီမှာ လူတွေ နေထိုင်ကြလိမ့်မယ်။+
၅ ငါဟာ ပတ်လည်မှာရှိတဲ့ မီးမြို့ရိုးဖြစ်မယ်။+ အဲဒီမြို့ရဲ့ ဘုန်းအသရေဖြစ်လာမယ်”+ လို့ ယေဟောဝါပြောတယ်။’”
၆ “လာကြ။ လာကြ။ မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ ထွက်ပြေးကြ”+ လို့ ယေဟောဝါ ပြောတယ်။
“မင်းတို့ကို အရပ်လေးမျက်နှာဆီ* ငါကွဲလွင့်စေခဲ့ပြီ”+ လို့ ယေဟောဝါပြောတယ်။
၇ “ဇိအုန်၊ လာပါ။ ဗာဗုလုန်သမီးပျိုနဲ့အတူ နေထိုင်နေတဲ့သူ၊ လွတ်အောင်ပြေးပါ။+
၈ ဘုန်းထင်ရှားပြီးတဲ့နောက် ဘုရားသခင်က ခင်ဗျားတို့ကို တိုက်ခိုက်လုယက်တဲ့ လူမျိုးတွေဆီ ကျုပ်ကို စေလွှတ်တယ်။+ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက ‘မင်းတို့ကို ထိတဲ့သူဟာ ငါ့မျက်ဆန်ကို ထိတဲ့သူပဲ။+
၉ သူတို့ကို ငါ လက်နဲ့ရွယ်မယ်။ သူတို့ရဲ့ကျွန်တွေက သူတို့ကို ပြန်လုယက်လိမ့်မယ်’+ လို့ပြောတယ်။ ကျုပ်ကို ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ စေလွှတ်လိုက်မှန်း ခင်ဗျားတို့ သိရလိမ့်မယ်။
၁၀ ယေဟောဝါက “ဇိအုန်သမီးပျို၊ ဝမ်းသာအားရ ကြွေးကြော်ပါ။+ ငါလာနေပြီ။+ မင်းဆီမှာ ငါစံမြန်းမယ်။+
၁၁ အဲဒီနေ့ကျရင် လူမျိုးများစွာက ယေဟောဝါနဲ့ ပူးပေါင်းပြီး+ ငါ့လူတွေဖြစ်လာမယ်။ မင်းဆီမှာ ငါစံမြန်းမယ်” လို့ပြောတယ်။ ကျုပ်ကို ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ စေလွှတ်လိုက်မှန်း ခင်ဗျားသိရလိမ့်မယ်။
၁၂ ယေဟောဝါက ယုဒကို သန့်ရှင်းတဲ့မြေပေါ်မှာ မိမိပိုင်တဲ့ ဝေစုအဖြစ် သိမ်းယူမယ်။ ဂျေရုဆလင်ကိုလည်း ပြန်ရွေးချယ်မယ်။+
၁၃ လူအပေါင်းတို့၊ ယေဟောဝါရှေ့မှာ နှုတ်ဆိတ်နေကြ။ ဘုရားက သန့်ရှင်းမြင့်မြတ်တဲ့ စံမြန်းရာနေရာကနေ အရေးယူလုပ်ဆောင်နေတယ်။
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “မိုးကောင်းကင် လေ ၄ မျိုးဆီ။”