ဇာခရိ ၃:၁-၁၀
၃ ယေဟောဝါရဲ့ ကောင်းကင်တမန်ရှေ့မှာ ပုရောဟိတ်မင်း ယောရှု+ ရပ်နေတာကို စိတ်အာရုံမှာ ကျွန်တော်မြင်တယ်။ ယောရှုကို ဆန့်ကျင်ဖို့ သူ့ညာဘက်မှာရပ်နေတဲ့ စာတန်ကိုလည်း+ မြင်တယ်။
၂ ယေဟောဝါရဲ့ ကောင်းကင်တမန်က “စာတန်၊ မင်းကို ယေဟောဝါဘုရား ဆုံးမပါစေ။+ ဂျေရုဆလင်ကို ရွေးချယ်ထားတဲ့+ ယေဟောဝါဘုရားက မင်းကို ဆုံးမပါစေ။ ဒီလူဟာ မီးထဲက ဆယ်ထုတ်ထားတဲ့ ထင်းတုံးပဲ” လို့ စာတန်ကို ပြောတယ်။
၃ ယောရှုက ညစ်ပေတဲ့အဝတ်ကို ဝတ်ထားပြီး ကောင်းကင်တမန်ရှေ့မှာ ရပ်နေတယ်။
၄ ကောင်းကင်တမန်က ရှေ့မှာရပ်နေသူတွေကို “ညစ်ပေနေတဲ့ သူ့အဝတ်ကို ချွတ်ပေးလိုက်” လို့ပြောတယ်။ ပြီးတော့ ယောရှုကို “ကြည့်ပါ။ ခင်ဗျားရဲ့အမှားတွေ ကင်းစင်သွားအောင် ကျုပ်လုပ်ပေးလိုက်ပြီ။ ခင်ဗျား ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ရမယ်”+ လို့ပြောတယ်။
၅ အဲဒီအခါ ကျွန်တော်က “သူ့ကို သန့်ရှင်းတဲ့ခေါင်းပေါင်း ပေါင်းပေးလိုက်ပါဦး”+ လို့ပြောတော့ သူတို့က သန့်ရှင်းတဲ့ခေါင်းပေါင်း ပေါင်းပေးပြီးအဝတ်တွေ ဝတ်ဆင်ပေးကြတယ်။ ယေဟောဝါရဲ့ ကောင်းကင်တမန်က အနားမှာ ရပ်နေတယ်။
၆ ယေဟောဝါရဲ့ ကောင်းကင်တမန်က ယောရှုကို ပြောတယ်။
၇ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘ငါ့လမ်းစဉ်တွေအတိုင်း လိုက်လျှောက်ပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုရင် ငါ့အိမ်တော်မှာ တရားသူကြီးအဖြစ် မင်း အမှုဆောင်ခွင့်ရမယ်။+ အိမ်တော်ရင်ပြင်တွေကို စောင့်ကြပ်ခွင့်ရမယ်။ မင်းကို ဒီမှာရပ်နေသူတွေနဲ့အတူ လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်ပေးမယ်။’
၈ “‘ပုရောဟိတ်မင်း ယောရှု၊ နားထောင်ပါ။ ရှေ့မှာထိုင်နေတဲ့ မင်းရဲ့အပေါင်းအသင်းတွေက နိမိတ်တွေဖြစ်တဲ့အတွက် သူတို့လည်း နားထောင်ကြ။ ငါ့ကျွန်ဖြစ်တဲ့+ အတက်ကို+ ငါခေါ်လာမယ်။
၉ ယောရှုရှေ့မှာ ငါချထားတဲ့ ကျောက်တုံးကို ကြည့်လိုက်ပါ။ အဲဒီကျောက်တုံးကို မျက်လုံးခုနစ်လုံးက ကြည့်နေတယ်။ အဲဒီကျောက်တုံးပေါ်မှာ ငါကမ္ပည်းရေးထိုးမယ်။ ဒီပြည်ရဲ့အပြစ်တွေကို တစ်နေ့တည်းနဲ့ ဖယ်ရှားမယ်။’+ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၁၀ “‘အဲဒီနေ့ရောက်ရင် မင်းတို့ဟာ ကိုယ့်စပျစ်ပင်၊ ကိုယ့်သဖန်းပင်အောက်မှာ လာထိုင်ဖို့ အချင်းချင်း ခေါ်ဖိတ်ကြလိမ့်မယ်’+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတယ်။”