ဇာခရိ ၄:၁-၁၄

  • စိတ်​အာ​ရုံ ၅– ဆီ​မီး​တိုင်၊ သံ​လွင်​နှစ်​ပင် (၁-၁၄)

    • ‘တန်ခိုး​အာ​ဏာ​ကြောင့်​မဟုတ်၊ စွမ်းအား​တော်​ကြောင့်’ ()

    • အသေး​အဖွဲ စ​လုပ်​တဲ့​နေ့​ကို အထင်​မသေး​နဲ့ (၁၀)

 ကျွန်​တော်​နဲ့​စကား​ပြော​တဲ့ ကောင်း​ကင်​တ​မန်​က ပြန်​လာ​ပြီး အိပ်​ပျော်​နေ​သူ​ကို နှိုး​သလို ကျွန်​တော့်​ကို နှိုး​တယ်။ ၂  ပြီး​တော့ “ဘာ​မြင်​ရ​လဲ” လို့​မေး​တဲ့​အခါ၊ ကျွန်​တော်​က “ရွှေ​ဆီ​မီး​တိုင်​ကို+ မြင်​ပါ​တယ်။ ဆီ​မီး​တိုင်​ထိပ်​မှာ ဖလား​တစ်​လုံး ရှိ​တယ်။ ဆီ​မီး​တိုင်​မှာ မီး​ခွက်​ခု​နစ်​လုံး ရှိ​တယ်။+ ဆီ​မီး​တိုင်​ထိပ်​မှာ​ရှိ​တဲ့ မီး​ခွက်​တွေ​နဲ့ ဖလား​ကို ပိုက်​ခု​နစ်​ချောင်း​နဲ့ ဆက်​ထား​ပါ​တယ်။ ၃  ဆီ​မီး​တိုင်​ဘေး​မှာ သံ​လွင်​ပင်​နှစ်​ပင် ရှိ​တယ်။+ ဖလားရဲ့ ညာ​ဘက်​မှာ တစ်​ပင်၊ ဘယ်​ဘက်​မှာ တစ်​ပင် ရှိ​ပါ​တယ်” လို့​ဖြေလိုက်​တယ်။ ၄  အဲဒီ​နောက် ကျွန်​တော်​နဲ့​စကား​ပြော​နေ​တဲ့ ကောင်း​ကင်​တ​မန်​ကို​ “သခင်၊ ဒါ​တွေ​က ဘာ​ကို​ဆိုလို​တာ​လဲ” လို့​မေး​တယ်။ ၅  အဲဒီ​ကောင်း​ကင်​တမန်​က “ဒါ​တွေ ဘာ​ကို​ဆိုလို​မှန်း မသိ​ဘူး​လား” ပြန်​မေး​တော့၊ “မသိ​ပါ​ဘူး သခင်” လို့ ကျွန်​တော်​ဖြေတယ်။ ၆  အဲဒီ​အခါ သူ​က “ဇေ​ရု​ဗ​ဗေ​လ​ကို ယေဟောဝါ ပြော​တာ​က ‘“ဒါ​တွေ​အားလုံး​ဟာ စစ်​အင်အား​ကြောင့်​မ​ဟုတ်​ဘူး။ တန်ခိုး​အာ​ဏာ​ကြောင့်​လည်း မဟုတ်​ဘူး။+ ငါ့​စွမ်းအား​တော်​ကြောင့်​သာ ဖြစ်​လာ​လိမ့်​မယ်။”+ ဒါ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ၇  အို တောင်​တန်း​ကြီး၊ မင်း​က ဘယ်​သူ​မို့လို့​လဲ။ မင်း​ဟာ ဇေ​ရု​ဗ​ဗေ​လ​ရှေ့​မှာ+ မြေပြန့်​ဖြစ်​သွား​မယ်။+ ဇေ​ရု​ဗ​ဗေ​လ​က ဗိမာန်​တော်ရဲ့ ထိပ်​ဆုံး​က ထောင့်​ချုပ်​ကျောက်​ကို တပ်​ဆင်​လိုက်​တဲ့​အခါ “တင့်​တယ်​လိုက်​တာ၊ တင့်​တယ်​လိုက်​တာ” ဆို​ပြီး လူ​တွေ​ကြွေး​ကြော်​လိမ့်​မယ်။’” ၈  အဲဒီ​နောက် ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– ၉  “ဒီ​အိမ်​တော်​ကို ဇေ​ရု​ဗ​ဗေ​လ​ကိုယ်​တိုင် အုတ်​မြစ်​ချ​တာ​ဖြစ်​လို့+ သူ​ပဲ လက်​စ​သတ်​လိမ့်​မယ်။+ (ကျွန်​တော့်​ကို စေ​လွှတ်​တဲ့​သူ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပဲ​ဆို​တာ ခင်​ဗျား​တို့ သိ​ရ​လိမ့်​မယ်။) ၁၀  အသေး​အဖွဲ အလုပ်​တွေ အစ​ပြု​တဲ့​နေ့​ကို ဘယ်​သူ အထင်​သေး​မလဲ။+ လူ​တွေ​က ဇေ​ရု​ဗ​ဗေ​လ​ရဲ့ လက်​ထဲ​မှာ ချိန်​သီး​ကို​မြင်​ပြီး ဝမ်း​မြောက်​လိမ့်​မယ်။ မျက်​လုံး​ခု​နစ်​လုံး​က​လည်း အဲ​ဒါ​ကို မြင်​လိမ့်​မယ်။ အဲဒီ​မျက်​လုံး​တွေ​ဟာ မြေတစ်​ပြင်​လုံး​ကို ကြည့်​ရှု​နေ​တဲ့ ယေဟောဝါ​ရဲ့​မျက်​လုံး​တွေ​ပဲ။”+ ၁၁  အဲဒီ​နောက် ကျွန်​တော်​က “ဆီ​မီး​တိုင်​ရဲ့ ဘယ်​ညာ​နှစ်​ဖက်​မှာ​ရှိ​တဲ့ သံ​လွင်​ပင်​နှစ်​ပင်​က ဘာ​ကို​ဆိုလို​တာ​လဲ”+ လို့ သူ့​ကို​မေး​တယ်။ ၁၂  “သံ​လွင်​ပင်​ရဲ့ အခက်​နှစ်​ခက်​က* ဘာ​ကို​ဆိုလို​တာ​လဲ။ ရွှေ​ပြွန်​နှစ်​ခု​က​နေ ဖလား​ထဲ​ကို ရွှေ​ရောင်​ဆီ​တွေ စီး​ကျ​နေ​ပါ​လား” ဆို​ပြီး ထပ်​မေး​တယ်။ ၁၃  အဲဒီ​အခါ သူ​က “ဒါ​တွေ ဘာ​ကို​ဆိုလို​မှန်း မသိ​ဘူး​လား” လို့​မေး​တော့၊ ကျွန်​တော်​က “မသိ​ပါ​ဘူး သခင်” လို့​ဖြေတယ်။ ၁၄  ဒါ​နဲ့ သူ​က “ဒါ​တွေ​ဟာ ဘိသိက်​ခံ​ရ​သူ နှစ်​ယောက်​ကို ဆိုလို​တယ်။ မြေတစ်​ပြင်​လုံး​ကို​ပိုင်​စိုး​တဲ့ သခင်​ရဲ့ အနား​မှာ သူတို့​ရပ်​နေ​တာ”+ လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

သံ​လွင်​သီး​ပြွတ်​ခဲ​နေ​တဲ့ အခက်​တွေ။