ဇာခရိ ၇:၁-၁၄

  • ဟန်ဆောင်ပြီး အစာရှောင်တာကို ယေဟောဝါ ရှုတ်ချ (၁-၁၄)

    • “ငါ့အတွက် တကယ်အစာရှောင်တာ ဟုတ်လို့လား” ()

    • ‘ခိုင်မြဲတဲ့မေတ္တာနဲ့ ကရုဏာထားပြီး မှန်မှန်ကန်ကန် ဆက်ဆံကြ’ ()

၇  ဒါရိမင်းနန်းစံ ၄ နှစ်၊ ခိသလု* လို့ခေါ်တဲ့ ၉ လပိုင်း၊ ၄ ရက်နေ့မှာ ဇာခရိဆီ ယေဟောဝါရဲ့စကား ရောက်လာတယ်။+ ၂  ဗေသလမြို့သားတွေက ယေဟောဝါရဲ့မျက်နှာသာ တောင်းခံဖို့ ရှရေဇာ၊ ရေဂင်မေလက်နဲ့ သူ့လူတွေကို လွှတ်လိုက်တယ်။ ၃  ပြီးတော့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့ အိမ်တော်မှာရှိနေတဲ့ ပုရောဟိတ်တွေနဲ့ ပရောဖက်တွေကို “နှစ်ပေါင်းများစွာလုပ်ခဲ့သလို ဒီငါးလပိုင်းမှာလည်း+ အစာရှောင်ပြီး ငိုကြွေးမြည်တမ်းရဦးမလား” လို့မေးခိုင်းတယ်။ ၄  အဲဒီအခါ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၅  “ပြည်သူပြည်သားတွေနဲ့ ပုရောဟိတ်တွေကို ပြောလိုက်ပါ။ ‘မင်းတို့က ဒီအနှစ် ၇၀ အတွင်း၊+ ငါးလပိုင်းနဲ့ ခုနစ်လပိုင်းတွေမှာ+ အစာရှောင်ပြီး ငိုကြွေးမြည်တမ်းကြတဲ့အခါ ငါ့အတွက် တကယ်အစာရှောင်တာ ဟုတ်လို့လား။ ၆  မင်းတို့ စားသောက်တဲ့အခါလည်း ကိုယ်ကျိုးအတွက်ပဲ စားသောက်ခဲ့ကြတာ မဟုတ်လား။ ၇  ဂျေရုဆလင်နဲ့ ပတ်ဝန်းကျင်မြို့တွေမှာ လူတွေ စိတ်အေးလက်အေး နေထိုင်ခဲ့ချိန်တုန်းက၊ နေဂပ်နဲ့ ရှဖိလာအရပ်မှာ နေထိုင်ခဲ့ချိန်တုန်းက ရှေးပရောဖက်တွေကတစ်ဆင့် ယေဟောဝါပြောခဲ့တဲ့ စကားတွေကို မင်းတို့နာခံသင့်တယ် မဟုတ်လား။’”+ ၈  ယေဟောဝါက ဇာခရိကို ဆက်ပြောတယ်– ၉  “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက ‘မှန်မှန်ကန်ကန် တရားစီရင်ကြ။+ အချင်းချင်းကို ခိုင်မြဲတဲ့မေတ္တာနဲ့+ ကရုဏာထားပြီး ဆက်ဆံကြ။ ၁၀  မုဆိုးမတွေ၊ မိဘမဲ့တွေ၊+ တိုင်းတစ်ပါးသားတွေ၊+ ဆင်းရဲသားတွေကို+ ဖြတ်စားလျှပ်စား မလုပ်ကြနဲ့။ အချင်းချင်း အကောက်ကြံဖို့ မစဉ်းစားကြနဲ့’+ လို့ပြောခဲ့တယ်။ ၁၁  ဒါပေမဲ့ သူတို့က ငါ့စကားကို အရေးမစိုက်ဘူး။+ ခေါင်းမာမာနဲ့ ကျောခိုင်းထားတယ်။+ မကြားချင်လို့ နားပိတ်ထားတယ်။+ ၁၂  စိတ်နှလုံးကို စိန်လို* မာကျောအောင် လုပ်ထားတယ်။+ စွမ်းအားတော်ကိုသုံးပြီး ရှေးပရောဖက်တွေကတစ်ဆင့် ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောခဲ့တဲ့ စကားတွေ၊ ပညတ်ချက်တွေကို မနာခံကြဘူး။+ ဒါကြောင့် ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ အကြီးအကျယ် အမျက်ထွက်ခဲ့တယ်။”+ ၁၃  “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက ‘ငါခေါ်တဲ့အခါ သူတို့ နားမထောင်ခဲ့သလို+ သူတို့ခေါ်တဲ့အခါ ငါနားမထောင်ဘူး။+ ၁၄  ငါက သူတို့မသိတဲ့ လူမျိုးခြားတွေဆီ လေပြင်းမုန်တိုင်းနဲ့အတူ သူတို့ကို ကွဲလွင့်စေခဲ့တယ်။+ သူတို့ရဲ့ပြည်ဟာ ပျက်စီးပြီး ကျန်ရစ်ခဲ့တယ်။ ပြည်မှာ ဖြတ်သန်းသွားလာတဲ့သူ၊ ပြန်လာတဲ့သူ တစ်ယောက်မှ မရှိဘူး။+ သာယာတဲ့ပြည်ကို ထိတ်လန့်စရာကောင်းတဲ့ ပြည်ဖြစ်အောင် သူတို့လုပ်ခဲ့ကြတယ်’ လို့ပြောတယ်။”

အောက်ခြေမှတ်ချက်များ

စိန်သွေးကျောက်လို “မာကျောတဲ့ကျောက်” လည်းဖြစ်နိုင်။