ဇေဖနိ ၃:၁-၂၀

  • ဂျေရု​ဆ​လင်​ဟာ ပုန်​ကန်​တဲ့​မြို့၊ အကျင့်​ပျက်​တဲ့​မြို့ (၁-၇)

  • တ​ရား​စီ​ရင်​ခြင်း၊ ပြန်​စု​သိမ်း​ခြင်း (၈-၂၀)

    • စင်​ကြယ်​တဲ့ ဘာ​သာ​စကား​ဖြစ်​အောင် ပြောင်းလဲ ()

    • နှိမ့်​ချ​ရို​ကျိုး​သူ​တွေ ကယ်​တင်​ခံ​ရ (၁၂)

    • ဇိ​အုန်​ကြောင့် ယေဟောဝါ ရွှင်​လန်း (၁၇)

 ပုန်​ကန်​တတ်​တဲ့​မြို့၊ ညစ်​ညူး​တဲ့​မြို့၊ ဖိ​နှိပ်​တတ်​တဲ့​မြို့​ဟာ အဖြစ်​ဆိုး ကြုံ​ရ​လိမ့်​မယ်။+  ၂  သူ​ဟာ ဘု​ရား​သခင့်​စကား​ကို မနာ​ခံ​ဘူး။+ ဆုံးမ​တာ​ကို လက်မခံ​​ဘူး။+ ယေဟောဝါ​ကို မကိုး​စား​ဘူး။+ ဘုရား​သခင်​ရဲ့ အနား​ကို မလာ​ဘူး။+  ၃  သူ့​ရဲ့​မင်း​သား​မှူး​မတ်​တွေ​ဟာ ဟိန်း​ဟောက်​နေ​တဲ့ ခြင်္သေ့တွေ​ပဲ။+ တ​ရား​သူ​ကြီး​တွေ​ဟာ ည​မှာ​ကျက်​စား​တဲ့ ဝံ​ပု​လွေတွေ​ပဲ။ မနက်​ကျ​ရင် ဝါး​ဖို့ အရိုး​တစ်​ချောင်း​တောင် မချန်​တဲ့​သူ​တွေ​ပဲ။  ၄  ပရော​ဖက်​တွေ​က​လည်း ရိုင်း​စိုင်း​တဲ့​သူ​တွေ၊ သစ္စာ​ဖောက်​တွေ​ပဲ။+ ပု​ရော​ဟိတ်​တွေ​က သန့်​ရှင်း​မြင့်မြတ်ရာ​ကို ညစ်​ညူး​စေ​တယ်။+ ပညတ်​ချက်​တွေ​ကို ချိုး​ဖောက်​တယ်။+  ၅  သူ့​အလယ်​မှာ​စံ​မြန်း​တဲ့ ယေဟောဝါ​က​တော့ ဖြောင့်​မတ်​တယ်။+ အမှား​ကင်း​တယ်။ တ​ရား​စီ​ရင်​ချက်​တွေ​အကြောင်း မနက်​တိုင်း အသိ​ပေး​တယ်။+ နေ​အလင်း​ရောင်​လို မပျက်​မကွက် အသိ​ပေး​တယ်။ ဒါ​ပေမဲ့ မဖြောင့်​မတ်​သူ​ဟာ ရှက်​ရ​ကောင်း​မှန်း မသိ​ဘူး။+  ၆  “လူမျိုး​တွေ​ကို ငါ​ဖျက်​ဆီး​ခဲ့​တယ်။ မြို့​ရိုး​ထောင့်​မျှော်​စင်​တွေ ပျက်​စီး​သွား​တယ်။ သူတို့​ရဲ့​လမ်း​တွေ​ကို ဖျက်​ဆီး​လိုက်​တဲ့​အတွက် လမ်​သွား​လမ်း​လာ တစ်​ယောက်​မှ မရှိ​ဘူး။ တစ်​ယောက်​မကျန် ပျက်​စီး​ကုန်​ပြီဖြစ်​လို့ မြို့​တွေ​မှာ နေ​ထိုင်​သူ မရှိ​တော့​ဘူး။+  ၇  ‘ငါ့​ကို မင်း ကျိန်း​သေကြောက်​ရွံ့​လာ​မှာ​ပါ။ ဆုံးမ​စကား​ကို လက်ခံ​မှာ​ပါ’+ လို့ ငါ​ပြော​ခဲ့​တယ်။ အဲဒီ​လို​ဆို​ရင် သူ့​နေ​ရာ​ဟာ ဖျက်​ဆီး​ခံ​ရ​မှာ မဟုတ်​ဘူး။+ အခု​တော့ ဒါ​တွေ​အားလုံး​အတွက် ငါ​ဒဏ်​ပေး​ရ​တော့​မယ်။ ဒါ​တောင် သူတို့​က အကျင့်​ပျက်​ဖို့ ဆန္ဒ​ပြင်း​ပြနေ​တုန်း​ပဲ။+  ၈  ယေဟောဝါ ပြော​တာ​က– ‘ဒါ​ကြောင့် တိုက်​ခိုက်​လု​ယက်​ဖို့ ငါရောက်​လာ​မယ့်​နေ့* မတိုင်​မချင်း ငါ့​ကို စိတ်​ရှည်​ရှည် စောင့်​နေ​ပါ။+ လူမျိုး​တွေ​ကို စု​ဝေး​ဖို့၊ နိုင်​ငံ​တွေ​ကို စု​စည်း​ဖို့ ငါ စီ​ရင်​ဆုံး​ဖြတ်​ထား​တယ်။ အမျက်​တော်​မီး​ကို သူတို့​အပေါ် အကုန်​အစင် သွန်း​လောင်း​မယ်။+ မီး​လို​တောက်​လောင်​တဲ့ ငါ့​ရဲ့​ထက်​သန်​တဲ့​စိတ်​ကြောင့် မြေတစ်​ပြင်​လုံး လောင်​ကျွမ်း​သွား​မယ်။+  ၉  အဲဒီ​အချိန်​မှာ လူ​တွေရဲ့ ဘာ​သာ​စကား​ကို စင်​ကြယ်​တဲ့​ဘာ​သာ​စကား ဖြစ်​အောင် ငါ​ပြောင်း​လဲ​ပေး​မယ်။ လူ​တွေ​က ယေဟောဝါ​ရဲ့​နာမည်​ကို ခေါ်​ပြီး ဆုတောင်း​ကြလိမ့်​မယ်။ ငါ့​ကို စည်း​လုံး​စွာ ဝတ်​ပြု​ကြ​လိမ့်​မယ်။’*+ ၁၀  ငါ့​ကို အသနား​ခံ​နေ​သူ​တွေ၊ ကွဲ​လွင့်​နေ​တဲ့ ငါ့​လူ​တွေ​ဟာ အီသီယိုး​ပီးယား မြစ်​ဝှမ်း​ဒေ​သက​နေ ငါ့​ဆီ လက်​ဆောင်​တွေ ယူ​လာ​ကြ​လိမ့်​မယ်။+ ၁၁  ငါ့​ကို​ပုန်​ကန်​တဲ့ လုပ်​ရပ်တွေ​ကြောင့် အဲဒီ​နေ့​မှာ မင်း​ကို အရှက်​ခွဲ​မှာ မဟုတ်​ဘူး။+ အဲဒီ​အခါ ထောင်​လွှား​ဝါ​ကြွား​သူ​တွေ​ကို မင်း​ဆီ​က​နေ ငါ​ဖယ်​ရှား​မယ်။ ငါ့​ရဲ့ သန့်​ရှင်း​တဲ့​တောင်​ပေါ်​မှာ+ မင်း ထောင်​လွှား​နိုင်​တော့​မှာ မဟုတ်​ဘူး။ ၁၂  နှိမ့်​ချ​ရို​ကျိုး​သူ​တွေ​ကို မင်း​ဆီ​မှာ ငါ​ကျန်​ရစ်​စေ​မယ်။+ ယေဟောဝါ​ရဲ့ နာ​မည်​ကို သူတို့ ခိုလှုံ​ကြ​လိမ့်​မယ်။ ၁၃  ကျန်​ကြွင်း​တဲ့ အစ္စရေးတွေ​ဟာ+ မဖြောင့်​မတ်​တာ​တစ်​ခု​မှ လုပ်​မှာ​မဟုတ်​ဘူး။+ လိမ်​ညာ​မှာ၊ လှည့်​စား​ပြော​ဆို​မှာ မဟုတ်​ဘူး။ သူတို့ စား​သောက်​ပြီး လဲ​လျောင်း​ရ​လိမ့်​မယ်။ ခြောက်​လှန့်​တဲ့​သူ တစ်​ယောက်​မှ ရှိ​မှာ​မဟုတ်​ဘူး။”+ ၁၄  အို ဇိ​အုန်​သမီး​ပျို၊ ရွှင်​လန်း​စွာ ကြွေး​ကြော်​ပါ။ အို အစ္စရေး၊ အောင်​သံ​လွှင့်​ပါ။+ အို ဂျေရု​ဆ​လင်​သမီး​ပျို၊+ အူလှိုက်​သည်း​လှိုက် ရွှင်​လန်း​ဝမ်းမြောက်ပါ။ ၁၅  ယေဟောဝါ​က တ​ရား​စီ​ရင်​ချက်​တွေ​ကို မင်း​ဆီ​က​နေ ဖယ်​ရှား​လိုက်​ပြီ။+ ရန်​သူ​တွေ​ကို မောင်း​ထုတ်​လိုက်​ပြီ။+ မင်း​အလယ်​မှာ အစ္စရေး​တို့​ရဲ့​ဘုရင် ယေဟောဝါ စံ​မြန်း​နေ​ပြီ။+ ဘေး​ဆိုး​တွေ​ကို မင်း ကြောက်​စ​ရာ​မလို​တော့​ဘူး။+ ၁၆  အဲဒီ​နေ့​မှာ ဂျေရု​ဆ​လင်​ကို ပြော​မှာ​က– “ဇိ​အုန်၊ မကြောက်​နဲ့။+ လက်​အား မလျော့​နဲ့။ ၁၇  မင်း​ရဲ့​ဘု​ရား ယေဟောဝါ​ဟာ မင်း​နဲ့​အတူ ရှိ​တယ်။+ တန်ခိုး​ကြီး​တဲ့​အရှင်​ဖြစ်​လို့ မင်း​ကို ကယ်​တင်​လိမ့်​မယ်။ မင်း​ကြောင့် အကြီး​အကျယ် အား​ရ​ ရွှင်​လန်း​လိမ့်​မယ်။+ မင်း​ကို​ချစ်​တဲ့​စိတ်​နဲ့ ပီ​တိ​ဖြာ​နေ​လိမ့်​မယ်။* မင်း​ကြောင့် ရွှင်​လန်း​စွာ ကြွေး​ကြော်​ပြီး ဝမ်း​မြောက်​လိမ့်​မယ်။ ၁၈  ပွဲ​တော်​မလာ​နိုင်​လို့ ဝမ်း​နည်း​နေ​သူ​တွေ​ကို ငါ​စု​သိမ်း​မယ်။+ မင်း​ကြောင့် ကဲ့​ရဲ့​ရှုတ်​ချ​ခံ​ရလို့ သူတို့ မလာ​နိုင်​ကြ​တာ။+ ၁၉  အဲဒီ​အချိန်​မှာ မင်း​ကို ဖိ​နှိပ်​တဲ့​သူ​တွေ​ကို ငါ​အရေး​ယူ​မယ်။+ ထော့​နဲ့​ထော့​နဲ့​ဖြစ်​နေ​သူ​ကို ကယ်​တင်​မယ်။+ တ​ကွဲ​တ​ပြား​ဖြစ်​နေ​သူ​ကို ပြန်​စု​သိမ်း​မယ်။+ အရှက်​တ​ကွဲ​ဖြစ်​ခဲ့ရ​တဲ့ တိုင်း​ပြည်​တွေ​မှာ ချီး​မွမ်း​ခံ​ရ​သူ​တွေ၊ ကျော်​ကြား​သူ​တွေ ဖြစ်​စေ​မယ်။ ၂၀  အဲဒီ​အချိန်​မှာ မင်း​တို့​ကို ငါ​ပြန်​ခေါ်​လာ​မယ်။ ပြန်​စု​သိမ်း​မယ်။ မင်း​တို့​ရဲ့​သုံ့​ပန်း​တွေ​ကို ပြန်​ခေါ်​လာ​တာ ကိုယ်​တိုင် မြင်​ရ​မယ်။+ ကမ္ဘာ​ပေါ်​က လူ​အားလုံး​အလယ်​မှာ မင်း​တို့​ကို ကျော်​ကြား​သူ​တွေ၊ ချီး​မွမ်း​ခံ​ရ​သူ​တွေ ဖြစ်​စေ​မယ်”+ လို့ ယေဟောဝါ ပြော​တယ်။

အောက်ခြေမှတ်ချက်များ

“သက်​သေအဖြစ် ငါ​ရောက်​လာ​မယ့်​နေ့” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “ရင်​ပေါင်​တန်း​ပြီး ငါ့​ကို ဝတ်​ပြု​ကြ​လိမ့်​မယ်။”
ဒါ​မှ​မဟုတ်၊ “တိတ်​ဆိတ်​နေ​လိမ့်​မယ်။”