တမန်တော် ၁၂:၁-၂၅

  • ယာကုပ် ကွပ်​မျက်​ခံ​ရ၊ ပေတရု ထောင်​ကျ (၁-၅)

  • ပေတရု အံ့​ဖွယ်​နည်း​နဲ့ ထောင်​က​လွတ်​လာ (၆-၁၉)

  • ဟေ​ရုဒ်​ကို ကောင်း​ကင်​တ​မန် ဒဏ်​ခတ် (၂၀-၂၅)

၁၂  အဲဒီ​အချိန်​မှာ  ဟေ​ရုဒ်​မင်း​က အသင်း​တော်​ထဲ​က  တ​ချို့​ကို​ စတင်​ညှဉ်း​ဆဲ​တော့​တယ်။+ ၂  ယော​ဟန်​ရဲ့​အစ်​ကို+ ယာကုပ်​ကို​လည်း ဓား​နဲ့ ကွပ်​မျက်​လိုက်​တယ်။+ ၃  ဒါ​ကို ဂျူး​တွေ​သဘော​ကျ​မှန်း ဟေ​ရုဒ်​မင်း သိ​တဲ့​အခါ ပေတရု​ကို​လည်း ဖမ်း​လိုက်​တယ်။ (တ​ဆေး​မဲ့​မုန့်​ပွဲ​တော် ကျင်း​ပနေ​ချိန်​ဖြစ်​တယ်။)+ ၄  ပေတရု​ကို ဖမ်း​ဆီး​ပြီး​နောက် ပသခါ​ပွဲ*​ ပြီး​မှ​ လူ​တွေ​ရှေ့​ထုတ်​ပြီး စစ်​ဆေး​မယ်​ဆို​တဲ့​အကြံ​နဲ့ ထောင်​ ချထား​လိုက်​တယ်။+ သူ့​ကို စစ်​သည်​လေးယောက်​စီ  အလှည့်​ကျ  စောင့်​ကြပ်​တယ်။ ၅  ပေတရု ထောင်​ကျ​နေ​ချိန်​မှာ အသင်း​တော်​က သူ့​အတွက် ဘုရား​သခင်​ဆီ  စိတ်​အား​ထက်​သန်​စွာ  ဆုတောင်း​ပေး​နေ​ကြတယ်။+ ၆  ဟေ​ရုဒ်​မင်း  မထုတ်​ခင်​ည​မှာ ပေတရု​က စစ်​သည်​နှစ်​ယောက်​ကြား​မှာ အိပ်​ပျော်​နေ​တယ်။ သူ့​ကို သံ​ကြိုး​နှစ်​ချောင်း​နဲ့ ချည်​နှောင်​ထား​ပြီး ထောင်​တံခါး​ရှေ့​မှာ အစောင့်​တွေ စောင့်​ကြပ်​နေ​တယ်။ ၇  အဲဒီ​အခါ ယေဟောဝါ​ရဲ့* ကောင်း​ကင်​တ​မန် ပေါ်​လာ​ပြီး+ ထောင်​ခန်း​တစ်​ခု​လုံး  လင်း​ထိန်​သွား​တယ်။ ကောင်း​ကင်​တ​မန်​က  ပေတရုရဲ့​နံ​ဘေး​ကို​ပုတ်​ပြီး  “မြန်​မြန်​ထ​ပါ” လို့  နှိုး​တယ်။ ပေတရု​လက်​က​နေ သံ​ကြိုး​တွေ ကျွတ်​ကျ​သွား​တယ်။+ ၈  ကောင်း​ကင်​တ​မန်​က “အဝတ်​ကို အသေအချာ​ဝတ်​ပြီး ဖိနပ်​စီး​ပါ” လို့​ပြော​တဲ့​အတွက် အဲဒီ​အတိုင်း ပေတရု​လုပ်​တယ်။ “ဝတ်​ရုံ​ခြုံ​ပြီး​လိုက်​ခဲ့” လို့ ထပ်​ပြော​တော့၊ ၉  ပေတ​ရု​လည်း ထောင်​ခန်း​ထဲ​က ထွက်​ပြီး နောက်​က​နေ လိုက်​သွား​တယ်။ ကောင်း​ကင်​တ​မန် လုပ်​နေ​တာ​တွေ​ကို တ​ကယ့်​အဖြစ်​မှန်​လို့ မထင်​ဘဲ စိတ်​အာ​ရုံ​မြင်​နေ​တာ​လို့ သူ​ထင်​နေ​တယ်။ ၁၀  ပထ​မအစောင့်​တပ်​နဲ့ ဒုတိ​ယ​အစောင့်​တပ်​ကို ကျော်​ဖြတ်​ပြီး မြို့​ထဲ​ဝင်​တဲ့ သံ​တံခါး​နား​ကို ရောက်​တဲ့​အခါ တံခါး အလို​လို​ပွင့်​သွား​တယ်။ သူတို့​ထွက်​လာ​ပြီး​နောက် လမ်း​အတိုင်း ဆက်​လျှောက်​လာ​တဲ့​အခါ ကောင်း​ကင်​တ​မန်​က ရုတ်​တ​ရက် ထွက်​ခွာ​သွား​တယ်။ ၁၁  ဒါ​ဟာ အဖြစ်​မှန်​ပဲ​ဆို​တာ ပေတရု​သိ​သွား​တဲ့​အခါ “ယေဟောဝါ* ဘု​ရား​က ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​ပြီး ဟေ​ရုဒ်​မင်း​လက်​က​နေ၊ ဂျူး​တွေ​မျှော်​လင့်​ထား​တဲ့ ဘေး​က​နေ ငါ့​ကို​ကယ်​တင်​လိုက်​မှန်း ငါ​ကောင်း​ကောင်း​သိ​ပြီ”+ လို့​ပြော​တယ်။ ၁၂  အဖြစ်​မှန်​ကို  သိ​ပြီး​တဲ့​နောက် ပေတရု​က မာကု​လို့​လည်း​ခေါ်​တဲ့ ယောဟန်​ရဲ့+ မိ​ခင် မာ​ရိ​အိမ်​ကို သွား​လိုက်​တယ်။ အဲဒီ​မှာ တ​ပည့်​တ​ချို့ စု​ရုံး​ပြီး ဆုတောင်း​နေ​တယ်။ ၁၃  ပေတရု တံခါး​ခေါက်​လိုက်​တဲ့​အခါ  ရော​ဒေ​လို့​ခေါ်​တဲ့  အစေ​ခံ​မလေး​က  တံခါး​ဖွင့်​ပေးဖို့​ လာ​တယ်။ ၁၄  ပေတရုရဲ့​အသံ​ကို သူ မှတ်​မိ​သွား​တဲ့​အခါ တံခါး​မဖွင့်​ဘဲ ဝမ်းသာ​အား​ရ အထဲ​ပြေး​ဝင်​ပြီး တံခါး​ရှေ့​မှာ ပေတရုရောက်​နေ​တယ်​လို့ ပြော​တယ်။ ၁၅  “မင်း  စိတ်​မှန်​သေး​ရဲ့​လား” လို့ သူတို့​ပြော​ပေမဲ့ သူ​က ပေတရု တ​ကယ်​ရောက်​နေ​တာ​ဆို​ပြီး အထပ်​ထပ်  ပြော​နေ​တော့ “ပေတရုရဲ့ ကောင်း​ကင်​တ​မန်​ပဲ ဖြစ်​ရ​မယ်” လို့​ပြော​ကြ​တယ်။ ၁၆  ပေတရု​က တံခါး​ကို ဆက်​ခေါက်​နေ​တော့ သူတို့ လာ​ဖွင့်​ပေး​တယ်။ ပေတရု​ကို မြင်​တဲ့​အခါ အံ့သြ​သွား​ကြ​တယ်။ ၁၇  ပေတရု​က သူတို့​ကို တိတ်​တိတ်​နေ​ဖို့ လက်​ရိပ်​ပြပြီး သူ့​ကို ထောင်​ထဲ​က​နေ ယေဟောဝါ* ခေါ်​ထုတ်​ခဲ့​ပုံ​ကို အသေး​စိတ်​ပြော​ပြတယ်။ အဲဒီ​နောက် “ယာကုပ်​နဲ့+ ညီ​အစ်​ကို​တွေ​ကို​လည်း အကြောင်း​ကြား​လိုက်​ပါ” လို့​မှာ​ခဲ့​ပြီး တ​ခြား​နေ​ရာ​ကို ခ​ရီး​ဆက်​သွား​တယ်။ ၁၈  မိုး​လင်း​တဲ့​အခါ စစ်​သည်​တွေ​က ပေတရု ဘယ်​ရောက်​သွား​မှန်း မသိ​တော့ ယောက်​ယက်​ခတ်​ကုန်​တယ်။ ၁၉  ဟေ​ရုဒ်​မင်း​က ပေတရု​ကို အသည်း​အသန်​ရှာ​ပေမဲ့ မတွေ့​တဲ့​အခါ အစောင့်​တွေ​ကို စစ်​မေး​ပြီး ပြစ်​ဒဏ်​စီ​ရင်​ဖို့ အမိန့်​ချ​တယ်။+ အဲဒီ​နောက် ယုဒ​ပြည်​က​နေ ကဲ​သရိ​မြို့​ကို ထွက်​သွား​ပြီး အဲဒီ​မှာ​ပဲ ဆက်​နေ​ထိုင်​တယ်။ ၂၀  တစ်​နေ့​မှာ ဟေ​ရုဒ်​မင်း​က တိုင်​ရာ​မြို့​သား​နဲ့  ဆိုင်​ဒုန်​မြို့​သား​တွေ​ကို အကြီး​အကျယ် ဒေါသ​ထွက်​တယ်။ ဒါ​ကြောင့် အဲဒီ​မြို့​သား​တွေ​က တ​ညီ​တ​ညွတ်​တည်း ရောက်​လာ​ပြီး ဗ​လ​တု​လို့​ခေါ်​တဲ့ နန်း​တော်​အုပ်​ရဲ့ အကူ​အညီ​နဲ့ အမျက်​တော်​ပြေဖို့ တောင်း​ပန်​ကြ​တယ်။ သူတို့​ရဲ့​တိုင်း​ပြည်​ဟာ စား​နပ်​ရိက္ခာရ​ဖို့ ဟေ​ရုဒ်​မင်း​ကို မှီ​ခို​နေ​ရလို့​ပဲ။ ၂၁  လူ​တွေ​စု​ဝေး​ကြ​တဲ့ နေ့​တစ်​နေ့​မှာ ဟေ​ရုဒ်​မင်း​က မင်း​ဝတ်​တန်​ဆာ​တွေ ဝတ်​ဆင်​ပြီး  တ​ရား​ပလ္လင်​ပေါ်  ထိုင်​နေ​တယ်။ ပြည်​သူ​တွေ​ကို သူ​မိန့်​ခွန်း​ပြော​တဲ့​အခါ၊ ၂၂  စု​ဝေး​နေ​သူ​တွေ​က “ဒါ လူ​ရဲ့​အသံ မဟုတ်​ဘူး။ ဘု​ရားရဲ့  အသံ​ပဲ” လို့ ကြွေး​ကြော်​ကြ​တယ်။ ၂၃  ချက်​ချင်း​ပဲ သူ့​ကို ယေဟောဝါ​ရဲ့* ကောင်း​ကင်​တ​မန် ဒဏ်​ခတ်​လိုက်​တဲ့​အတွက် သန်​ကောင်​ထိုး​ပြီး ကွယ်​လွန်​သွား​တယ်။ ဘုရား​သခင်​ပဲ ရ​ထိုက်​တဲ့ ချီး​မွမ်း​ဂုဏ်​တင်​မှု​ကို သူ​ခံ​ယူ​ခဲ့လို့​ပဲ။ ၂၄  ယေဟောဝါ​ရဲ့* တ​ရား​စကား​က​တော့ ပျံ့​နှံ့​သည်​ထက် ပျံ့​နှံ​လာ​တယ်။+ ၂၅  ဗာ​န​ဗ​နဲ့+ ရှောလု​က ဂျေရု​ဆ​လင်​မြို့​မှာ ကယ်​ဆယ်​ရေး​လုပ်ငန်း​ကို ပြီး​စီး​အောင် လုပ်​ပြီး​တဲ့​နောက်+ မာကု​လို့​လည်း​ခေါ်​တဲ့ ယောဟန်​ကို ခေါ်​ပြီး+ ပြန်​သွား​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။