တမန်တော် ၂:၁-၄၇

  • ပင်တေကုတ္တေပွဲနေ့မှာ သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်း (၁-၁၃)

  • ပေတရုရဲ့ ဟောပြောချက် (၁၄-၃၆)

  • ပေတရုဟောတာကို လူတွေ လက်ခံ (၃၇-၄၁)

    • လူ ၃,၀၀၀ နှစ်ခြင်းခံ (၄၁)

  • ခရစ်ယာန်တွေ စုဝေးပေါင်းသင်းကြ (၄၂-၄၇)

 ပင်တေကုတ္တေပွဲနေ့*+ ရောက်တဲ့အခါ  တပည့်တွေ တစ်နေရာတည်းမှာ စုဝေးနေကြတယ်။ ၂  အဲဒီအချိန်မှာ လေပြင်းတိုက်သလို အသံတစ်သံ ကောင်းကင်ကနေ ရုတ်တရက်ပေါ်လာပြီး သူတို့ထိုင်နေတဲ့ အိမ်တစ်အိမ်လုံး ပျံ့သွားတယ်။+ ၃  လျှာသဏ္ဌာန် မီးလျှံတွေလည်း ပေါ်လာတယ်။ မီးလျှံတွေ အဖြာဖြာကွဲပြီး တစ်ယောက်စီရဲ့ခေါင်းပေါ်  ရောက်သွားတယ်။ ၄  သူတို့အားလုံး သန့်ရှင်းသော စွမ်းအားတော်နဲ့ပြည့်ပြီး+ စွမ်းအားတော်က ပြောဆိုနိုင်စွမ်းပေးတဲ့အတိုင်း ဘာသာစကားမျိုးစုံနဲ့ ပြောဆိုကြတော့တယ်။+ ၅  အဲဒီအချိန်မှာ  ကမ္ဘာ့တိုင်းနိုင်ငံအသီးသီးက ဘုရားတရားကြည်ညိုတဲ့ ဂျူးတွေဟာ ဂျေရုဆလင်မြို့မှာ ရောက်နေကြတယ်။+ ၆  အဲဒီအသံကို ကြားတဲ့အခါ လူတွေစုရုံးလာကြတယ်။ ကိုယ့်ဘာသာစကားနဲ့  ပြောဆိုနေတာကို ကြားရလို့  လူအားလုံး အံ့သြကုန်တယ်။ ၇  သူတို့  တအံ့တသြဖြစ်ပြီး  “အခုဟောနေကြတာ ဂါလိလဲနယ်သားတွေပဲ။+ ၈  ဒါဆို ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး ကိုယ့်မိခင်ဘာသာစကားနဲ့ ကြားနေရတာလဲ။ ၉  ပါသိလူမျိုး၊ မီးဒီးယားလူမျိုး၊+ ဧလံလူမျိုး၊+ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊  ပုန္တုပြည်နဲ့  အာရှခရိုင်တွေမှာ နေထိုင်သူတွေ၊+ ၁၀  ဖြုဂိပြည်၊  ပံဖုလိပြည်၊ အီဂျစ်ပြည်နဲ့ ကုရေနေမြို့နားက လစ်ဗျားနယ်တွေမှာ နေထိုင်သူတွေ၊  ရောမမြို့ကနေလာတဲ့ ဂျူးတွေနဲ့ ဂျူးဘာသာပြောင်းဝင်လာသူတွေ၊+ ၁၁  ခရိပြည်သားတွေ၊  အာရပ်ပြည်သားတွေဖြစ်တဲ့ ကျွန်တော်တို့က ဘုရားသခင်ရဲ့  အံ့ဖွယ်အမှုတွေအကြောင်းကို ကိုယ့်ဘာသာစကားနဲ့  ကြားနေရပါလား” လို့ပြောကြတယ်။ ၁၂  “ဘယ်လိုဖြစ်တာလဲ” လို့ တအံ့တသြနဲ့ အချင်းချင်းမေးကြတယ်။ ၁၃  တချို့ကတော့ “ဒီလူတွေ ဝိုင်မူးနေတာပါကွာ” ဆိုပြီး ကဲ့ရဲ့ကြတယ်။ ၁၄  အဲဒီအခါ ပေတရုက တမန်တော် ၁၁ ယောက်နဲ့အတူ ရပ်ပြီး+ အသံကျယ်ကျယ်နဲ့ စဟောတော့တယ်– “ယုဒပြည်သားနဲ့ ဂျေရုဆလင်မြို့သားတို့၊ ကျွန်တော်ပြောတာကို အာရုံစိုက်နားထောင်ကြပါ။ ၁၅  ဒီလူတွေဟာ ခင်ဗျားတို့ထင်သလို မူးနေတာ မဟုတ်ပါဘူး။ အခုမှ မနက် ၉ နာရီပဲ* ရှိပါသေးတယ်။ ၁၆  တကယ်တော့ ပရောဖက်ယောလ ဟောခဲ့တဲ့အတိုင်း ဖြစ်နေတာပါ။ ၁၇  ဘုရားသခင်က ‘“နောက်ဆုံးကာလမှာ စွမ်းအားတော်ကို လူအမျိုးမျိုးအပေါ် ငါသွန်းလောင်းမယ်။ မင်းတို့ရဲ့သားသမီးတွေ ပရောဖက်ပြုကြလိမ့်မယ်။ လူငယ်တွေ စိတ်အာရုံ မြင်ကြလိမ့်မယ်။ အသက်ကြီးသူတွေ အိပ်မက် မြင်မက်ကြလိမ့်မယ်။+ ၁၈  အဲဒီအချိန်မှာ ငါ့ကျွန်တွေ၊ ကျွန်မတွေကိုပါ စွမ်းအားတော် သွန်းလောင်းမှာဖြစ်လို့ သူတို့ ပရောဖက်ပြုကြလိမ့်မယ်။+ ၁၉  ငါက ကောင်းကင်မှာ ထူးဆန်းတဲ့အရာတွေ ပြမယ်။ ကမ္ဘာမြေပေါ်မှာ သွေးတွေ၊ မီးတွေ၊ မီးခိုးလုံးတွေဖြစ်တဲ့ အံ့ဖွယ်အမှုတွေ ပြမယ်။ ၂၀  ယေဟောဝါရဲ့* နေ့ထူးနေ့မြတ်ကြီး မရောက်ခင် နေဟာ မှောင်မိုက်သွားမယ်။ လဟာ သွေးဖြစ်သွားမယ်။ ၂၁  ယေဟောဝါရဲ့* နာမည်ကိုခေါ်ပြီး ဆုတောင်းသူတိုင်း ကယ်တင်ခံရမယ်”’+ လို့ပြောခဲ့တယ်။ ၂၂  “အစ္စရေးလူတို့၊ နားထောင်ကြပါ။ ဘုရားသခင်က နာဇရက်မြို့သားယေရှုကို ခင်ဗျားတို့အားလုံး သိအောင် ဖော်ပြခဲ့ပြီ။ ယေရှုကိုသုံးပြီး တန်ခိုးတွေ၊ ထူးဆန်းတဲ့အရာတွေ၊ အံ့ဖွယ်အမှုတွေ ပြခဲ့တာလည်း+ ခင်ဗျားတို့အသိပဲ။ ၂၃  ဘုရားသခင် ရည်ရွယ်ထားတဲ့အတိုင်း၊  ကြိုတင်သိမြင်ထားတဲ့အတိုင်း+ ခင်ဗျားတို့ဖမ်းဆီးလိုက်တဲ့ ယေရှုဟာ တရားမဲ့သူတွေရဲ့ လက်ချက်နဲ့ သစ်တိုင်ပေါ်မှာ  ကွပ်မျက်ခံခဲ့ရပြီ။+ ၂၄  ဒါပေမဲ့ ဘုရားသခင်က သူ့ကို သေခြင်းရဲ့အချုပ်အနှောင်ကနေ လွှတ်ပေးပြီး ရှင်ပြန်ထမြောက်စေပြီ။+ သေခြင်းက သူ့ကို ဆက်ပြီး မချုပ်နှောင်ထားနိုင်ဘူး။+ ၂၅  သူနဲ့ပတ်သက်ပြီး ဒါဝိဒ်ပြောဖူးတာက ‘ယေဟောဝါဟာ* ကျွန်တော့်ရှေ့မှာ အမြဲရှိနေတယ်။ ကျွန်တော့်ညာဘက်မှာ ဘုရားရှိနေလို့ ဘယ်တော့မှ တုန်လှုပ်ရမှာ မဟုတ်ဘူး။ ၂၆  ဒါကြောင့် ရင်ထဲမှာ ကြည်နူးပြီး ဝမ်းသာအားရ  ပြောမယ်။   မျှော်လင့်ချက်နဲ့ အသက်ရှင်မယ်။ ၂၇  ကိုယ်တော်က ကျွန်တော့်ကို သင်္ချိုင်းမှာ ပစ်ထားမှာ မဟုတ်ဘူး။ သစ္စာစောင့်သိသူကို ပုပ်ပျက်သွားတဲ့အဖြစ်မျိုး တွေ့ကြုံခွင့်ပြုမှာ မဟုတ်ဘူး။+ ၂၈  ကိုယ်တော့်ကြောင့် အသက်လမ်းကို ကျွန်တော် သိရှိရတယ်။ ကျွန်တော့်ကို ရှေ့တော်မှာ နေခွင့်ပြုပြီး ဝမ်းမြောက်စေတယ်။’+ ၂၉  “ညီအစ်ကိုတို့၊ ကျွန်တော်တို့ရဲ့ဘိုးဘေး ဒါဝိဒ်အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပါရစေ။ ဒါဝိဒ်ဟာ သေဆုံးပြီး သင်္ဂြိုဟ်ခံရတယ်။+ သူ့သင်္ချိုင်းဂူက အခုထိ ဒီမြို့မှာ ရှိနေသေးတယ်။ ၃၀  သူဟာ ပရောဖက်ဖြစ်တယ်။ သူ့ရဲ့ ရင်သွေးတစ်ယောက်ကို သူ့ရဲ့ရာဇပလ္လင်ပေါ် နန်းထိုင်စေမယ်လို့ ဘုရားသခင် ကျိန်ဆိုခဲ့တာကိုလည်း သိတယ်။+ ၃၁  ခရစ်တော် ထမြောက်မယ့်အကြောင်းကို သူကြိုသိနေလို့ ခရစ်တော်ဟာ သင်္ချိုင်းမှာ* စွန့်ပစ်ခံရမှာ မဟုတ်ဘူး၊ ခန္ဓာကိုယ်လည်း ပုပ်ပျက်မှာမဟုတ်ဘူး ဆိုပြီး သူပြောခဲ့တယ်။+ ၃၂  အဲဒီယေရှုကို ဘုရားသခင် ရှင်ပြန်ထမြောက်စေပြီ။ ကျွန်တော်တို့အားလုံး မျက်မြင်သက်သေတွေပဲ။+ ၃၃  ယေရှုက ဘုရားသခင်ရဲ့ လက်ယာဘက်မှာ ချီးမြှောက်ခံရပြီး+ ကောင်းကင်အဖ ကတိပေးထားတဲ့ သန့်ရှင်းသော စွမ်းအားတော်ကို ရပြီ။+ ဒါကြောင့် အခု ခင်ဗျားတို့ကြားရမြင်ရတဲ့အတိုင်း အဲဒီစွမ်းအားတော်ကို ကျွန်တော်တို့အပေါ် သွန်းလောင်းလိုက်တာပါ။ ၃၄  တကယ်တော့  ဒါဝိဒ်ဟာ ကောင်းကင် မတက်ခဲ့ပါဘူး။ ဒါပေမဲ့ သူပြောခဲ့တယ်–  ‘ယေဟောဝါက၊* ၃၅  “ရန်သူတွေကို မင်းရဲ့ခြေအောက်မှာ မချခင်အထိ ငါ့ညာဘက်မှာ ထိုင်နေပါ” လို့ ငါ့သခင်ကို ပြောတယ်။’+ ၃၆  ဒါကြောင့် ခင်ဗျားတို့ သစ်တိုင်ပေါ်တင်ခဲ့တဲ့ ယေရှုကို ဘုရားသခင်က သခင်အဖြစ်၊+ ခရစ်တော်အဖြစ် ခန့်ထားလိုက်ပြီဆိုတာ အစ္စရေးတစ်မျိုးလုံး သိကြပါစေ။”+ ၃၇  ဒါကိုကြားတဲ့အခါ လူတွေစိတ်ပူပန်ပြီး  “ညီအစ်ကိုတို့၊ ဒါဆို ကျွန်တော်တို့ ဘာလုပ်ရမလဲ”  လို့ ပေတရုနဲ့ ကျန်တဲ့တမန်တော်တွေကို  မေးကြတယ်။ ၃၈  ပေတရုက “နောင်တရကြပါ။+ ယေရှုခရစ်ရဲ့ နာမည်နဲ့ နှစ်ခြင်းခံကြပါ။+ ဒါဆိုရင် အပြစ်တွေ ခွင့်လွှတ်ခံရပြီး+ သန့်ရှင်းသောစွမ်းအားတော်ဆိုတဲ့ ဆုလက်ဆောင်ကို ရကြလိမ့်မယ်။ ၃၉  ဒီကတိဟာ+ ခင်ဗျားတို့နဲ့ရော ခင်ဗျားတို့ရဲ့ သားသမီးတွေနဲ့ပါ သက်ဆိုင်တယ်။ ယေဟောဝါ* ဘုရား ရွေးချယ်မယ့် ရပ်ဝေးကလူတွေနဲ့လည်း သက်ဆိုင်တယ်”+ လို့ပြောတယ်။ ၄၀  တခြားဘာသာစကားတွေနဲ့လည်း စေ့စေ့စပ်စပ် သက်သေခံပြီး “ဖျက်ဆီးမခံရဖို့ ဆိုးညစ်တဲ့ ဒီလူမျိုးထဲကနေ ထွက်ကြပါ” လို့တိုက်တွန်းနှိုးဆော်တယ်။+ ၄၁  ပေတရုရဲ့စကားကို ဝမ်းသာအားရ လက်ခံသူတွေ နှစ်ခြင်းခံကြတဲ့အတွက်+ အဲဒီနေ့မှာ လူ ၃,၀၀၀ လောက် တိုးများလာတယ်။+ ၄၂  သူတို့က တမန်တော်တွေဆီကနေ သင်ယူတာ၊ ရှိတာတွေကို  ဝေမျှသုံးစွဲတာ၊  ဝေမျှစားသောက်တာ၊+  ဆုတောင်းတာတွေ ဆက်လုပ်ဆောင်နေကြတယ်။+ ၄၃  လူတွေက တမန်တော်တွေပြတဲ့ ထူးဆန်းတဲ့အရာတွေ၊ အံ့ဖွယ်အမှုတွေကို  မြင်တဲ့အခါ+ ကြောက်ရွံ့လာကြတယ်။ ၄၄  ယုံကြည်လာသူတွေက အတူစုဝေးပြီး ရှိတာတွေကို ဝေမျှသုံးစွဲကြတယ်။ ၄၅  သူတို့ရဲ့ ပစ္စည်းဥစ္စာတွေ၊ ပိုင်ဆိုင်ရာတွေကို ရောင်းပြီး+ တစ်ယောက်စီကို လိုအပ်သလို ဝေမျှပေးကြတယ်။+ ၄၆  နေ့စဉ်ရက်ဆက် ဗိမာန်တော်မှာ စည်းစည်းလုံးလုံး စုဝေးပြီး သူတို့ရဲ့အိမ်တွေမှာလည်း စိတ်ရင်းစေတနာနဲ့ ဝမ်းသာအားရ ဝေမျှစားသောက်ကြတယ်။ ၄၇  ဘုရားသခင်ကို ချီးမွမ်းကြတယ်။ လူတွေကလည်း သူတို့ကို သဘောကျနှစ်သက်ကြတယ်။ အဲဒီအပြင် ယေဟောဝါက* ကယ်တင်ခံရမယ့်သူ အရေအတွက်ကို နေ့တိုင်း တိုးများစေတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
မူရင်း၊ “နေထွက်ပြီးနောက် ၃ ချက်တီး။”
ခက်ဆစ်ကိုကြည့်။