တရားသူကြီး ၁၁:၁-၄၀

  • တ​ရား​သူ​ကြီး ယေ​ဖသ နှင်​ထုတ်​ခံ​ရ၊ နောက်​ပိုင်း ခေါင်း​ဆောင်​ဖြစ် (၁-၁၁)

  • အမ္မုန်​လူ​တွေ​ကို ယေ​ဖသ အကျိုး​အကြောင်း​ပြော​ပြ (၁၂-၂၈)

  • ယေ​ဖသရဲ့ သစ္စာ​ကတိ၊ သူ့​သမီး (၂၉-၄၀)

    • ယေ​သဖသမီး​ရဲ့ တစ်​ကိုယ်​ရေ​ဘဝ (၃၈-၄၀)

၁၁  ဂိလ​ဒ်​အမျိုး​သား  ယေ​ဖသဟာ+ ခွန်​အား​ကြီး စစ်​သူ​ရဲ​တစ်​ယောက်​ပဲ။ သူ့​ဖခင်​က ဂိလဒ်လို့​ခေါ်​တယ်။ အမေက​တော့ ပြည့်​တန်​ဆာ​ဖြစ်​တယ်။ ၂  ဂိလဒ်ရဲ့​ဇနီး​မှာ​လည်း သား​တွေ​ရှိ​တယ်။ အဲဒီ​သား​တွေ​ကြီး​လာ​တော့ ယေ​ဖသကို “မင်း​က တ​ခြား​မိန်း​မနဲ့​ရ​တဲ့ သား​ဖြစ်​လို့ ငါ​တို့​အဖေရဲ့ အိမ်​သား​တွေ​နဲ့​အတူ အမွေ​ခံ​ရ​မှာ မဟုတ်​ဘူး” လို့​ပြော​ပြီး နှင်​ထုတ်​ကြ​တယ်။ ၃  ယေ​ဖသလည်း သူ့​ညီ​အစ်​ကို​တွေ​ဆီ​က​နေ ထွက်​သွား​ပြီး တော​ဘ​ပြည်​မှာ နေ​ထိုင်​တယ်။ အလုပ်​လက်​မဲ့​ဖြစ်​နေ​သူ​တွေ​က ယေ​ဖသနဲ့ ပူး​ပေါင်း​လာ​ပြီး သူ့​နောက်​ကို လိုက်​ကြ​တယ်။ ၄  မကြာ​ခင်​မှာ အမ္မုန်​လူ​တွေ​က အစ္စရေးတွေ​ကို  တိုက်​ခိုက်​တယ်။+ ၅  အဲဒီ​အခါ  ဂိလဒ်​ပြည်​ရဲ့  အကြီး​အကဲ​တွေ​က ယေ​ဖသကို ပြန်​ခေါ်​ဖို့ တော​ဘ​ပြည်​ကို ချက်​ချင်း​ထွက်​သွား​တယ်။ ၆  သူတို့​က “ပြန်​လိုက်​ခဲ့​ပါ​။​ ငါ​တို့​ရဲ့​တပ်​မှူး​လုပ်​ပြီး အမ္မုန်​လူ​တွေ​ကို တိုက်​ခိုက်​ပါ” လို့​ပြော​တော့၊ ၇  ယေ​ဖသက “ကျွန်​တော့်​ကို မုန်း​လွန်း​လို့  အဖေ့​အိမ်​က​နေ  မောင်း​ထုတ်​လိုက်​ပြီပဲ။+ ဒုက္ခရောက်​တော့​မှ ဘာ​လို့ လာ​ခေါ်​ကြ​တာ​လဲ” ဆို​ပြီး​ပြန်​ပြော​တယ်။ ၈  ဂိလဒ်​ပြည်​အကြီး​အကဲ​တွေ​က “အခု​လို ဒုက္ခရောက်လို့​ပဲ မင်း​ကို လာ​ခေါ်​ရ​တာ​ပေါ့။  မင်း​သာ  ငါ​တို့​နဲ့​လိုက်​လာ​ပြီး အမ္မုန်​လူ​တွေ​ကို တိုက်​ခိုက်​ပေး​မယ်​ဆို​ရင် မင်း​ကို ဂိလဒ်​ပြည်​ရဲ့  ခေါင်း​ဆောင်​တင်​မယ်”+  ဆို​ပြီး  ယေ​ဖသကို  ပြော​ကြ​တယ်။ ၉  ယေဖ​သက “အမ္မုန်​လူ​တွေ​ကို တိုက်​ခိုက်​ဖို့ ကျွန်​တော့်​ကို ခင်​ဗျား​တို့​လာ​ခေါ်​တယ်၊ ယေဟောဝါ​ဘု​ရား​က​လည်း အောင်​ပွဲ​ခံ​စေ​တယ်​ဆို​ရင် ကျွန်​တော် ခေါင်း​ဆောင် တ​ကယ်​လုပ်​မယ်”​  ဆို​ပြီး  ပြန်​ပြော​တယ်။ ၁၀  ဂိလဒ်​ပြည်​အကြီး​အကဲ​တွေ​က​လည်း “ယေဟောဝါ​ဘု​ရား​ကို သက်​သေထား​ပြီး ငါ​တို့​ကတိ​ပေး​တယ်။ မင်း​ပြော​တဲ့​အတိုင်း ဖြစ်​စေ​ရ​မယ်” လို့​ပြော​ကြ​တယ်။ ၁၁  ဒါ​ကြောင့် ယေ​ဖသက ဂိလဒ်​ပြည်​အကြီး​အကဲ​တွေ​နဲ့​အတူ လိုက်​သွား​တယ်။ လူ​တွေ​က​လည်း သူ့​ကို ခေါင်း​ဆောင်​နဲ့ တပ်​မှူး​အဖြစ် ခန့်​လိုက်​တယ်။ ယေ​ဖသက သူ​ပြော​ခဲ့​တဲ့ စကား​တွေ​ကို မိ​ဇ​ပါ​မြို့၊+ ယေဟောဝါ​ရှေ့​မှာ တစ်​လုံး​မကျန် ပြန်​ပြော​တယ်။ ၁၂  အဲဒီ​နောက် ယေ​ဖသက အမ္မုန်​ဘု​ရင်​ဆီ+ တ​မန်​တွေ​လွှတ်​ပြီး “မင်း​ကြီး​က ဘာ​များ မကျေ​နပ်​တာ​ရှိ​လို့ ကျွန်​တော့်ရဲ့​ပြည်​ကို လာ​တိုက်​တာ​လဲ” ဆို​ပြီး​ပြော​ခိုင်း​တယ်။ ၁၃  အမ္မုန်​ဘု​ရင်​က​လည်း  “အစ္စရေးတွေ  အီဂျစ်​ပြည်​က​နေ ထွက်​လာ​တုန်း​က အာ​နုန်​သဲ​ချောင်း​က​နေ+ ယာ​ဗုတ်​ချောင်း​အထိ၊ ဂျော်​ဒန်​မြစ်​အထိ+ ငါ့​နယ်​မြေကို သိမ်း​ယူ​ခဲ့​တယ်။+ အခု၊ အဲဒီ​နယ်​မြေကို အေး​အေး​ဆေး​ဆေး​ပြန်​အပ်​ပါ” ဆို​ပြီး ယေ​ဖသရဲ့​တ​မန်​တွေ​ကို ပြန်​ပြော​တယ်။ ၁၄  ယေ​ဖသက အမ္မုန်​ဘု​ရင်​ဆီ တ​မန်​တွေ​ပြန်​လွှတ်​ပြီး ၁၅  အမှာ​စကား​ပါး​လိုက်​တယ်– “ယေ​ဖသ မှာ​လိုက်​တာ​က ‘မောဘ​ပြည်​နဲ့+  အမ္မုန်​ပြည်​ကို+  အစ္စရေးတွေ မသိမ်း​ယူ​ခဲ့​ပါ​ဘူး။ ၁၆  အီဂျစ်​ပြည်​က​နေ အစ္စရေးတွေ ထွက်​လာ​တုန်း​က  ပင်လယ်​နီ​ရောက်​တဲ့​အထိ+ တော​ကန္တာရ​ကို ဖြတ်​လျှောက်​ပြီး ကာ​ဒေ​ရှ​အရပ်​ကို  ရောက်​လာ​ကြ​တယ်။+ ၁၇  အစ္စရေးတွေ​က ဧ​ဒုံ​ဘု​ရင်​ဆီ တ​မန်​တွေ​လွှတ်​ပြီး+  “မင်း​ကြီး​ရဲ့​ပြည်​ကို ဖြတ်​ခွင့်​ပြု​ပါ” လို့​ခွင့်​တောင်း​ပေမဲ့ ဧဒုံ​ဘု​ရင် နား​မထောင်​ခဲ့​ဘူး။ မောဘ​ဘု​ရင်​ဆီ+ တ​မန်​တွေ​လွှတ်​ပြီး ခွင့်​တောင်း​တော့​လည်း လက်မခံ​​ပြန်​ဘူး။ ဒါ​နဲ့ အစ္စရေးတွေ​က ကာ​ဒေ​ရှ​အရပ်​မှာ ဆက်​နေ​ထိုင်​ကြ​တယ်။+ ၁၈  အဲဒီ​နောက် ဧ​ဒုံ​ပြည်​နဲ့+ မောဘ​ပြည်​ကို ရှောင်​ပြီး တော​ကန္တာရ​ကို ဖြတ်​လျှောက်​သွား​ခဲ့​တယ်။ မောဘ​ပြည်​အရှေ့​ဘက်​ကို+ ဆက်​သွား​ပြီး အာ​နုန်​သဲ​ချောင်း​ဒေ​သမှာ စ​ခန်း​ချ​တယ်။ အာ​နုန်​သဲ​ချောင်း​က မောဘ​ပြည်​ရဲ့ နယ်​နိ​မိတ်​ဖြစ်​နေ​လို့+ အဲဒီ​နယ်​နိ​မိတ်​ထဲ သူတို့​မဝင်​ခဲ့​ဘူး။ ၁၉  “‘အဲဒီ​နောက် အစ္စရေးတွေ​က ဟေ​ရှ​ဘုန်​မြို့​မှာ နန်း​စံ​တဲ့ အာ​မော​ရိ​ဘုရင် ရှိ​ဟုန်​ဆီ တ​မန်​တွေ​လွှတ်​ပြီး “ကျွန်​တော်​တို့​ရဲ့​ပြည်​ဆီ အရောက်​သွား​နိုင်​ဖို့ မင်း​ကြီး​ရဲ့​ပြည်​ကို ဖြတ်​ခွင့်​ပြု​ပါ”+ လို့ ခွင့်​တောင်း​ခဲ့​တယ်။ ၂၀  ရှိ​ဟုန်​က အစ္စရေးတွေ​ကို မယုံ​တော့ သူ့​ပြည်​ထဲ ဖြတ်​ခွင့်​မပေး​ဘူး။ သူ့​လူ​တွေ​ကို စုရုံး၊ ယာ​ဟတ်​မြို့​မှာ စ​ခန်း​ချ​ပြီး အစ္စရေးတွေ​ကို တိုက်​ခိုက်​ခဲ့​တယ်။+ ၂၁  အဲဒီ​အခါ အစ္စရေး​တို့​ရဲ့​ဘု​ရား ယေဟောဝါ​က ရှိ​ဟုန်​နဲ့ သူ့​လူ​တွေ​ကို အစ္စရေးတွေ​လက်​ထဲ အပ်​လိုက်​တဲ့​အတွက် အစ္စရေးတွေ အနိုင်​ရ​ပြီး အဲဒီ​ပြည်​သား အာ​မော​ရိ​လူ​တွေရဲ့ နယ်​မြေရှိ​သမျှ​ကို သိမ်း​ပိုက်​ခဲ့​တယ်။+ ၂၂  ဒီ​လို​နဲ့ အာ​နုန်​သဲ​ချောင်း​က​နေ ယာ​ဗုတ်​ချောင်း​အထိ၊ တော​ကန္တာရ​က​နေ ဂျော်​ဒန်​မြစ်​အထိ အာ​မော​ရိ​နယ်​မြေ တစ်​ခု​လုံး​ကို သူတို့ သိမ်း​ပိုက်​လိုက်​ကြ​တယ်။+ ၂၃  “‘အစ္စရေး​တို့​ရဲ့​ဘု​ရား  ယေဟောဝါ ကိုယ်​တိုင်​က မိမိ​လူမျိုး​ရှေ့​က​နေ အာ​မော​ရိ​လူ​တွေ​ကို မောင်း​ထုတ်​ခဲ့​တာ။+ အခု မင်း​ကြီး​က အစ္စရေးတွေ​ကို မောင်း​ထုတ်​မလို့​လား။ ၂၄  မင်း​ကြီး​ရဲ့​ဘု​ရား ခေ​မု​ရှ+ ပေး​တဲ့​နယ်​မြေတွေ​ကို  မင်း​ကြီး​ပိုင်​တယ်​မဟုတ်​လား။  ဒီ​တော့  ကျွန်​တော်​တို့​ရဲ့​ဘု​ရား ယေဟောဝါ မောင်း​ထုတ်​တဲ့​လူ​တွေ​ကို ကျွန်​တော်​တို့​လည်း  မောင်း​ထုတ်​မှာ​ပဲ။+ ၂၅  ဇိဖော်​ရဲ့​သား မောဘ​ဘု​ရင် ဗာလက်​တောင်+ အစ္စရေးတွေ​ကို ရန်​မရှာ​ဖူး​ဘူး။ စစ်​မတိုက်​ဖူး​ဘူး။ မင်း​ကြီးက  သူ့​ထက်  ပို​ကြီးမြတ်လို့​လား။ ၂၆  အစ္စရေးတွေ​ဟာ ဟေ​ရှ​ဘုန်​မြို့​နဲ့ ပတ်​ဝန်း​ကျင်​မြို့​ငယ်​တွေ၊+ အာ​ရော်​မြို့​နဲ့ ပတ်​ဝန်း​ကျင်​မြို့​ငယ်​တွေ၊ အာ​နုန်​သဲ​ချောင်း​ရဲ့  ကမ်း​နား​ပေါ်​က  မြို့​တွေ​မှာ နေ​ထိုင်​ခဲ့​တာ နှစ်​ပေါင်း ၃၀၀ ရှိ​ပြီ။ အဲဒီ​အတော​အတွင်း မင်း​ကြီး ဘာ​လို့ ပြန်​မသိမ်း​ယူ​တာ​လဲ။+ ၂၇  ကျွန်​တော်​က​တော့ မင်း​ကြီး​ကို မပြစ်​မှား​ပါ​ဘူး။ ကျွန်​တော်​တို့​ကို တိုက်​ခိုက်​နေ​တဲ့ မင်း​ကြီး​က​သာ မှား​တာ​ပါ။ အစ္စရေးတွေ မှန်​သလား၊ အမ္မုန်​လူ​တွေ မှန်​သလား ဆို​တာ​ကို တ​ရား​သူ​ကြီး ယေဟောဝါ​ပဲ ဆုံး​ဖြတ်​ပါ​စေ။’”+ ၂၈  ဒါ​ပေမဲ့ အမ္မုန်​ဘု​ရင်​က ယေ​ဖသမှာ​လိုက်​တဲ့ စကား​ကို နား​မထောင်​ဘူး။ ၂၉  ယေဟောဝါ​ရဲ့ စွမ်းအား​တော် သက်​ရောက်​လာ​တဲ့​အတွက်+ ယေ​ဖ​သက ဂိလဒ်​ပြည်​နဲ့ မနာ​ရှေ​နယ်​မြေကို ဖြတ်​ပြီး ဂိလဒ်​ပြည်၊ မိ​ဇ​ပါ​မြို့​ဆီ ချီ​တက်​တယ်။+ အဲဒီ​က​နေ အမ္မုန်​လူ​တွေ​ဆီ ဆက်​ချီ​တက်​သွား​တယ်။ ၃၀  အဲဒီ​အချိန်​မှာ  ယေ​ဖသက​ ယေဟောဝါ​ကို  “အမ္မုန်​ လူ​တွေ​ကို ကျွန်တော့်​လက်​ထဲ အပ်​ပါ။ ၃၁  ကျွန်​တော် အောင်​ပွဲ​ခံ​ပြီး ပြန်​လာ​တဲ့​အခါ အိမ်​တံခါး​ဝ​မှာ ထွက်​ကြို​သူ ဘယ်​သူ​မဆို ယေဟောဝါ​ဘု​ရား​အတွက် ဖြစ်​စေ​ရ​ပါ့​မယ်။+ သူ့​ကို မီး​ရှို့​ရာ​အလှူ* လို​ပဲ ပေး​လှူ​ပါ့​မယ်”+ လို့ သစ္စာ​ကတိ​ပြု​တယ်။+ ၃၂  အမ္မုန်​လူ​တွေ​ကို ချီ​တက်​တိုက်​ခိုက်​တဲ့​အခါ ယေဟောဝါ​က သူတို့​ကို ယေ​ဖသလက်​ထဲ​အပ်​တယ်။ ၃၃  သူ​က အာ​ရော်​မြို့​က​နေ မိ​နိတ်​မြို့​အထိ တစ်​လျှောက်​လုံး​မှာ​ရှိ​တဲ့ မြို့​ပေါင်း ၂၀ ကို  တိုက်​ခိုက်​တယ်။  ရန်​သူ​တွေ​ကို အာဗေ​လ​ခေ​ရ​မိမ် အရပ်​အထိ ချေ​မှုန်း​ပစ်​တယ်။ ဒီ​လို​နဲ့ အမ္မုန်​လူ​တွေ​ဟာ အစ္စရေးတွေ​ကို ရှုံး​နိမ့်​သွား​တယ်။ ၃၄  နောက်​ဆုံး​မှာ မိ​ဇ​ပါ​မြို့​မှာ​ရှိ​တဲ့​အိမ်​ကို+ ယေ​ဖသပြန်​လာ​တဲ့​အခါ ချူ​တပ်​ဗုံ​ကို​တီး​ပြီး က​ခုန်​ရင်း ထွက်​ကြို​သူ​ဟာ သူ့​သမီး​ဖြစ်​နေ​တယ်။ ယေ​ဖသမှာ သား​သမီး​ဆို​လို့ ဒီ​တစ်​ယောက်​တည်း ရှိ​တာ။ ၃၅  သမီး​ကို​မြင်​တော့ ယေ​ဖသခ​မျာ အဝတ်​ကို​ဆွဲ​ဆုတ်​ပြီး “အို သမီး​ရယ်။ အဖေတော့ ရင်​ကွဲ​ရ​ပါ​ပြီ။ သမီး​လေး​ကို အဝေး​ဆီ ပို့​လိုက်​ရ​တော့​မှာ​ပါ​လား။ ယေဟောဝါ​ဘု​ရား​ကို အဖေ ကတိ​ပေး​ထား​ပြီး​ပြီ။ ပြန်​ရုပ်​သိမ်း​လို့ မရ​တော့​ဘူး”+ ဆို​ပြီး​ပြော​တယ်။ ၃၆  သမီး​ဖြစ်​သူ​က “အဖေ၊ ယေဟောဝါ​ဘု​ရား​ကို ကတိ​ပေး​ပြီး​ပြီဆို​ရင် ကတိ​အတိုင်း​သာ လုပ်​ပါ။+ ယေဟောဝါ​ဘု​ရား​က အဖေ့​ကို ရန်​သူ​အမ္မုန်​လူ​တွေ​အပေါ် လက်​စား​ချေ​ခွင့်​ပေး​ခဲ့​ပြီပဲ။ ၃၇  တစ်​ခု​ပဲ တောင်း​ဆို​ပါ​ရ​စေ၊ သမီး​ကို နှစ်​လ​လောက် အချိန်​ပေး​ပါ။ သမီး​က အပျို​စင်​ဘဝ​နဲ့​ပဲ နေ​သွား​တော့​မှာ​မို့လို့ သူ​ငယ်​ချင်း​တွေ​နဲ့​အတူ တောင်​ပေါ်​ကို​သွား​ပြီး ငို​ကြွေး​ပါ​ရ​စေ”  လို့ ခွင့်​တောင်း​တယ်။ ၃၈  ဒါ​နဲ့ ယေ​ဖသက “သွား​လေ၊ သမီး” ဆို​ပြီး နှစ်​လ​ခွင့်​ပေး​လိုက်​တယ်။ သမီး​လည်း အပျို​စင်​ဘဝ​နဲ့​ပဲ နေ​သွား​တော့​မှာ​မို့လို့ သူ​ငယ်​ချင်း​တွေ​နဲ့​အတူ ငို​ကြွေး​ဖို့ တောင်​ပေါ်​ကို တက်​သွား​တယ်။ ၃၉  နှစ်​လ​ပြည့်​တဲ့​အခါ အဖေ့​ဆီ ပြန်​လာ​တယ်။ အဖေလည်း သမီး​နဲ့​ပတ်​သက်​ပြီး ပေး​ထား​တဲ့ သစ္စာ​ကတိ​အတိုင်း လုပ်​ဆောင်​တယ်။+  အဲဒီ​မိန်း​က​လေး​က အပျို​စင်​ဘဝ​နဲ့ တစ်​သက်​လုံး နေ​သွား​တယ်။ ဒီ​လို​နဲ့ အစ္စရေး​ပြည်​မှာ ဖြစ်​လာ​တဲ့ ထုံး​စံ​တစ်​ခု​က​တော့၊ ၄၀  နှစ်​စဉ်​နှစ်​တိုင်း  အစ္စရေး​မိန်း​က​လေး​တွေ​ဟာ ဂိလဒ်​အမျိုး​သား ယေ​ဖ​သရဲ့ သမီး​ဆီ​ကို တစ်​နှစ်​မှာ လေး​ရက်​သွား​ပြီး ချီး​မွမ်း​စကား​ပြော​ကြ​တဲ့ ထုံး​စံ​ဖြစ်​တယ်။

အောက်ခြေမှတ်ချက်များ

ဘုရား​အမှု​ဆောင်​ဖို့ အကြွင်း​မဲ့​ဆက်​ကပ်​လိုက်​တာ​ကို တင်​စား။