တရားသူကြီး ၁၂:၁-၁၅

  • ဧ​ဖရိမ်​အမျိုး​သား​တွေ​နဲ့ ပဋိပက္ခ​ဖြစ် (၁-၇)

    • ရှိ​ဗောလက်​ဆို​တဲ့ အသံ​ထွက်​နဲ့ စမ်း​သပ်()

  • တ​ရား​သူ​ကြီး အိ​ဗ​ဇန်၊ ဧ​လုန်၊ အာ​ဗ​ဒုန် (၈-၁၅)

၁၂  အဲဒီ​နောက် ဧ​ဖရိမ်​အမျိုး​သား​တွေ စု​ရုံး​ပြီး ဇာ​ဖုန်​မြို့* အထိ ဖြတ်​ကူး​လာ​တယ်။ “အမ္မုန်​လူ​တွေ​ကို တိုက်​ဖို့ ကူး​သွား​တုန်း​က ငါ​တို့​ကို ဘာ​လို့​မခေါ်​တာ​လဲ။+ မင်း​ကို​ရော မင်း​အိမ်​ကို​ပါ မီး​ရှို့​ပစ်​မယ်” လို့​ယေ​ဖသကို ရန်​တွေ့​ကြ​တယ်။ ၂  ယေ​ဖသက “ငါ​နဲ့​ငါ့​လူ​တွေ​ဟာ အမ္မုန်​လူ​တွေ​နဲ့ အကြီး​အကျယ် ပဋိ​ပက္ခ​ဖြစ်​ခဲ့​တယ်။ အဲဒီ​တုန်း​က ငါ​အကူ​အညီ တောင်း​ပေမဲ့ မင်း​တို့ မကူညီ​ခဲ့​ဘူး။ ၃  မင်း​တို့​ကူညီ​မှာ မဟုတ်​မှန်း သိ​လိုက်​ရ​တော့ အသက်​စွန့်​ပြီး အမ္မုန်​လူ​တွေ​ကို​တိုက်​ဖို့ ငါ​ဆုံး​ဖြတ်​ခဲ့​တယ်။+ ယေဟောဝါ​ဘု​ရား​က သူတို့​ကို ငါ့​လက်​ထဲ​အပ်​ခဲ့​တယ်။ အခု​ကျ​မှ ဘာ​လို့ ငါ့​ကို လာ​တိုက်​တာ​လဲ” ဆို​ပြီး ပြန်​ပြော​တယ်။ ၄  ဒါ​နဲ့ ယေ​ဖသက ဂိလဒ်​ပြည်​သား​တွေ​ကို+  စု​စည်း​ပြီး ဧ​ဖရိမ်​အမျိုး​သား​တွေ​ကို တိုက်​ခိုက်​တယ်။ “မင်း​တို့ ဂိလဒ်​အမျိုး​သား​တွေ​ဟာ ဧ​ဖရိမ်​နဲ့ မနာ​ရှေ​နယ်​မြေမှာ  နေ​ကြ​ပေမဲ့ တ​ကယ်​တော့ ဧ​ဖရိမ်​ဝ​ရမ်း​ပြေး​တွေ​ပဲ” ဆို​ပြီး ရန်​စ​ခဲ့​တဲ့ ဧ​ဖရိမ်​အမျိုး​သား​တွေ​ကို အနိုင်​ရ​လိုက်​တယ်။ ၅  ပြီး​တော့ ဧ​ဖရိမ်​နယ်​မြေ အရှေ့​ဘက်​မှာ​ရှိ​တဲ့ ဂျော်​ဒန်​မြစ် ရေ​တိမ်​ပိုင်း​တွေ​ကို သိမ်း​ပိုက်​လိုက်​တယ်။+ အဲဒီ​ကို​ထွက်​ပြေး​လာ​တဲ့ ဧ​ဖရိမ်​အမျိုး​သား​တွေ​က  “ဖြတ်​ကူး​ပါ​ရ​စေ”  လို့​ခွင့်​တောင်း​တဲ့​အခါ ဂိလဒ်​အမျိုး​သား​တွေ​က “မင်း​က ဧ​ဖရိမ်​အမျိုး​သား​လား” လို့​မေး​တယ်။  “မဟုတ်​ဘူး”  လို့​ဖြေရင်၊ ၆  “ရှိ​ဗောလက်” လို့ အသံ​ထွက်​ပြော​ခိုင်း​တယ်။ မပီ​မသနဲ့ “စိ​ဗောလက်” လို့​အသံ​ထွက်​ရင်  ဖမ်း​ပြီး  ဂျော်​ဒန်​မြစ် ရေ​တိမ်​ပိုင်း​တွေ​မှာ သတ်​ပစ်​တယ်။ အဲဒီ​တိုက်​ပွဲ​မှာ ဧ​ဖရိမ်​အမျိုး​သား ၄၂,၀၀၀ ကျ​ဆုံး​သွား​တယ်။ ၇  ဂိလဒ်​အမျိုး​သား​ယေ​ဖသက အစ္စရေးတွေ​ကို ခြောက်​နှစ် စီ​ရင်​အုပ်​ချုပ်​တယ်။ အဲဒီ​နောက် သေဆုံး​သွား​တဲ့​အတွက် ဂိလဒ်​ပြည်​က သူ့​နေ​ရင်း​မြို့​မှာ သင်္ဂြိုဟ်​လိုက်​တယ်။ ၈  ယေ​ဖသ  မရှိ​တော့​တဲ့​နောက် ဘက်​သလီ​ဟင်​မြို့​သား  အိ​ဗ​ဇန်​က အစ္စရေးတွေ​ကို စီ​ရင်​အုပ်​ချုပ်​တယ်။+ ၉  သူ့​မှာ သား ၃၀၊ သမီး ၃၀ ရှိ​တယ်။ သမီး​တွေ​ကို ဆွေ​မျိုး​စု​ထဲ​က မဟုတ်​တဲ့ လူ​တွေ​နဲ့ ပေး​စား​တယ်။ အမျိုး​သမီး ၃၀ ကို​လည်း ခေါ်​လာ​ပြီး သူ့​သား​တွေ​နဲ့ ပေး​စား​တယ်။ သူ​က အစ္စရေးတွေ​ကို ခု​နစ်​နှစ် စီ​ရင်​အုပ်​ချုပ်​တယ်။ ၁၀  အဲဒီ​နောက်  အိ​ဗ​ဇန်  သေဆုံး​သွား​တဲ့​အ​တွက် ဘက်​သလီ​ဟင်​မြို့​မှာ သင်္ဂြိုဟ်​လိုက်​တယ်။ ၁၁  အိ​ဗ​ဇန်  မရှိ​တော့​တဲ့​နောက် ဇာဗု​လုန်​အမျိုး​သား ဧ​လုန်​က အစ္စရေးတွေ​ကို ဆယ်​နှစ် စီ​ရင်​အုပ်​ချုပ်​တယ်။ ၁၂  အဲဒီ​နောက် ဧ​လုန် သေဆုံး​သွား​တဲ့​အတွက် ဇာ​ဗု​လုန်​နယ်​မြေမှာ​ရှိ​တဲ့ အာယ​လုန်​မြို့​မှာ သင်္ဂြိုဟ်​လိုက်​တယ်။ ၁၃  ဧ​လုန် မရှိ​တော့​တဲ့​နောက် ပိ​ရ​သုန်​မြို့​သား ဟိ​လေ​လ​ရဲ့​သား အာ​ဗ​ဒုန်​က အစ္စရေးတွေ​ကို စီ​ရင်​အုပ်​ချုပ်​တယ်။ ၁၄  သူ့​မှာ သား ၄၀၊ မြေး ၃၀ ရှိ​တယ်။ သူတို့​မှာ မြည်း​ကိုယ်​စီ ရှိ​တယ်။ အာ​ဗ​ဒုန်​က အစ္စရေးတွေ​ကို ရှစ်​နှစ် စီ​ရင်​အုပ်​ချုပ်​တယ်။ ၁၅  အဲဒီ​နောက် ဟိ​လေ​လ​ရဲ့​သား အာ​ဗ​ဒုန် သေဆုံး​သွား​တဲ့​အတွက် အာ​မလက်​တောင်​တန်း​ဒေ​သ၊+ ဧ​ဖရိမ်​နယ်​မြေမှာ​ရှိ​တဲ့ ပိ​ရ​သုန်​မြို့​မှာ သင်္ဂြိုဟ်​လိုက်​တယ်။

အောက်ခြေမှတ်ချက်များ

“မြောက်​ပိုင်း” လည်း​ဖြစ်​နိုင်။