တရားသူကြီး ၁၅:၁-၂၀

  • ဖိ​လိ​တိ​လူ​တွေ​ကို ရှံ​ဆုန် လက်​စား​ချေ (၁-၂၀)

၁၅  ဂျုံ​စ​ပါး ရိတ်​သိမ်း​ချိန် ရောက်​တဲ့​အခါ ရှံ​ဆုန်​က ဆိတ်​က​လေး တစ်​ကောင်​ယူ​ပြီး သူ့​ဇနီး​ကို သွား​တွေ့​တယ်။ “ကျွန်​တော့်​ဇနီး​ရဲ့ အခန်း​ထဲ ဝင်​ချင်​တယ်” လို့​ခွင့်​တောင်း​တော့ မိန်း​က​လေး​ရဲ့​ဖခင်​က ပေး​မဝင်​ဘူး။ ၂  “ငါ့​သမီး​ကို မင်း​မုန်း​သွား​ပြီထင်​လို့+ သတို့​သား​အရံ​တစ်​ယောက်​နဲ့ ပေး​စား​လိုက်​ပြီ။+ သမီး​ငယ်​က ပို​တောင်​လှ​သေး​တယ်။ သူ့​ကို​ပဲ ယူ​လိုက်​ပါ​လား” လို့​ပြော​တယ်။ ၃  ရှံ​ဆုန်​က “ဒီ​တစ်​ခါ ဖိလိ​တိ​လူ​တွေ​ကို ထိ​ခိုက်​အောင်​လုပ်​မိ​ရင်​တော့ ကျွန်​တော့်​ကို  အဆိုး​မဆို​ကြ​နဲ့”  လို့​ပြော​တယ်။ ၄  ရှံ​ဆုန်​က မြေခွေး ၃၀၀ ကို​ဖမ်း​လာပြီး နှစ်​ကောင်​စီ အမြီး​ချင်း ပူး​ချည်​လိုက်​တယ်။ ပြီး​တော့ အမြီး​နှစ်​ခု​ကြား​မှာ မီး​တုတ်​တစ်​ခု​စီ ထည့်​ထား​လိုက်​တယ်။ ၅  အဲဒီ​နောက် မီး​တုတ်​တွေ​ကို မီး​ညှိ​ပြီး မြေခွေး​တွေ​ကို ဖိ​လိ​တိ​တွေရဲ့ ဂျုံ​စ​ပါး​ခင်း​ထဲ လွှတ်​လိုက်​လို့ ကောက်​လှိုင်း​စည်း​တွေ၊ ကောက်​ပင်​တွေ​က​အစ စ​ပျစ်​ခြံ​တွေ၊ သံ​လွင်​ခြံ​တွေ​ပါ အကုန်​မီး​လောင်​သွား​တယ်။ ၆  ဖိ​လိ​တိ​လူ​တွေ​က “ဒါ​ဘယ်​သူ့​လက်​ချက်​လဲ” လို့​မေး​တဲ့​အခါ “ရှံ​ဆုန်ရဲ့ လက်​ချက်​ပဲ။ ဒီ​လူ​က တိ​မန​မြို့​သား​ရဲ့​သမက်​လေ။ ယောက္ခ​မက သူ့​မိန်း​မကို သတို့​သား​အရံ​နဲ့ ပေး​စား​လိုက်​လို့+ သူ​အခု​လို​လုပ်​ပစ်​တာ” လို့​ပြော​ကြ​တယ်။ ဒါ​နဲ့ ဖိ​လိ​တိ​လူ​တွေ တက်​လာ​ပြီး အဲဒီ​မိန်းကလေး​နဲ့ သူ့​ဖခင်​ကို မီး​ရှို့​ပစ်​လိုက်​တယ်။+ ၇  ရှံ​ဆုန်​က “မင်း​တို့ ဒီလို​လုပ်​မှ​တော့ ငါ​လည်း လက်​စား​ချေ​ရ​မှ ကျေ​နပ်​မယ်”+ ဆို​ပြီး၊ ၈  ဖိ​လိ​တိ​လူ​တွေ​ကို တစ်​ယောက်​ပြီး​တစ်​ယောက် သတ်​ပစ်​တယ်။ အဲဒီ​နောက် ဆင်း​သွား​ပြီး ဧ​တံ​ကျောက်​ဂူ​မှာ နေ​ထိုင်​တယ်။ ၉  နောက်​ပိုင်း​မှာ  ဖိ​လိ​တိ​တွေ​ချီ​တက်​လာ​တယ်။ ယုဒ​နယ်​မြေ၊ လေ​ဟိ​အရပ်​မှာ+ တပ်​ချ​ပြီး လု​ယက်​တိုက်​ခိုက်​ဖို့  လှည့်​ပတ်​သွား​လာ​နေ​တယ်။ ၁၀  ယုဒ​အမျိုး​သား​တွေ​က “ကျွန်​တော်​တို့​ကို ဘာ​လို့​လာ​တိုက်​တာ​လဲ” လို့​မေး​တော့ သူတို့​က “ရှံ​ဆုန်​ကို လာ​ဖမ်း​တာ။ ငါ​တို့​ကို သူ​လုပ်​ခဲ့​တဲ့​အတိုင်း ပြန်​လုပ်​မလို့” ဆို​ပြီး​ ဖြေကြ​တယ်။ ၁၁  ဒါ​ကြောင့်  ယုဒ​အမျိုး​သား ၃,၀၀၀ က ရှံဆုန်​ရှိ​နေ​တဲ့ ဧ​တံ​ကျောက်​ဂူ​ဆီ ဆင်း​သွား​ပြီး “ငါ​တို့​ကို ဖိ​လိ​တိ​လူ​တွေ​အုပ်​ချုပ်​နေ​တာ မင်း​မသိ​ဘူး​လား။+ ငါ​တို့​ဒုက္ခရောက်​အောင် ဘာ​လို့​လုပ်​ရ​တာ​လဲ” ဆို​ပြီး​မေး​တော့ ရှံ​ဆုန်​က “ငါ့​ကို သူတို့​လုပ်​ခဲ့​တဲ့​အတိုင်း ငါ​ပြန်​လုပ်​တာ​ပဲ” လို့​ဖြေတယ်။ ၁၂  သူတို့​က “အခု မင်း​ကို​ဖမ်း​ပြီး ဖိ​လိ​တိ​လူ​တွေ​လက်​ထဲ​အပ်​ဖို့ ငါ​တို့​လာ​တာ” ဆို​တော့ ရှံ​ဆုန်​က “မင်း​တို့​ကိုယ်​တိုင် ငါ့​ကို​မသတ်​ဘူး​လို့ ကျိန်​ဆို​ပါ” ဆို​ပြီး​ပြော​တယ်။ ၁၃  သူတို့​က​လည်း “အေး​ပါ​ကွာ၊ မင်း​ကို ငါ​တို့​မသတ်​ပါ​ဘူး။ ဖမ်း​ရုံ​ပဲ​ဖမ်း​ပြီး ဖိ​လိ​တိ​တွေ​လက်​ထဲ အပ်​မလို့​ပါ” ဆို​ပြီး​ပြော​ကြ​တယ်။ အဲဒီ​နောက်  သူ့​ကို  ကြိုး​သစ်​နှစ်​ချောင်း​နဲ့​ချည်​ပြီး ကျောက်​ဂူ​ထဲ​က​နေ ခေါ်​ထုတ်​လာ​တယ်။ ၁၄  လေ​ဟိ​အရပ်​ကို ရောက်​လာ​တဲ့​အခါ ဖိ​လိ​တိ​တွေ​က ရှံ​ဆုန်​ကို​မြင်​တာ​နဲ့ ကြွေး​ကြော်​ကြ​တယ်။ အဲဒီ​အခါ ယေဟောဝါ​ရဲ့ စွမ်းအား​တော် ခွန်​အား​ပေး​တဲ့​အတွက်+ သူ့​လက်​ကို ချည်​ထား​တဲ့ ကြိုး​တွေ​ဟာ မီး​ကျွမ်း​တဲ့ ချည်​မျှင်​တွေ​လို​ဖြစ်​ပြီး ပြတ်​ထွက်​ကုန်​တယ်။+ ၁၅  အဲဒီ​နောက် ရှံဆုန်​က မခြောက်​သေး​တဲ့ မြည်း​မေး​ရိုး​တစ်​ချောင်း​ကို တွေ့​တော့ ကောက်​ယူ​ပြီး လူ ၁,၀၀၀ ကို ရိုက်​သတ်​ပစ်​တယ်။+ ၁၆  ပြီး​တော့ “လူ ၁,၀၀၀ ကို မြည်း​မေး​ရိုး​နဲ့ ငါ​ရိုက်​သတ်​လိုက်​ပြီ။ မြည်း​မေး​ရိုး​နဲ့ ရိုက်​သတ်​လိုက်​တာ အလောင်း​တွေ တောင်​ပုံ​ရာ​ပုံ​ဖြစ်​နေ​ပြီ”+ လို့​ပြော​တယ်။ ၁၇  အဲဒီ​လို​ပြော​ပြီး​နောက်  မြည်း​မေး​ရိုး​ကို  လွှင့်​ပစ်​ပြီး  အဲဒီ​အရပ်​ကို ရာ​မတ်​လေ​ဟိ*+ လို့​နာ​မည်​ပေး​လိုက်​တယ်။ ၁၈  ရှံ​ဆုန် ရေ​သိပ်​ဆာ​လာ​တော့ ယေဟောဝါ​ဆီ ဆုတောင်း​ပြီး “ဒီ​လို​ကြီး​ကျယ်​တဲ့ ကယ်​တင်​ခြင်း​ကို ကျွန်​တော့်​ဆီ  ပေး​အပ်​တဲ့  အရှင်​ဟာ ကိုယ်​တော်​ပါ​ပဲ။ အခု​တော့ ကျွန်​တော် ရေ​ငတ်​သေပြီး အရေ​ဖျား​မဖြတ်​သူ​တွေ​လက်​ထဲ ရောက်ရ​တော့​မှာ​လား” လို့​အသ​နား​ခံ​တယ်။ ၁၉  ဒါ​နဲ့  ဘု​ရား​သခင်​က လေ​ဟိ​အရပ်​မှာ​ရှိ​တဲ့ မြေချိုင့်​ခွက်​ကို ဖောက်​လိုက်​လို့ ရေတွေ စီး​ထွက်​လာ​တယ်။+ ရှံ​ဆုန်​လည်း ရေ​သောက်​ပြီး အား​ပြည့်​လန်း​ဆန်း​လာ​တယ်။  ဒါ​ကြောင့် အဲဒီ​နေ​ရာ​ကို အင်​ဟတ်​ကော​ရ* လို့​နာ​မည်​ပေး​လိုက်​တယ်။  လေ​ဟိ​အရပ်​မှာ အဲဒီ​နေ​ရာ အခု​ထိ ရှိ​နေ​တယ်။ ၂၀  ရှံ​ဆုန်​က  ဖိ​လိ​တိ​တွေ​လက်​ထက်​မှာ အစ္စရေးတွေ​ကို အနှစ် ၂၀ စီ​ရင်​အုပ်​ချုပ်​တယ်။+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “မြည်း​မေး​ရိုး​ကုန်း။”
အဓိပ္ပာယ်၊ “ဆုတောင်း​သူ​ရဲ့ စမ်း​ရေ​တွင်း။”