တရားသူကြီး ၁၈:၁-၃၁

  • ဒန်​အမျိုး​သား​တွေ အမွေ​မြေ လိုက်​ရှာ (၁-၃၁)

    • မိက္ခာရဲ့​ရုပ်​တု​တွေ​နဲ့​အတူ ပု​ရော​ဟိတ်​ကို ဖမ်းသွား (၁၄-၂၀)

    • လဲ​ရှ​မြို့​ကို သိမ်း​ပိုက်​ပြီး ဒန်​မြို့​လို့ နာ​မည်​ပြောင်း (၂၇-၂၉)

    • ဒန်​မြို့​က ရုပ်​တု​ကိုးကွယ်​မှု (၃၀၊ ၃၁)

၁၈  အဲဒီ​တုန်း​က အစ္စရေး​ပြည်​မှာ ဘု​ရင်  မရှိ​ဘူး။+  အစ္စရေး​အနွယ်​တွေ​ထဲ​မှာ ဒန်​အနွယ်​က+ အမွေ​မြေ လုံ​လုံ​လောက်​လောက် မရ​သေး​တော့  နေ​စ​ရာ​အမွေ​မြေရ​ဖို့  ရှာ​နေ​တယ်။+ ၂  ဒါ​ကြောင့်  ဒန်​အမျိုး​သား​တွေ​က နယ်​မြေကို ထောက်​လှမ်း​ဖို့ ဆွေ​မျိုး​စု​တွေ​ထဲ​မှာ  အရည်​အချင်း​ရှိ​သူ  ငါး​ယောက်​ကို​ရွေး​ပြီး ဇော​ရာ​မြို့​နဲ့ ဧ​ရှ​တော​လ​မြို့​က​နေ+ လွှတ်​လိုက်​တယ်။​ “အဲဒီ​နယ်​မြေကို သွား​စုံ​စမ်း​ခဲ့​ကြ” လို့​မှာ​တဲ့​အတွက် သူတို့​လည်း ဧ​ဖရိမ်​တောင်​တန်း​ဒေ​သကို ရောက်​လာ​ပြီး မိက္ခာရဲ့​အိမ်​မှာ+ ည​အိပ်​ကြ​တယ်။ ၃  သူတို့​က မိက္ခာရဲ့​အိမ်​နား​မှာ ရှိ​နေ​တုန်း လေ​ဝိလူငယ်​ရဲ့​အသံ​ကို မှတ်​မိ​ပြီး ဝင်​တွေ့​ကြ​တယ်။ “ဒီ​နေ​ရာ​ကို ခင်​ဗျား ဘယ်​လို​ရောက်​လာ​တာ​လဲ။ ဘာ​လာ​လုပ်​တာ​လဲ။ ဘာ​ဖြစ်​လို့ ဒီ​မှာ နေ,နေ​တာ​လဲ” ဆို​ပြီး​မေး​တယ်။ ၄  လေ​ဝိလူငယ်​က​လည်း “မိက္ခာ​က ကျွန်​တော့်​အတွက် လို​အပ်​တာ​တွေ​ကို စီ​စဉ်​ပေး​ပြီး သူ့​ရဲ့​ပု​ရော​ဟိတ်​လုပ်​ဖို့ ငှား​လိုက်​တာ​ပဲ”+ လို့​ဖြေတယ်။ ၅  သူတို့​က “ကျွန်​တော်​တို့​ရဲ့​ခ​ရီး​စဉ် အောင်​မြင်​မယ်၊ မအောင်​မြင်​ဘူး​ဆို​တာ သိ​ချင်​လို့ ဘု​ရား​သခင်​ကို မေး​မြန်း​ပေး​ပါ​ဦး” လို့​တောင်း​ဆို​တော့၊ ၆  အဲဒီ​ပု​ရော​ဟိတ်​က “အေး​အေး​ဆေး​ဆေး​သာ သွား​ပါ။ ဒီ​ခ​ရီး​စဉ်​မှာ ခင်​ဗျား​တို့​နဲ့​အတူ ယေဟောဝါ​ဘု​ရား ရှိ​ပါ​တယ်” လို့​ပြန်​ဖြေတယ်။ ၇  အဲဒီ​လူ​ငါး​ယောက်​လည်း  ခ​ရီး​ဆက်​ပြီး လဲ​ရှ​မြို့​ကို+ ရောက်​လာ​တယ်။ လဲ​ရှ​မြို့​သား​တွေ​ဟာ ဆိုင်​ဒုန်​မြို့​သား​တွေ​လို​ပဲ ကိုယ့်​အား​ကိုယ်​ကိုး​ပြီး နေ​ကြ​တာ၊ အန္တရာယ်​ကို မစိုး​ရိမ်​ဘဲ အေး​အေး​ဆေး​ဆေး နေ​ကြ​တာ၊+ ဖိ​နှိပ်​သူ၊ ဒုက္ခ​ပေး​သူ မရှိ​တာ၊ ဆိုင်​ဒုန်​မြို့​သား​တွေ​နဲ့ အလှမ်း​ဝေး​တဲ့​အပြင် တ​ခြား​သူ​တွေ​နဲ့​လည်း အဆက်​အဆံ မလုပ်​တာ​တွေ​ကို သူတို့ သတိ​ထား​မိ​ကြ​တယ်။ ၈  ဇော​ရာ​မြို့​နဲ့  ဧ​ရှ​တော​လ​မြို့​ဆီ+ အဲဒီ​လူ​ငါး​ယောက် ပြန်​ရောက်​လာ​တဲ့​အခါ  ညီ​အစ်​ကို​တွေ​က “အခြေ​အနေ ဘယ်​လို​လဲ” ဆို​ပြီး​မေး​တော့၊ ၉  သူတို့​က “ဒီ​လူ​တွေ​ကို သွား​တိုက်​ခိုက်​ရ​အောင်။ အဲဒီ​နယ်​မြေဟာ သိပ်​ကောင်း​တာ​ပဲ။ တွန့်​ဆုတ်​မနေ​ဘဲ အမြန်​ဆုံး သွား​သိမ်း​ပိုက်​ကြ​စို့။ ၁၀  နယ်​မြေ ကျယ်​ပြန့်​ပြီး မြို့​သား​တွေ​လည်း အန္တရာယ်​ကို မကြောက်​တတ်​မှန်း ခင်​ဗျား​တို့ တွေ့​ရ​လိမ့်​မယ်။+ ဘု​ရား​သခင်​က လို​လေ​သေး​မရှိ​အောင် ပြည့်​စုံ​တဲ့ အဲဒီ​နယ်​မြေကို ခင်​ဗျား​တို့​လက်​ထဲ​အပ်​ပြီ”+ လို့​ပြန်​ဖြေတယ်။ ၁၁  ဒန်​အနွယ်​ထဲ​က လက်​နက်​ကိုင်​စစ်​သည် ၆၀၀ ဟာ ဇော​ရာ​မြို့​နဲ့ ဧ​ရှ​တော​လ​မြို့​က​နေ  ချီ​တက်​ပြီး၊+ ၁၂  ယုဒ​နယ်​မြေ၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​နား​မှာ+ စ​ခန်း​ချ​ကြ​တယ်။ ဒါ​ကြောင့် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ရဲ့ အနောက်​ဘက်​မှာ​ရှိ​တဲ့ အဲဒီ​နေ​ရာ​ကို မဟာ​နေ​ဒန်​လို့*+  ဒီ​နေ့​အထိ ခေါ်​ကြ​တယ်။ ၁၃  သူတို့​က အဲဒီ​က​နေ ဧ​ဖရိမ်​တောင်​တန်း​ဒေ​သကို ဆက်​သွား​ပြီး မိက္ခာရဲ့​အိမ်​ကို ရောက်​လာ​တယ်။+ ၁၄  လဲ​ရှ​မြို့​ကို+ ထောက်​လှမ်း​ခဲ့​တဲ့ လူ​ငါး​ယောက်​က “ဒီ​အိမ်​တွေ​ထဲ​မှာ တေရပ်​ရုပ်​တု​တွေ၊* ထွင်း​ထား​တဲ့​ရုပ်​တု၊  သွန်း​ထား​တဲ့​ရုပ်​တု​နဲ့  သင်​တိုင်း*+ ရှိ​တယ်။ ဒီ​တော့ ဘာ​ဆက်​လုပ်​ရင်​ကောင်း​မယ်​ဆို​တာ  သဘော​ပေါက်​တယ် မဟုတ်​လား” ဆို​ပြီး ညီ​အစ်​ကို​တွေ​ကို ပြော​တယ်။ ၁၅  ဒါ​ကြောင့် သူတို့​က  မိက္ခာရဲ့​အိမ်​ကို​သွား၊  လေ​ဝိ​လူ​ငယ်​ကို+ ဝင်​တွေ့​ပြီး အဆင်​ပြေရဲ့​လားလို့ မေး​တယ်။ ၁၆  အဲဒီ​အချိန်​မှာ​ ဒန်​အမျိုး​သား  လက်​နက်​ကိုင်​စစ်​သည် ၆၀၀ က+  တံခါး​ဝ​မှာ  ရပ်​နေ​ကြ​တယ်။ ၁၇  မြို့​ကို​ထောက်​လှမ်း​ခဲ့​သူ ငါး​ယောက်​က+ ထွင်း​ထား​တဲ့​ရုပ်​တု၊ သွန်း​ထား​တဲ့​ရုပ်​တု၊+ သင်​တိုင်း​နဲ့+ တေ​ရပ်​ရုပ်​တု​တွေ​ကို+ ယူ​ဖို့ အိမ်​ထဲ​ဝင်​သွား​တယ်။ (ပု​ရော​ဟိတ်​က​တော့+ လက်​နက်​ကိုင်​စစ်​သည် ၆၀၀ နဲ့​အတူ တံခါး​ဝ​မှာ ရပ်​နေ​တယ်။) ၁၈  မိက္ခာရဲ့​အိမ်​ထဲ သူတို့​ဝင်​သွား​ပြီး ထွင်း​ထား​တဲ့​ရုပ်​တု၊ သွန်း​ထား​တဲ့​ရုပ်​တု၊ သင်​တိုင်း​နဲ့ တေ​ရပ်​ရုပ်​တု​တွေ​ကို ယူ​တဲ့​အခါ ပု​ရော​ဟိတ်​က “ဒါ​ဘာ​လုပ်​တာ​လဲ” လို့​မေး​တယ်။ ၁၉  သူတို့​က​လည်း “တိတ်​တိတ်​နေ​ပါ။ ဘာ​မှ​ပြော​မနေ​ပါ​နဲ့။ ကျွန်​တော်​တို့​နဲ့​သာ လိုက်​ခဲ့​ပါ။ ကျွန်​တော်​တို့​ရဲ့ အကြံ​ပေး​သူ၊* ပု​ရော​ဟိတ် လုပ်​ပါ။ အိမ်​ထောင်​တစ်​စု​အတွက် ပု​ရော​ဟိတ်​လုပ်​တာ​နဲ့+ အစ္စရေး​ပြည်​က အနွယ်​တစ်​နွယ်​အတွက်၊ ဆွေ​မျိုး​တစ်​စု​လုံး​အတွက် ပု​ရော​ဟိတ်​လုပ်​တာ+ ဘယ်​ဟာ​ပို​ကောင်း​လဲ”  ဆို​ပြီး​ပြော​တော့ ၂၀  ပု​ရော​ဟိတ်​က သဘော​ကျ​သွား​တဲ့​အတွက် သင်​တိုင်း၊ ထွင်း​ထား​တဲ့​ရုပ်​တု​နဲ့ တေ​ရပ်​ရုပ်​တု​တွေ​ကို+ ယူ​ပြီး သူတို့​နဲ့​အတူ လိုက်​သွား​တယ်။ ၂၁  ဒန်​အမျိုး​သား​တွေ​က က​လေး​တွေ၊  အဖိုး​တန်​ပစ္စည်း​တင်​ထား​တဲ့ တိရစ္ဆာန်တွေ​ကို ရှေ့​က​နေ​သွား​ခိုင်း​ပြီး ခ​ရီး​ဆက်​ကြ​တယ်။ ၂၂  ခပ်​လှမ်း​လှမ်း​ကို ရောက်​တော့​မှ မိက္ခာရဲ့​အိမ်​နီး​ချင်း​တွေ စု​ပြီး နောက်​က​နေ လိုက်​လာ​တယ်။ ၂၃  သူတို့​အော်​ခေါ်​တဲ့​အခါ  ဒန်​အမျိုး​သား​တွေ​က  လှည့်​ကြည့်​ပြီး “ဘာ​ကိစ္စ​ရှိ​လို့​လဲ။ ဘာ​လို့ အုပ်​စု​လိုက် လိုက်​လာ​ကြ​တာ​လဲ” လို့​မိက္ခာ​ကို မေး​တယ်။ ၂၄  မိက္ခာ​က “ကျုပ်​ရဲ့​ရုပ်​တု​တွေ​ကို ခင်​ဗျား​တို့ ယူ​သွား​ပြီး ပု​ရော​ဟိတ်​ကို​ပါ ခေါ်​သွား​မှ​တော့ ဘာ​ကျန်​တော့​မှာ​လဲ။ ဒါ​နဲ့​တောင် ‘ဘာ​ကိစ္စ​လဲ’ လို့ မေး​နေ​သေး​တယ်” ဆို​ပြီး​ပြန်​ပြော​တယ်။ ၂၅  ဒန်​အမျိုး​သား​တွေ​က “အော်​ကြီး​ဟစ်​ကျယ် လုပ်​မနေ​နဲ့။ ဒေါသ​ကြီး​တဲ့​လူ​တွေ တိုက်​ခိုက်​လိုက်​လို့ ခင်​ဗျားရော အိမ်​သား​တွေ​ပါ အသက်​ဆုံး​ရှုံး​သွား​လိမ့်​မယ်” လို့​ပြန်​ပြော​ပြီး၊ ၂၆  ခ​ရီး​ဆက်​ကြ​တယ်။ မိက္ခာ​က ဒန်​အမျိုး​သား​တွေ ပို​အင်အား​ကြီး​မှန်း​သိ​တော့ အိမ်​ပြန်​သွား​တယ်။ ၂၇  ဒန်​အမျိုး​သား​တွေ​က မိက္ခာ​လုပ်​ထား​တဲ့ ဘု​ရားတွေ​ကို​ယူ၊ သူ့​ရဲ့​ပု​ရော​ဟိတ်​ကို​ခေါ်​ပြီး လဲ​ရှ​မြို့​ကို+ ဆက်​သွား​ကြ​တယ်။ အန္တရာယ်​ကို မစိုး​ရိမ်​ဘဲ အေး​အေး​ဆေး​ဆေး နေ​တတ်​တဲ့+ မြို့​သား​တွေ​ကို တိုက်​ခိုက်​နှိမ်​နင်း​ပြီး မြို့​ကို မီး​ရှို့​ပစ်​တယ်။ ၂၈  လဲ​ရှ​မြို့​ဟာ ဗက်ရ​ဟော​ဘ​မြို့​နား​က+ ချိုင့်​ဝှမ်း​လွင်​ပြင်​မှာ တည်​ရှိ​ပြီး ဆိုင်​ဒုန်​မြို့​နဲ့ အလှမ်း​ဝေး​တဲ့​အပြင်  မြို့​သား​တွေ​က​လည်း တ​ခြား​လူ​တွေ​နဲ့ အဆက်​အဆံ​မလုပ်​တဲ့​အတွက် ကယ်​မယ့်​သူ​မရှိ​ဘူး။ လဲ​ရှ​မြို့​ကို ဒန်​အမျိုး​သား​တွေ ပြန်​တည်​ဆောက်​ပြီး နေ​ထိုင်​ကြ​တယ်။ ၂၉  အစ္စရေးရဲ့​သား၊+ ဘိုး​ဘေး​ဖြစ်​သူ ဒန်​ရဲ့​နာ​မည်​ကို​အစွဲ​ပြု​ပြီး+ လဲ​ရှ​မြို့​ကို ဒန်​မြို့​လို့ နာမည်​ပြောင်း​လိုက်​တယ်။+ ၃၀  အဲဒီ​နောက် ဒန်​အမျိုး​သား​တွေ​က ထွင်း​ထား​တဲ့​ရုပ်​တု​ကို+ စိုက်​ထူ​ထား​ကြ​တယ်။ မော​ရှေ​ရဲ့​မြေး၊ ဂေရရှုံရဲ့​သား+ ယောန​သန်​က+ သား​မြေး​တွေ​နဲ့​အတူ ဒန်​အနွယ်​အတွက် ပု​ရော​ဟိတ် လုပ်​ပေး​ကြ​တာ ပြည်​သား​တွေ ဖမ်း​ခေါ်​ခံ​ရ​ချိန်​အထိ​ပဲ။ ၃၁  ရှိ​လော​မြို့​မှာ စစ်​မှန်​တဲ့ ဘု​ရား​သခင်​ရဲ့ အိမ်​တော် တည်​ရှိ​နေ​ချိန် တစ်​လျှောက်​လုံး+ မိက္ခာ​လုပ်​တဲ့ ရုပ်​တု​ဟာ ဒန်​မြို့​မှာ​ပဲ ဆက်​ရှိ​နေ​တယ်။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ဒန်​ရဲ့​စ​ခန်း။”
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “ဖခင်။”