တရားသူကြီး ၂:၁-၂၃

  • ယေဟောဝါရဲ့ ကောင်းကင်တမန် သတိပေး (၁-၅)

  • ယောရှု ကွယ်လွန် (၆-၁၀)

  • အစ္စရေးတွေကိုကယ်မယ့် တရားသူကြီးတွေ ပေါ်ထွန်း (၁၁-၂၃)

 အဲဒီနောက် ယေဟောဝါရဲ့ ကောင်းကင်တမန်က+ ဂိလဂါလအရပ်ကနေ+ ဗောခိမ်အရပ်ကို တက်သွားပြီး “မင်းတို့ကို  အီဂျစ်ပြည်ကနေ  ခေါ်ထုတ်ပြီး ဘိုးဘေးတွေကို ကတိပေးခဲ့တဲ့ပြည်ထဲ ငါပို့ဆောင်ခဲ့ပြီ။+ ‘မင်းတို့နဲ့ဖွဲ့တဲ့ ပဋိညာဉ်ကို  ငါဘယ်တော့မှ  မချိုးဖောက်ဘူး။+ ၂  မင်းတို့လည်း ဒီပြည်သားတွေနဲ့ မိတ်မဖွဲ့ရဘူး။+ သူတို့ရဲ့ယဇ်ပလ္လင်တွေကို ဖြိုဖျက်ရမယ်’+ လို့ ငါမိန့်မှာခဲ့တယ်။ ဒါပေမဲ့ မင်းတို့ မနာခံကြဘူး။+ ဘာလို့ မနာခံကြတာလဲ။ ၃  ဒါကြောင့် ငါပြောမယ်– ‘သူတို့ကို မင်းတို့ရှေ့ကနေ ငါ မမောင်းထုတ်တော့ဘူး။+ သူတို့ဟာ မင်းတို့အတွက် ထောင်ချောက်ဖြစ်လိမ့်မယ်။+ သူတို့ရဲ့ဘုရားတွေကလည်း မင်းတို့ကို သွေးဆောင်လိမ့်မယ်’”+ ဆိုပြီးပြောတယ်။ ၄  ယေဟောဝါရဲ့ ကောင်းကင်တမန်က အဲဒီလိုပြောတဲ့အခါ အစ္စရေးတစ်မျိုးလုံး အော်ငိုကြတယ်။ ၅  ဒါကြောင့် အဲဒီနေရာကို ဗောခိမ်* လို့နာမည်ပေးလိုက်တယ်။ ပြီးတော့ အဲဒီနေရာမှာ ယေဟောဝါဆီ ပူဇော်သက္ကာတွေ ဆက်သကြတယ်။ ၆  ယောရှုက  အစ္စရေးအနွယ်အားလုံးကို ကိုယ်စီပိုင်ဆိုင်တဲ့ အမွေမြေကို သိမ်းပိုက်ဖို့ လွှတ်လိုက်တယ်။+ ၇  အစ္စရေးတွေဟာ ယောရှုလက်ထက်မှာရော ယောရှုထက် အသက်ပိုရှည်ပြီး အစ္စရေးတွေအကျိုးအတွက် ယေဟောဝါရဲ့ ကြီးမြတ်တဲ့လုပ်ရပ် အားလုံးကို မြင်ခဲ့တဲ့ အကြီးအကဲတွေ လက်ထက်မှာပါ ယေဟောဝါကို ဆက်ဝတ်ပြုကြတယ်။+ ၈  ယေဟောဝါရဲ့ကျွန်၊  နုန်ရဲ့သားယောရှုဟာ အသက် ၁၁၀ မှာ သေဆုံးသွားတယ်။+ ၉  ယောရှုကို  ဂါရှတောင်ရဲ့မြောက်ဘက်၊ ဧဖရိမ်တောင်တန်းဒေသ၊ တိမနဟိရမြို့*+ မှာရှိတဲ့ သူ့ရဲ့အမွေမြေမှာ သင်္ဂြိုဟ်လိုက်တယ်။+ ၁၀  အဲဒီလူမျိုးဆက်လည်း  ဘိုးဘေးတွေစုဝေးရာကို  ရောက်သွားတယ်။* အဲဒီနောက် ယေဟောဝါကိုရော အစ္စရေးတွေအတွက် ဘုရား လုပ်ဆောင်ပေးခဲ့တာတွေကိုပါ မသိတဲ့လူမျိုးဆက် ပေါ်လာတယ်။ ၁၁  အစ္စရေးတွေဟာ ယေဟောဝါရှေ့မှာ  မကောင်းတာတွေလုပ်ပြီး ဗာလဘုရားတွေကို  ဝတ်ပြုလာကြတယ်။+ ၁၂  အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင် ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါကို စွန့်ခွာပြီး+ ပတ်ဝန်းကျင်မှာရှိတဲ့ လူမျိုးတွေရဲ့ ဘုရားတွေကို ဦးချဝတ်ပြုကြတယ်။+ ဒီနည်းနဲ့ ယေဟောဝါကို အမျက်ထွက်အောင် လုပ်ကြတယ်။+ ၁၃  ယေဟောဝါကို စွန့်ခွာပြီး ဗာလဘုရားနဲ့ အာရှတရက်ရုပ်တုတွေကို ဝတ်ပြုတယ်။+ ၁၄  အဲဒီအခါ ယေဟောဝါက အစ္စရေးတွေကို အမျက်ထွက်ပြီး  တိုက်ခိုက်လုယက်သူတွေလက်ထဲ အပ်လိုက်တယ်။+ ပတ်ဝန်းကျင် ရန်သူတွေလက်ထဲ ရောင်းလိုက်တဲ့အတွက်+ ရန်သူတွေကို သူတို့မခုခံနိုင်တော့ဘူး။+ ၁၅  သူတို့ တိုက်ပွဲဝင်တဲ့အခါတိုင်း ယေဟောဝါက အရေးနိမ့်စေပြီး ဘေးဒုက္ခတွေ ကျရောက်စေတယ်။+ ယေဟောဝါ ပြောခဲ့တဲ့အတိုင်း၊ ယေဟောဝါ ကျိန်ဆိုခဲ့တဲ့အတိုင်း +  သူတို့ အကြီးအကျယ် ဒုက္ခရောက်ကုန်တယ်။+ ၁၆  ဒါကြောင့် ယေဟောဝါက တိုက်ခိုက်လုယက်သူတွေရဲ့ လက်ကနေ သူတို့ကိုကယ်တင်မယ့် တရားသူကြီးတွေကို ပေါ်ထွန်းစေတယ်။+ ၁၇  ဒါပေမဲ့  တရားသူကြီးတွေရဲ့ စကားကိုလည်း သူတို့နားမထောင်ကြဘူး။  တခြားဘုရားတွေကို  ဝတ်ပြုတယ်၊* ဦးချတယ်။ ဘိုးဘေးတွေ လိုက်လျှောက်ခဲ့တဲ့ လမ်းစဉ်ကနေ မြန်မြန်ဆန်ဆန်ပဲ လွဲသွားတယ်။ ဘိုးဘေးတွေက ယေဟောဝါရဲ့ ပညတ်ချက်တွေကို နာခံခဲ့ပေမဲ့+ သူတို့ကတော့ မနာခံကြဘူး။ ၁၈  တရားသူကြီးတွေကို ယေဟောဝါ ပေါ်ထွန်းစေတဲ့အခါတိုင်း+ အဲဒီတရားသူကြီးနဲ့အတူ ယေဟောဝါရှိတယ်။ အဲဒီတရားသူကြီး လက်ထက်မှာ အစ္စရေးတွေကို ရန်သူတွေလက်ကနေ ကယ်တင်တယ်။ ဖိနှိပ်သူတွေ၊ မတရား ဆက်ဆံသူတွေကြောင့် သူတို့ညည်းတွားတော့+ ယေဟောဝါ သနားသွားတယ်။+ ၁၉  ဒါပေမဲ့ တရားသူကြီး သေဆုံးသွားတဲ့အခါ အစ္စရေးတွေက တခြားဘုရားတွေကို  ဦးချဝတ်ပြုကြတယ်။+ ဘိုးဘေးတွေထက် ပိုပြီး အကျင့်ပျက်လာကြပြန်တယ်။  အကျင့်ဆိုးတွေ ကျင့်နေဆဲ၊  ခေါင်းမာနေဆဲပဲ။ ၂၀  နောက်ဆုံး၊ အစ္စရေးတွေကို ယေဟောဝါ အမျက်ထွက်ပြီး+ “ဒီလူမျိုးက ဘိုးဘေးတွေကို ငါမိန့်မှာခဲ့တဲ့ ပဋိညာဉ်ကိုချိုးဖောက်ပြီး+ ငါ့စကားကို မနာခံတဲ့အတွက်၊+ ၂၁  ငါကလည်း ယောရှုသေဆုံးပြီးနောက်  ကျန်နေသေးတဲ့ လူမျိုးတွေထဲက တစ်မျိုးကိုမှ မမောင်းထုတ်ပေးတော့ဘူး။+ ၂၂  ဘိုးဘေးတွေလိုပဲ ငါယေဟောဝါရဲ့ လမ်းစဉ်အတိုင်း အစ္စရေးတွေ လိုက်လျှောက်မယ်၊ မလိုက်လျှောက်ဘူးဆိုတာ သိနိုင်ဖို့ ငါစမ်းသပ်ကြည့်မယ်”+ လို့ပြောတယ်။ ၂၃  ယေဟောဝါက ကျန်နေသေးတဲ့ လူမျိုးတွေကို ချက်ချင်း မမောင်းထုတ်ဘဲ ဆက်နေထိုင်ခွင့်ပြုတယ်။ သူတို့ကို ယောရှုလက်ထဲ မအပ်ဘူး။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ငိုကြွေးသူများ။”
ယရ ၁၉:၅၀၂၄:၃၀ မှာ “တိမနသေရမြို့။”
သေဆုံးတာကို တင်စားတဲ့ အသုံးအနှုန်း။
မူရင်းမှာ ပြည့်တန်ဆာလုပ်တာနဲ့ တင်စားထားတယ်။