တရားသူကြီး ၈:၁-၃၅

  • ဧ​ဖရိမ်​အမျိုး​သား​တွေ ဂိ​ဒေါင်​ကို ရန်​တွေ့ (၁-၃)

  • မိ​ဒျန်​ဘု​ရင်တွေ​ကို ဖမ်း​ပြီး​သတ်​ပစ် (၄-၂၁)

  • အစ္စရေးတွေ​ကို အုပ်​ချုပ်​ဖို့ ဂိ​ဒေါင်​ငြင်း​ဆို (၂၂-၂၇)

  • ဂိ​ဒေါင်​ရဲ့​ဘဝ အကျဉ်း​ချုပ် (၂၈-၃၅)

 အဲဒီ​အခါ ဧ​ဖရိမ်​အမျိုး​သား​တွေ​က  ဂိ​ဒေါင်​ကို “ခင်​ဗျား​ဘယ်​လို​လုပ်​လိုက်​တာ​လဲ။ မိ​ဒျန်​လူမျိုး​ကို စစ်​သွား​တိုက်​တုန်း​က ကျုပ်​တို့​ကို ဘာ​လို့​မခေါ်​တာ​လဲ”+ ဆို​ပြီး အကြီး​အကျယ် ရန်​တွေ့​ကြ​တယ်။+ ၂  ဂိ​ဒေါင်​က “ခင်​ဗျား​တို့​နဲ့​နှိုင်း​ရင် ကျွန်​တော် လုပ်​ခဲ့​တာ​တွေ​ဟာ ဘာ​မှ မပြော​ပလောက်​ပါ​ဘူး။ ကျွန်​တော်​တို့ အဗျေဇာ​အမျိုး​သား​တွေ+ စ​ပျစ်​သီး စု​သိမ်း​တာ​ဟာ ခင်​ဗျား​တို့ ဧဖ​ရိမ်​အမျိုး​သား​တွေ+ အကြွင်း​အကျန် ကောက်​သလောက်​တောင် မရှိ​ပါ​ဘူး။ ၃  ဘု​ရား​သခင်​က မိ​ဒျန်​ဗိုလ်​ချုပ် သြရ​ဘ​နဲ့​ဇေ​ဘ​ကို+ ခင်​ဗျား​တို့​လက်​ထဲ အပ်​ခဲ့​ပြီပဲ။ ခင်​ဗျား​တို့​နဲ့​နှိုင်း​ရင် ကျွန်​တော် လုပ်​ခဲ့​တာ​တွေ​ဟာ ဘာ​မှ​မပြော​ပလောက်​ပါ​ဘူး​ဗျာ” လို့ ပြော​လိုက်​တော့ သူတို့ စိတ်​ပြေသွား​တယ်။ ၄  အဲဒီ​နောက် ဂိ​ဒေါင်​နဲ့ လူ ၃၀၀ က ဂျော်​ဒန်​မြစ်​နား ရောက်​လာ​ပြီး ဖြတ်​ကူး​ကြ​တယ်။ သူတို့​မော​ပန်း​နေ​ပေမဲ့ ရန်​သူ​တွေ​ကို ဆက်​လိုက်​ကြ​တယ်။ ၅  သု​ကုတ်​မြို့​ကို ရောက်​လာ​တော့ မြို့​သား​တွေ​ကို “ကျွန်​တော့်​လူ​တွေ မော​ပန်း​နေ​လို့ သူတို့​စား​ဖို့ စား​စ​ရာ​ပေး​ပါ​လား။ မိဒျန်​ဘု​ရင် ဇေ​ဘာ​နဲ့ ဇာ​လ​မု​န​ကို ကျွန်​တော်​လိုက်​ဖမ်း​နေ​တာ” လို့​ပြော​တယ်။ ၆  ဒါ​ပေမဲ့ သု​ကုတ်​မြို့​ရဲ့ ခေါင်း​ဆောင်​တွေ​က “မင်း​ရဲ့​တပ်​အတွက် စား​စ​ရာ​ပေး​ရ​အောင် ဇေ​ဘာ​နဲ့ ဇာ​လ​မု​န​ကို မင်း​က လက်​ရ​ဖမ်း​မိ​ထား​လို့​လား” ဆို​ပြီး ပြန်​ပြော​ကြ​တယ်။ ၇  ဂိ​ဒေါင်​က​လည်း “ကောင်း​ပြီလေ၊ ဇေ​ဘာ​နဲ့ ဇာလ​မု​န​ကို ကျွန်​တော့်​လက်​ထဲ ယေဟောဝါ​ဘုရား အပ်​တဲ့​အခါ ခင်​ဗျား​တို့​ကို ဆူး​ပင်၊ ချုံ​ပင်​နဲ့ ရိုက်​မယ်”+ လို့​ပြော​လိုက်​တယ်။ ၈  အဲဒီ​နောက် သု​ကုတ်​မြို့​က​နေ ပေနွေ​လ​မြို့​ကို ဆက်​တက်​သွား​ပြီး မြို့​သား​တွေ​ကို အဲဒီ​အတိုင်း​တောင်း​ဆို​တယ်။ သူတို့​က​လည်း သု​ကုတ်​မြို့​သား​တွေ​လို​ပဲ တုံ့​ပြန်​တယ်။ ၉  ဒါ​ကြောင့် ဂိ​ဒေါင်​က “ငါ​အနိုင်​ရ​ပြီး ပြန်​လာ​တဲ့​အခါ ဒီ​မြို့​ရဲ့ ရဲ​တိုက်​ကို ဖြို​ချ​ပစ်​မယ်”+ ဆို​ပြီး ပြော​လိုက်​တယ်။ ၁၀  ဇေ​ဘာ​နဲ့  ဇာ​လ​မု​န​က​တော့ ကာ​ကော်​အရပ်​မှာ  တပ်​ချ​ထား​ကြ​တယ်။ အရှေ့​တိုင်း​သား​တွေရဲ့ တပ်​တစ်​တပ်​လုံး​မှာ+  ဓား​ကိုင်​တပ်​သား ၁၂၀,၀၀၀ ကျ​ရှုံး​သွား​တဲ့​အတွက် အင်​အား  ၁၅,၀၀၀  ပဲ​ကျန်​တော့​တယ်။ ၁၁  ဂိ​ဒေါင်​က တဲ​ရှင်​နဲ့​နေ​ထိုင်​သူ​တွေရဲ့ လမ်း​အတိုင်း နော​ဗာ​အရပ်​နဲ့ ယုဗေ​ဟ​မြို့ အရှေ့​ဘက်​ကို+ ဆက်​ချီ​တက်​ပြီး ရန်​သူ့​တပ်​ကို အလစ်​ဝင်​တိုက်​တယ်။ ၁၂  မိ​ဒျန်​ဘု​ရင် ဇေ​ဘာ​နဲ့​ဇာ​လ​မု​န​က ထွက်​ပြေး​သွား​တယ်။ ဂိ​ဒေါင်​က လိုက်​ဖမ်း​ပြီး မိ​သွား​တော့ မိ​ဒျန်​တစ်​တပ်​လုံး က​စဉ့်​က​လျား​ဖြစ်​ကုန်​တယ်။ ၁၃  ယော​ရှ​ရဲ့​သား  ဂိ​ဒေါင်​က ဟေရက်​အတက်​လမ်း​အတိုင်း တိုက်​ပွဲ​က​နေ ပြန်​လာ​တယ်။ ၁၄  လမ်း​မှာ သု​ကုတ်​မြို့​သား လူငယ်​တစ်​ယောက်​ကို​ဖမ်း​ပြီး စစ်​ဆေး​မေး​မြန်း​တဲ့​အခါ အဲဒီ​လူငယ်​က သု​ကုတ်​မြို့​ရဲ့ ခေါင်း​ဆောင်​နဲ့​အကြီး​အကဲ ၇၇ ယောက်​ရဲ့ နာမည်​ကို ရေး​ပေး​တယ်။ ၁၅  ဂိ​ဒေါင်​လည်း သုကုတ်​မြို့​သား​တွေ​ဆီ သွား​ပြီး “‘ပင်​ပန်း​နေ​တဲ့ မင်း​ရဲ့​လူ​တွေ​ကို စား​စ​ရာ​ပေး​ရ​အောင် ဇေ​ဘာ​နဲ့ ဇာ​လ​မု​န​ကို မင်း လက်​ရ​ဖမ်း​မိ​ထား​လို့​လား’+ ဆို​ပြီး ခင်​ဗျား​တို့ ကဲ့​ရဲ့ခဲ့​တယ်​လေ။ ဒီ​မှာ​ကြည့်၊ ဇေ​ဘာ​နဲ့ ဇာ​လ​မု​န​ဆို​တာ ဒီ​လူ​တွေ​ပဲ” လို့​ပြော​တယ်။ ၁၆  အဲဒီ​နောက် သု​ကုတ်​မြို့​ရဲ့ အကြီး​အကဲ​တွေ​ကို ခေါ်၊ ဆူး​ပင်​နဲ့ ရိုက်​ပြီး သင်​ခန်း​စာပေး​လိုက်​တယ်။+ ၁၇  ပေနွေ​လ​ရဲ​တိုက်​ကို​လည်း ဖြို​ချ​ပြီး+ မြို့​သား​တွေ​ကို သတ်​ပစ်​တယ်။ ၁၈  ပြီး​တော့ ဂိ​ဒေါင်​က ဇေ​ဘာ​နဲ့​ဇာ​လ​မု​န​ကို  “တာ​ဗော်​မြို့​မှာ မင်း​တို့​သတ်​ခဲ့​တဲ့​လူ​တွေ​က  ဘယ်​လို​ပုံ​စံ​ရှိ​သလဲ” လို့​မေး​တော့ “မင်း​လို ဘု​ရင့်​သား​တော်​ရုပ်​မျိုး​ပဲ”  လို့  ပြန်​ဖြေကြ​တယ်။ ၁၉  ဂိဒေါင်​က “သူတို့​ဟာ ငါ့​ရဲ့ တစ်​အူ​ထုံ့​ဆင်း  ညီ​အစ်​ကို​တွေ​ပဲ။  ဒီ​တော့ အသက်​ရှင်​နေ​တဲ့ ဘု​ရား ယေဟောဝါ​ကို တိုင်​တည်​ပြီး ငါ​ပြော​မယ်။ မင်း​တို့​က​သာ သူတို့​ကို အသက်​ချမ်း​သာ​ပေး​ခဲ့ရင် ငါ​လည်း မင်း​တို့​ကို သတ်​မှာ​မဟုတ်​ဘူး” လို့​ပြော​တယ်။ ၂၀  အဲဒီ​နောက် “သူတို့​ကို သတ်​ပစ်​လိုက်” ဆို​ပြီး သား​ဦး ယေ​သာ​ကို ပြော​တယ်။ ဒါ​ပေမဲ့ ယေ​သာ​က ငယ်​သေး​တော့ ကြောက်​ပြီး ဓား​ကို ဆွဲ​မထုတ်​ဘူး။ ၂၁  ဇေ​ဘာ​နဲ့​ဇာ​လ​မု​န​က “မင်း​ကိုယ်​တိုင် လာ​သတ်​စမ်း​ပါ။ ယောက်ျား​ဆို​တာ သတ္တိ​ရှိ​ရ​တယ်​ကွ” လို့​ပြော​တယ်။ ဂိ​ဒေါင်​လည်း ဇေ​ဘာ​နဲ့​ဇာ​လ​မု​န​ကို သတ်​ပြီး+ သူတို့​ကု​လား​အုတ်​တွေရဲ့  လည်​ပင်း​မှာ​ဆွဲ​ထား​တဲ့ လ​ခြမ်း​ပုံ အဆင်​တန်​ဆာ​တွေ​ကို ယူ​လိုက်​တယ်။ ၂၂  နောက်​တော့ အစ္စရေးတွေ​က “ကျွန်​တော်​တို့​ကို မိ​ဒျန်​လူ​တွေ လက်​ထဲ​က​နေ ကယ်​တင်​ခဲ့​တဲ့​အတွက် ခင်​ဗျား​နဲ့ ခင်​ဗျားရဲ့​သား​မြေး​တွေ ကျွန်​တော်​တို့​ကို  အုပ်​ချုပ်​ပါ”+ လို့​ပြော​တဲ့​အခါ၊ ၂၃  ဂိ​ဒေါင်​က  “ကျွန်​တော်  မအုပ်​ချုပ်​ဘူး။  ကျွန်​တော့်​သား​လည်း  မအုပ်​ချုပ်​ဘူး။  အုပ်​ချုပ်​မယ့်​အရှင်​ဟာ ယေဟောဝါ​ပဲ။+ ၂၄  ဒါ​ပေမဲ့ တစ်​ခု​တော့ တောင်း​ဆို​ပါ​ရ​စေ။ ခင်​ဗျား​တို့​အားလုံး တိုက်​ရာ​ပါ​ဥစ္စာတွေ​ထဲ​က နှာ​ခေါင်း​မှာ​တပ်​တဲ့​ကွင်း တစ်​ကွင်း​စီ ကျွန်​တော့်​ကို​ပေး​ပါ” လို့​တောင်း​တယ်။ (စစ်​ရှုံး​သွား​တဲ့ အိ​ရှ​မေလ​လူ​တွေ​က နှာ​ခေါင်း​မှာ ရွှေ​ကွင်း​တပ်​လေ့​ရှိ​တယ်။)+ ၂၅  သူတို့​က​လည်း “ပေး​မှာ​ပေါ့” ဆို​ပြီး ဝတ်​ရုံ​တစ်​ထည်​ကို​ဖြန့်၊  တိုက်​ရာ​ပါ​ဥစ္စာ​ထဲ​က နှာခေါင်း​ကွင်း​တစ်​ကွင်း​စီ ထည့်​ပေး​ကြ​တယ်။ ၂၆  ဂိ​ဒေါင်​ရ​လိုက်​တဲ့ ရွှေ​နှာ​ခေါင်း​ကွင်း​တွေရဲ့ အလေး​ချိန်​ဟာ ရှယ်​ကယ်* ၁,၇၀၀ ရှိ​တယ်။ လ​ခြမ်း​ပုံ​အဆင်​တန်​ဆာ​တွေ၊ ဆွဲ​ပြား​တွေ၊ မိ​ဒျန်​ဘု​ရင်တွေရဲ့ ခ​ရမ်းရောင်​သိုး​မွေး​ထည်​တွေ၊ ကုလား​အုတ် လည်​ပတ်​ကြိုး​တွေ​ကို​လည်း သူ ရ​လိုက်​တယ်။+ ၂၇  ဂိ​ဒေါင်​က အဲဒီ​ရွှေ​နဲ့ သင်​တိုင်း* တစ်​ခု​လုပ်​ပြီး+ သူ​နေ​ထိုင်​တဲ့ သြဖရ​မြို့​မှာ+ ပြသထား​တယ်။ အစ္စရေးတွေ​က အဲဒီ​ကို​လာ​ပြီး သင်​တိုင်း​ကို ဝတ်​ပြု​ကြ​တယ်။*+ ဒါ​ကြောင့် သင်​တိုင်း​က ဂိ​ဒေါင်​နဲ့ အိမ်​သား​တွေ​အတွက် ထောင်​ချောက်​တစ်​ခု ဖြစ်​သွား​တယ်။+ ၂၈  ဒီ​လို​နဲ့ မိ​ဒျန်​လူ​တွေ+ ရှုံး​နိမ့်​သွား​ပြီး  အစ္စရေးတွေ​ကို  နောက်​ထပ် စိန်မခေါ်​ရဲ​ကြ​တော့​ဘူး။ ဂိ​ဒေါင်​လက်​ထက်​မှာ တိုင်း​ပြည်​ဟာ နှစ်​ပေါင်း ၄၀ လုံး ငြိမ်း​ချမ်း​သာ​ယာ​နေ​တယ်။+ ၂၉  ယော​ရှ​ရဲ့​သား  ယေ​ရု​ဗာလ​က+ အိမ်​ကို ပြန်​သွား​ပြီး နေ​ထိုင်​တယ်။ ၃၀  ဂိ​ဒေါင်​မှာ မယား​အများ​ကြီး​ရှိ​တော့ သား​ချည်း​ပဲ အယောက် ၇၀ ရှိ​တယ်။ ၃၁  ရှေ​ခင်​မြို့​မှာ​နေ​တဲ့ သူ့​မယား​ငယ်​က သား​တစ်​ယောက်​မွေး​တယ်။ အဲဒီ​သား​ကို အဘိ​မလက်​လို့+ နာ​မည်​ပေး​တယ်။ ၃၂  ယော​ရှ​ရဲ့​သား ဂိဒေါင်​ဟာ အသက်​ရှည်​ရှည်​နေ​ပြီး​နောက် သေဆုံး​သွား​တယ်။ အဗျေဇာ​အမျိုး​သား​တွေ နေ​ထိုင်​တဲ့ သြဖရ​မြို့​က+ သူ့​ဖခင်​ယော​ရှ​ရဲ့ သင်္ချိုင်း​ဂူ​မှာ သူ့​ကို​သင်္ဂြိုဟ်​ကြ​တယ်။ ၃၃  ဂိ​ဒေါင်  သေဆုံး​သွား​တာ​နဲ့ ဗာလ​ဘု​ရားတွေ​ကို  အစ္စရေးတွေ ဝတ်​ပြု​ကြ​ပြန်​တယ်။*+  ဗာလ​ဗေ​ရိတ်​ကို  ဘု​ရား​အဖြစ် ကိုးကွယ်​ကြ​တယ်။+ ၃၄  ပတ်​ဝန်း​ကျင် ရန်​သူ​တွေ လက်​ထဲ​က​နေ ကယ်​တင်​ခဲ့​တဲ့+ ယေဟောဝါ​ဘုရား​ကို  သတိ​မရ​ကြ​တော့​ဘူး။+ ၃၅  ဂိ​ဒေါင်​လို့​ခေါ်​တဲ့ ယေ​ရု​ဗာလ​က သူတို့​အတွက် ကောင်း​တာ​တွေ အများ​ကြီး လုပ်​ပေး​ခဲ့​ပေမဲ့ သူတို့ ကျေး​ဇူး​မသိတတ်​ကြ​ဘူး၊ ဂိ​ဒေါင်​ရဲ့ အိမ်​သား​တွေကိုလည်း  ခိုင်​မြဲတဲ့​မေတ္တာ  မပြကြဘူး။+

အောက်ခြေမှတ်ချက်များ

တစ်​ရှယ်​ကယ်​က ၁၁.၄ ဂရမ်​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း​မှာ ပြည့်​တန်​ဆာ​လုပ်​တာ​နဲ့ တင်​စား​ထား​တယ်။
မူ​ရင်း​မှာ ပြည့်​တန်​ဆာ​လုပ်​တာ​နဲ့ တင်​စား​ထား​တယ်။