တရားဟောရာ ၁၀:၁-၂၂

  • ကျောက်ပြားနှစ်ချပ် ပြန်လုပ် (၁-၁၁)

  • ယေဟောဝါ တောင်းဆိုတဲ့အရာ (၁၂-၂၂)

    • ယေဟောဝါကို ကြောက်ရွံရိုသေပြီး ချစ်ပါ (၁၂)

၁၀  “အဲဒီအခါ ယေဟောဝါက ‘အရင်ကျောက်ပြားလိုမျိုး ကျောက်ပြားနှစ်ချပ် ထုဆစ်ပြီး+ ငါရှိတဲ့တောင်ပေါ်ကို တက်လာခဲ့။ သေတ္တာတစ်လုံးကိုလည်း သစ်သားနဲ့လုပ်ပါ။ ၂  မင်းခွဲလိုက်တဲ့ အရင်ကျောက်ပြားတွေပေါ်က စကားတွေအတိုင်း ငါပြန်ရေးပေးမယ်။ အဲဒီကျောက်ပြားတွေကို သေတ္တာထဲ ထည့်ထားပါ’ လို့ ကျွန်တော့်ကို ပြောတယ်။ ၃  ကျွန်တော်လည်း သေတ္တာတစ်လုံးကို ရှားသားနဲ့ လုပ်တယ်။ အရင်ကျောက်ပြားလိုမျိုး ကျောက်ပြားနှစ်ချပ် ထုဆစ်တယ်။ ပြီးတော့ ကျောက်ပြားနှစ်ချပ်ကို ကိုင်ပြီး တောင်ပေါ် တက်သွားတယ်။+ ၄  ယေဟောဝါက အရင်ကလိုပဲ ကျောက်ပြားတွေပေါ်မှာ ပညတ်တော်ဆယ်ပါး+ ရေးပေးတယ်။+ ခင်ဗျားတို့စုဝေးတဲ့နေ့တုန်းက+ တောင်ပေါ်မှာ မီးထဲကနေ ဘုရားမိန့်မှာတဲ့ ပညတ်တွေပေါ့။+ ယေဟောဝါက ကျွန်တော့်ကို အဲဒီကျောက်ပြားတွေ ပေးတယ်။ ၅  ကျွန်တော်လည်း တောင်ပေါ်ကနေ ပြန်ဆင်းလာပြီး+ ယေဟောဝါမိန့်မှာတဲ့အတိုင်း ကျောက်ပြားတွေကို လုပ်ထားတဲ့သေတ္တာထဲ ထည့်ထားလိုက်တာ အခုထိရှိနေတုန်းပဲ။ ၆  “အစ္စရေးတွေက ဗေရုတ်ဗင်ယာကန်အရပ်ကနေ မောသရုတ်အရပ်ကို ထွက်ခွာလာတယ်။ အဲဒီမှာ အာရုန်သေဆုံးသွားတဲ့အတွက် သင်္ဂြိုဟ်လိုက်ကြတယ်။+ သူ့သားဧလာဇာက ပုရောဟိတ်တာဝန်ကို ဆက်ခံတယ်။+ ၇  အဲဒီကနေ ဂုဒ်ဂေါဒအရပ်ကို ထွက်ခွာလာတယ်။ ဂုဒ်ဂေါဒအရပ်ကနေ ချောင်းတွေစီးဆင်းနေတဲ့ ယုပ်ဘာသအရပ်ကို ထွက်ခွာလာတယ်။+ ၈  “အဲဒီအချိန်မှာ ယေဟောဝါက လေဝိအနွယ်ကို+ ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာ ထမ်းဖို့၊+ ယေဟောဝါရှေ့မှာ ရပ်ပြီး အမှုဆောင်ဖို့၊ နာမတော်နဲ့ ကောင်းချီးပေးဖို့+ သီးသန့်ဖယ်ထားတယ်။ သူတို့ အခုချိန်ထိ အဲဒီလို အမှုဆောင်နေကြတယ်။ ၉  ဒါကြောင့် လေဝိအနွယ်ဟာ ညီအစ်ကိုတွေနဲ့အတူ ဘာဝေစု၊ ဘာအမွေမှ မရဘူး။ ယေဟောဝါဘုရား ပြောတဲ့အတိုင်း ယေဟောဝါဟာ သူတို့ရဲ့အမွေပဲ။+ ၁၀  ကျွန်တော်လည်း အရင်လိုပဲ ရက်ပေါင်း ၄၀ လုံး တောင်ပေါ်မှာ နေတယ်။+ ဒီတစ်ခေါက်လည်း ကျွန်တော်အသနားခံတာကို ယေဟောဝါ နားထောင်ပေးတယ်။+ ဒါကြောင့် ခင်ဗျားတို့ကို ယေဟောဝါ မဖျက်ဆီးချင်တော့ဘူး။ ၁၁  အဲဒီနောက် ယေဟောဝါဘုရားက ‘လူတွေကို ဦးဆောင်ပြီး ထွက်ခွာဖို့ အသင့်ပြင်ပါ။ သူတို့ကို ပေးမယ်ဆိုပြီး ဘိုးဘေးတွေကို ငါကျိန်ဆိုခဲ့တဲ့ပြည်ထဲ သူတို့ ဝင်ရောက်သိမ်းပိုက်ရမယ်’+ လို့ ကျွန်တော့်ကို ပြောတယ်။ ၁၂  “အစ္စရေးတို့၊ ခင်ဗျားတို့ဆီကနေ ယေဟောဝါဘုရား လိုချင်တာ ဘာများရှိလို့လဲ။+ ယေဟောဝါဘုရားကို ကြောက်ရွံ့ရိုသေတာ၊+ ဘုရားလမ်းစဉ်အတိုင်း လျှောက်လှမ်းတာ၊+ ဘုရားကိုချစ်တာ၊ ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှနဲ့ ဝတ်ပြုတာ၊+ ၁၃  ခင်ဗျားတို့ ကောင်းကျိုးအတွက် အခု ကျွန်တော် မှာကြားနေတဲ့ ယေဟောဝါရဲ့ ပညတ်ချက်တွေ၊ ဥပဒေတွေကို လိုက်နာတာကိုပဲ+ လိုချင်တယ် မဟုတ်လား။ ၁၄  ယေဟောဝါဘုရားဟာ အမြင့်ဆုံး ကောင်းကင်ကို ပိုင်တယ်။ မြေကြီးနဲ့ မြေကြီးပေါ်ရှိသမျှကိုလည်း ပိုင်တယ်။+ ၁၅  ဒါပေမဲ့ ယေဟောဝါက ခင်ဗျားတို့ရဲ့ ဘိုးဘေးတွေကိုပဲ မေတ္တာပြပြီး ရင်းရင်းနှီးနှီး ဆက်ဆံခဲ့တယ်။ သူတို့ရဲ့ သားမြေးတွေဖြစ်တဲ့ ခင်ဗျားတို့ကိုလည်း လူမျိုးအားလုံးထဲကနေ အခုလို ရွေးချယ်ခဲ့တယ်။+ ၁၆  ဒါကြောင့် ခင်ဗျားတို့ စိတ်နှလုံးကို စင်ကြယ်စေကြ။*+ ခေါင်းမမာကြနဲ့တော့။*+ ၁၇  ယေဟောဝါဘုရားသခင်ဟာ ဘုရားတို့ရဲ့ဘုရား+ သခင်တို့ရဲ့သခင် တန်ခိုးကြီးပြီး ရိုသေခန့်ညားဖွယ်ကောင်းတဲ့ ဘုရား၊ မျက်နှာမလိုက်တဲ့အရှင်၊+ တံစိုးလက်ဆောင်ကို လက်မခံတဲ့အရှင် ဖြစ်တယ်။ ၁၈  ဘုရားသခင်က မိဘမဲ့ကလေးနဲ့ မုဆိုးမအတွက် တရားသဖြင့် စီရင်ပေးတယ်။+ တိုင်းတစ်ပါးသားကို ချစ်ပြီး+ စားစရာ၊ ဝတ်စရာ ပေးသနားတယ်။ ၁၉  ခင်ဗျားတို့လည်း အီဂျစ်ပြည်မှာ တိုင်းတစ်ပါးသား ဖြစ်ခဲ့ဖူးတဲ့အတွက် တိုင်းတစ်ပါးသားကို ချစ်ရမယ်။+ ၂၀  “ယေဟောဝါဘုရားကိုကြောက်ရွံ့ရိုသေပါ။ ဘုရားကိုပဲ ဝတ်ပြုပါ။+ ဘုရားကိုပဲ  တွယ်တာနေပါ။  နာမတော်ကိုပဲ တိုင်တည်ပြီး သစ္စာဆိုပါ။ ၂၁  ဘုရားသခင်ဟာ ခင်ဗျားတို့ ချီးမွမ်းရမယ့်အရှင်ပဲ။+ ခင်ဗျားတို့ကိုယ်တိုင် မြင်ခဲ့တဲ့အတိုင်း ကြီးမြတ်ပြီး အံ့မခန်းဖွယ်လုပ်ရပ်တွေကို လုပ်ဆောင်ပေးခဲ့တဲ့ ခင်ဗျားတို့ရဲ့ ဘုရားသခင်ပဲ။+ ၂၂  ဘိုးဘေးတွေ အီဂျစ်ပြည်ကို ဆင်းသွားတုန်းက လူ ၇၀ ပဲ ရှိခဲ့တာ။+ အခုတော့ ယေဟောဝါဘုရားက ခင်ဗျားတို့ကို ကောင်းကင်ကြယ်တွေလို များပြားစေပြီ။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “အရေဖျားဖြတ်ကြ။”
မူရင်း၊ “လည်ပင်း မခိုင်မာကြနဲ့တော့။”