တရားဟောရာ ၁၅:၁-၂၃

  • ခုနစ်နှစ်မြောက်မှာ အကြွေးကိုလျှော်ရ (၁-၆)

  • ဆင်းရဲသားကို ကူညီရ (၇-၁၁)

  • ခုနစ်နှစ်မြောက်မှာ ကျွန်တွေကို လွှတ်ပေးရ (၁၂-၁၈)

    • ကျွန်ရဲ့နားရွက်ကို စူးနဲ့ဖောက် (၁၆၊ ၁၇)

  • တိရစ္ဆာန်သားဦးတွေကို ဆက်ကပ်ရ (၁၉-၂၃)

၁၅  “ခုနစ်နှစ်စေ့တိုင်း လွတ်ငြိမ်းခွင့် ပေးရမယ်။+ ၂  လွတ်ငြိမ်းခွင့် ပေးရမယ့်နည်းကတော့– ကြွေးရှင်တွေက ကိုယ့်အမျိုးသားချင်း ယူထားတဲ့ အကြွေးကို လျှော်ပစ်ရမယ်။ ယေဟောဝါရှေ့ လွတ်ငြိမ်းခွင့်ပေးကြောင်း+ ကြေညာရမှာဖြစ်လို့ ကိုယ့်အမျိုးသားချင်း ဒါမှမဟုတ် ကိုယ့်ညီအစ်ကို,ကို အကြွေးမတောင်းရဘူး။ ၃  တိုင်းတစ်ပါးသားကို အကြွေးတောင်းနိုင်ပေမဲ့+ ကိုယ့်ညီအစ်ကို ချေးထားတာတွေကိုတော့ ပြန်မတောင်းရဘူး။ ၄  ယေဟောဝါဘုရား အမွေပေးမယ့်ပြည်မှာ ခင်ဗျားတို့ကို ယေဟောဝါ ကောင်းချီးပေးမှာ သေချာလို့+ ခင်ဗျားတို့တစ်ယောက်မှ ဆင်းရဲမှာ မဟုတ်ဘူး။ ၅  ဒါပေမဲ့ အခု ကျွန်တော် မှာကြားနေတဲ့ ဒီပညတ်ချက်အားလုံးကို ဂရုတစိုက် လိုက်နာပြီး ယေဟောဝါဘုရားရဲ့ စကားကို မြေဝယ်မကျ နာခံမှသာ ကောင်းချီးရလိမ့်မယ်။+ ၆  ယေဟောဝါဘုရားဟာ ကတိပေးထားတဲ့အတိုင်း ကောင်းချီးပေးမယ်။ တခြားလူမျိုးတွေကို ခင်ဗျားတို့ ချေးငှားပေးရလိမ့်မယ်။ သူတို့ဆီကနေ ချေးငှားဖို့ လိုမှာမဟုတ်ဘူး။+ တခြားလူမျိုးတွေကို ခင်ဗျားတို့ အုပ်စိုးရမယ်။ သူတို့ အုပ်စိုးရမှာ မဟုတ်ဘူး။+ ၇  “ယေဟောဝါဘုရားပေးတဲ့ ပြည်ထဲက မြို့တစ်မြို့မှာ ကိုယ့်ညီအစ်ကိုတစ်ယောက် ဆင်းရဲနေတယ်ဆိုရင် သူ့အပေါ် အကြင်နာ မကင်းမဲ့ရဘူး။ မတွန့်တိုရဘူး။+ ၈  သူ့ကို ရက်ရက်ရောရော ပေးကမ်းရမယ်။+ သူလိုအပ်တာ၊ သူ့မှာ မရှိတာတွေကို ချေးငှားပေးရမယ်။ ၉  ‘ခုနစ်နှစ်မြောက်ဖြစ်တဲ့ လွတ်ငြိမ်းရာနှစ် နီးလာပြီပဲ’+ လို့တွေးမိပြီး ဆင်းရဲသား ညီအစ်ကိုအပေါ် မရက်ရောနိုင်တော့ဘဲ ဘာမှ မပေးချင်တဲ့စိတ်မျိုး မဝင်လာအောင် သတိပြုပါ။ ယေဟောဝါဘုရားဆီ သူအော်ဟစ်တိုင်ကြားလိုက်ရင် ကိုယ့်အပြစ် ဖြစ်သွားမယ်။+ ၁၀  မပေးချင်ပေးချင်နဲ့ မဟုတ်ဘဲ ရက်ရက်ရောရော ပေးရမယ်။+ ဒါဆိုရင် ယေဟောဝါဘုရားက ခင်ဗျားတို့ လုပ်ဆောင်သမျှကို ကောင်းချီးပေးမယ်။+ ၁၁  တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးသူတော့ အမြဲရှိမှာပဲ။+ ဒါကြောင့် ‘တိုင်းပြည်မှာ ဒုက္ခရောက်ပြီး ဆင်းရဲနေတဲ့ ညီအစ်ကိုကို ရက်ရက်ရောရော ပေးရမယ်’+ ဆိုပြီး ကျွန်တော် မှာကြားနေတာပါ။ ၁၂  “ကိုယ့်လူမျိုးချင်း ဟီဘရူးယောက်ျား ဒါမှမဟုတ် မိန်းမတစ်ယောက်ကို ဝယ်ထားတယ်ဆိုရင် သူ ခြောက်နှစ် ကျွန်ခံပြီးနောက် ခုနစ်နှစ်မြောက်မှာ လွှတ်ပေးရမယ်။+ ၁၃  လွှတ်ပေးတဲ့အခါ လက်ချည်းသက်သက် မလွှတ်လိုက်ရဘူး။ ၁၄  ကိုယ့်ရဲ့တိရစ္ဆာန်အုပ်၊ ကောက်နယ်တလင်း၊ ဆီကြိတ်ဆုံ၊ စပျစ်သီးနယ်ရာကျင်းထဲက တချို့ကို ရက်ရက်ရောရော ပေးလိုက်ရမယ်။ ယေဟောဝါဘုရား ကောင်းချီးပေးထားသလောက် သူ့ကို ပေးလိုက်ရမယ်။ ၁၅  ခင်ဗျားတို့ အီဂျစ်ပြည်မှာ ကျွန်ခံခဲ့ဖူးတာ၊ ယေဟောဝါဘုရားက ရွေးယူခဲ့ရတာတွေကို ပြန်သတိရပါ။ ဒါကြောင့်လည်း ဒီပညတ်ကို လိုက်နာဖို့ အခုလို ကျွန်တော် မှာကြားနေတာပေါ့။ ၁၆  “ဒါပေမဲ့ အဲဒီကျွန်က သခင်နဲ့အိမ်သားတွေကို ချစ်ပြီး သခင့်ဆီမှာနေရတာ ပျော်တဲ့အတွက် ‘မထွက်သွားချင်ဘူး’ လို့ပြောရင်၊+ ၁၇  သူ့ကို တံခါးနား ခေါ်လာပြီး သူ့နားရွက်ကို စူးနဲ့ဖောက်ရမယ်။ သူ တစ်သက်လုံး ကျွန်ခံရမယ်။ ကျွန်မိန်းမကိုလည်း အဲဒီလိုပဲ လုပ်ရမယ်။ ၁၈  သူ့ကို လွှတ်ပေးလိုက်ရတယ်ဆိုရင်လည်း နစ်နာတယ်လို့ မထင်ပါနဲ့။ သူ့ရဲ့ခြောက်နှစ်စာ လုပ်အားခဟာ စာရင်းငှားတစ်ယောက်ရဲ့ လုပ်ခနှစ်ဆနဲ့ ညီတယ်။ ယေဟောဝါဘုရားက ခင်ဗျားတို့လုပ်သမျှကို ကောင်းချီးပေးခဲ့ပြီပဲ။ ၁၉  “ကိုယ့်ရဲ့သိုးနွားတိရစ္ဆာန်အုပ်ထဲက ဦးဆုံးပေါက်တဲ့ အထီးအားလုံးကို ယေဟောဝါဘုရားအတွက် ဆက်ကပ်ရမယ်။+ ဦးဆုံးပေါက်တဲ့ နွားထီးကို အလုပ်မခိုင်းရဘူး။ ဦးဆုံးပေါက်တဲ့ သိုးထီးကိုလည်း အမွေးမညှပ်ရဘူး။ ၂၀  အဲဒီအကောင်တွေကို ယေဟောဝါဘုရားရှေ့၊ ယေဟောဝါ ရွေးချယ်တဲ့နေရာမှာ ကိုယ့်အိမ်သူအိမ်သားတွေနဲ့အတူ နှစ်တိုင်း စားရမယ်။+ ၂၁  အဲဒီအကောင်က ခြေကျိုးနေရင်၊ မျက်စိကန်းနေရင်၊ ဆိုးရွားတဲ့ အနာအဆာတစ်ခုခု ရှိနေရင် ယေဟောဝါဘုရားဆီ မပူဇော်ရဘူး။+ ၂၂  အဲဒီအကောင်ကို ကိုယ့်မြို့တွေထဲမှာပဲ စားရမယ်။ ဒရယ်သား၊ သမင်သားကို စားသလို မသန့်ရှင်းသူရော သန့်ရှင်းသူပါ စားနိုင်တယ်။+ ၂၃  သွေးကိုတော့ မစားရဘူး။+ ရေသွန်သလို သွေးကို မြေပေါ် သွန်ရမယ်။+

အောက်ခြေမှတ်ချက်များ