တရားဟောရာ ၂၁:၁-၂၃

  • တရားခံမပေါ်တဲ့ လူသတ်မှုများ (၁-၉)

  • သုံ့ပန်းအမျိုးသမီးနဲ့ လက်ထပ်ခြင်း (၁၀-၁၄)

  • သားဦးအခွင့်အရေး (၁၅-၁၇)

  • ခေါင်းမာတဲ့သား (၁၈-၂၁)

  • သစ်တိုင်တင်ခံရသူ ကျိန်ခြင်းခံရ (၂၂၊ ၂၃)

၂၁  “ယေဟောဝါဘုရား အပိုင်ပေးတဲ့ပြည်မှာ လူသေအလောင်းကို တောထဲမှာတွေ့ပြီး ဘယ်သူသတ်သွားမှန်း မသိရင်၊ ၂  အကြီးအကဲတွေ၊ တရားသူကြီးတွေက+ အလောင်းနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့မြို့တွေရဲ့ အကွာအဝေးကို သွားပြီး တိုင်းတာရမယ်။ ၃  အလောင်းနဲ့ အနီးဆုံးမြို့က အကြီးအကဲတွေဟာ တိရစ္ဆာန်အုပ်ထဲက အလုပ်မလုပ်ဖူးတဲ့၊ ထမ်းပိုးမထမ်းဖူးတဲ့ နွားမပျိုတစ်ကောင်ကို ယူရမယ်။ ၄  အဲဒီနောက် မြေလွတ်မြေရိုင်းမှာ စီးဆင်းနေတဲ့ သဲချောင်းထဲ နွားမပျိုကို ခေါ်သွားပြီး လည်ပင်းကို ချိုးရမယ်။+ ၅  “လေဝိအနွယ် ပုရောဟိတ်တွေ လိုက်လာရမယ်။ သူတို့ဟာ ယေဟောဝါရဲ့နာမည်ကို သုံးပြီး ကောင်းချီးပေးဖို့၊+ ကိုယ်တော့်အတွက် အမှုဆောင်ဖို့ ယေဟောဝါဘုရား ရွေးချယ်ထားသူတွေ ဖြစ်လို့ပဲ။+ အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ အမှုအခင်းတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သူတို့ ပြောပြရမယ်။+ ၆  အဲဒီနောက် အလောင်းနဲ့ အနီးဆုံးမြို့ရဲ့ အကြီးအကဲတွေက သဲချောင်းထဲမှာ လည်ပင်းချိုးထားတဲ့ နွားမပျိုပေါ် လက်ကို ဆေးချပြီး၊+ ၇  ‘ဒီလူကို ကျွန်တော်တို့ မသတ်ပါဘူး။ သူအသတ်ခံရတာကိုလည်း မမြင်ပါဘူး။ ၈  ယေဟောဝါဘုရား၊ ကိုယ်တော်ရွေးယူခဲ့တဲ့ အစ္စရေးလူမျိုးကို+ ဒီအမှုကြောင့် အပြစ်မတင်ပါနဲ့။ ကိုယ်တော့်လူမျိုး အစ္စရေးတွေဆီမှာ အပြစ်မဲ့သူကို သတ်မိတဲ့အပြစ် မရောက်ပါစေနဲ့’+ ဆိုပြီး ပြောရမယ်။ ဒါဆိုရင် လူသတ်မှုအတွက် သူတို့ အပြစ်သင့်တော့မှာ မဟုတ်ဘူး။ ၉  အပြစ်မဲ့သူကို သတ်တဲ့အပြစ်ကို ခင်ဗျားတို့ဆီကနေ ဖယ်ရှားရမယ်။ ဒီနည်းနဲ့ ယေဟောဝါရှေ့မှာ မှန်ရာကို လုပ်ရမယ်။ ၁၀  “ရန်သူတွေကို ချီတက်တိုက်ခိုက်တဲ့အခါ ယေဟောဝါဘုရား အနိုင်ရစေတဲ့အတွက် သူတို့ကို သုံ့ပန်းအဖြစ် ဖမ်းခေါ်လာပြီး၊+ ၁၁  သုံ့ပန်းတွေထဲမှာ မိန်းမလှတစ်ယောက်ကို သဘောကျလို့ လက်ထပ်ယူချင်တယ်ဆိုရင်၊ ၁၂  သူ့ကို အိမ်ခေါ်လာရမယ်။ ဆံပင်ရိတ်ပြီး ခြေသည်းလက်သည်း ညှပ်ခိုင်းရမယ်။ ၁၃  သုံ့ပန်းအဝတ်ကို မဝတ်ရတော့ဘူး။ အိမ်မှာပဲနေပြီး မိဘတွေအတွက် တစ်လလုံး ငိုကြွေးရမယ်။+ ပြီးရင် သူနဲ့ ပေါင်းသင်းဆက်ဆံနိုင်တယ်။ ခင်ဗျားတို့ လင်မယားဖြစ်သွားပြီ။ ၁၄  ဒါပေမဲ့ သူ့ကို သဘောမကျတော့ဘူးဆိုရင် သူသွားချင်တဲ့နေရာကို ထွက်သွားခွင့်ပေးရမယ်။+ ဇနီးအဖြစ် ပေါင်းသင်းပြီးပြီဖြစ်လို့ သူ့ကို ငွေနဲ့ မရောင်းရဘူး၊ နိုင်ထက်စီးနင်း မဆက်ဆံရဘူး။ ၁၅  “လူတစ်ယောက်မှာ ဇနီးနှစ်ယောက် ရှိပြီး တစ်ယောက်ကို ပိုချစ်တယ်ဆိုပါစို့။ နှစ်ယောက်စလုံး သားလေးမွေးလာတဲ့အခါ အချစ်မခံရတဲ့ ဇနီးရဲ့သားက သားဦးဖြစ်နေတယ်ဆိုရင်၊+ ၁၆  အမွေပေးချိန်မှာ အဲဒီသားဦးအစား ပိုချစ်တဲ့ဇနီးရဲ့ သားကို သားဦးအခွင့်အရေး မပေးရဘူး။ ၁၇  အချစ်မခံရတဲ့ဇနီးရဲ့ သားကို သားဦးအဖြစ် အသိအမှတ်ပြုပြီး ပိုင်ဆိုင်သမျှထဲက ဝေစုနှစ်ဆ ပေးရမယ်။ အဲဒီသားဟာ ဖခင်ရဲ့ ရင်သွေးဦးဖြစ်လို့ သားဦးအခွင့်အရေးကို သူပဲ ရထိုက်တယ်။+ ၁၈  “ခေါင်းမာပြီး ကလန်ကဆန် လုပ်တတ်တဲ့ သားတစ်ယောက်က မိဘကို မနာခံဘူး၊+ ဆုံးမခံရပေမဲ့ နားမထောင်ဘူးဆိုရင်၊+ ၁၉  မိဘတွေက သူ့ကို မြို့တံခါးမှာရှိနေတဲ့ အကြီးအကဲတွေဆီ ဆွဲခေါ်သွားရမယ်။ ၂၀  ပြီးတော့ ‘ဒီသားဟာ ခေါင်းမာပြီး ကလန်ကဆန် လုပ်တတ်ပါတယ်။ ကျွန်တော်တို့စကားကို နားမထောင်ပါဘူး။ စားကြူး၊+ သောက်ကြူးတဲ့သူပါ’+ ဆိုပြီး အကြီးအကဲတွေကို ပြောပြရမယ်။ ၂၁  အဲဒီအခါ မြို့သားအားလုံးက သူ့ကို ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်။ ဒီနည်းနဲ့ ခင်ဗျားတို့ဆီကနေ မကောင်းမှုကို ဖယ်ရှားရမယ်။ ဒါကို အစ္စရေးအားလုံး ကြားတဲ့အခါ ကြောက်ရွံ့ကြလိမ့်မယ်။+ ၂၂  “သေဒဏ်ခံထိုက်တဲ့ အပြစ် ကျူးလွန်သူကို ကွပ်မျက်ပြီး+ သစ်တိုင်မှာ ဆွဲထားတယ်ဆိုရင်၊+ ၂၃  အလောင်းကို သစ်တိုင်ပေါ်မှာ တစ်ညလုံး မထားရဘူး။+ အဲဒီနေ့မှာပဲ သင်္ဂြိုဟ်ရမယ်။ သစ်တိုင်တင်ခံရတဲ့သူဟာ ဘုရားသခင်ရဲ့ ကျိန်ခြင်းကို ခံရသူပဲ။+ ယေဟောဝါဘုရား အမွေပေးတဲ့ ပြည်ကို ညစ်ညူးအောင် မလုပ်ရဘူး။+

အောက်ခြေမှတ်ချက်များ