တရားဟောရာ ၃၀:၁-၂၀

  • ယေဟောဝါဆီ ပြန်လာ (၁-၁၀)

  • ယေဟောဝါရဲ့ပညတ်ချက် ခက်ခဲလွန်းတဲ့အရာမဟုတ် (၁၁-၁၄)

  • အသက်ရှင်ခြင်း၊ သေခြင်းကို ရွေးချယ် (၁၅-၂၀)

၃၀  “ကျွန်တော်ပြောနေတဲ့ ဒီကောင်းချီးတွေ၊ ဒီကျိန်စာတွေအတိုင်း ခင်ဗျားတို့ ကြုံရတဲ့အခါ+ ယေဟောဝါဘုရား နှင်ထုတ်လိုက်လို့ တကွဲတပြား ရောက်သွားမယ့် လူမျိုးတွေအလယ်မှာ+ ဒီစကားတွေကို ပြန်သတိရမယ်၊+ ၂  ခင်ဗျားတို့နဲ့ သားမြေးတွေကို အခု ကျွန်တော် မှာကြားနေတဲ့အတိုင်း ယေဟောဝါဘုရားဆီ ပြန်လှည့်လာပြီး+ ဘုရားရဲ့စကားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ နားထောင်မယ်ဆိုရင်၊+ ၃  ယေဟောဝါဘုရားက ခင်ဗျားတို့ကို သုံ့ပန်းဘဝကနေ ပြန်ခေါ်လာပြီး+ ကရုဏာပြမယ်။+ ယေဟောဝါဘုရား နှင်ထုတ်လိုက်လို့ တကွဲတပြား ရောက်သွားမယ့် လူမျိုးတွေဆီကနေ ပြန်စုစည်းမယ်။+ ၄  ခင်ဗျားတို့ရဲ့ လူတွေဟာ မိုးကောင်းကင်တစ်ဖက်စွန်းအထိ ကွဲလွင့်နေရင်တောင် ယေဟောဝါဘုရားက ပြန်စုစည်းပြီး ခေါ်လာမယ်။+ ၅  ယေဟောဝါဘုရားက ဘိုးဘေးတွေ သိမ်းပိုက်ခဲ့တဲ့ပြည်ထဲ ခင်ဗျားတို့ကို ခေါ်ဆောင်လာမယ်။ အဲဒီပြည်ကို ခင်ဗျားတို့ ပိုင်ဆိုင်ရလိမ့်မယ်။ ခင်ဗျားတို့ကို ကောင်းစားစေပြီး ဘိုးဘေးတွေထက် တိုးများစေမယ်။+ ၆  ယေဟောဝါဘုရားက ခင်ဗျားတို့နဲ့ သားမြေးတွေရဲ့ စိတ်နှလုံးကို စင်ကြယ်စေမယ်။*+ ဒါမှ ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ချစ်ပြီး အသက်ဆက်ရှင်နိုင်လိမ့်မယ်။+ ၇  ခင်ဗျားတို့ကို မုန်းတီးနှိပ်စက်ခဲ့တဲ့ ရန်သူတွေအပေါ် ဒီကျိန်စာအားလုံးကို ယေဟောဝါဘုရား ကျရောက်စေမယ်။+ ၈  “ခင်ဗျားတို့လည်း ပြန်လှည့်လာပြီး ယေဟောဝါရဲ့ စကားကို နားထောင်ကြလိမ့်မယ်၊ အခု ကျွန်တော်မှာကြားနေတဲ့ ပညတ်ချက်အားလုံးကို လိုက်နာကြလိမ့်မယ်။ ၉  ယေဟောဝါဘုရားက ခင်ဗျားတို့ လုပ်ဆောင်သမျှမှာ အောင်မြင်ကြီးပွားစေမယ်။+ သားသမီးတွေ၊ တိရစ္ဆာန်တွေ၊ မြေထွက်သီးနှံတွေကို များပြားစေမယ်။ ယေဟောဝါက ဘိုးဘေးတွေ ကောင်းစားအောင် လုပ်ပေးရတာကို နှစ်သက်ခဲ့သလို ခင်ဗျားတို့ ကောင်းစားအောင် လုပ်ပေးရတာကိုလည်း နှစ်သက်လိမ့်မယ်။+ ၁၀  အဲဒီအခါ ခင်ဗျားတို့လည်း ယေဟောဝါဘုရားရဲ့ စကားကို နားထောင်ပြီး ဒီပညတ်ကျမ်းမှာ ရေးထားတဲ့ ပညတ်ချက်တွေ၊ ဥပဒေတွေကို လိုက်နာလိမ့်မယ်။ ယေဟောဝါဘုရားဆီ စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ပြန်လာကြလိမ့်မယ်။+ ၁၁  “အခု ကျွန်တော် မှာကြားနေတဲ့ ဒီပညတ်ချက်တွေဟာ ခင်ဗျားတို့အတွက် ခက်ခဲလွန်းတဲ့အရာ၊ လက်လှမ်းမမီနိုင်တဲ့အရာ မဟုတ်ဘူး။+ ၁၂  ‘ကျုပ်တို့ ကြားနာပြီး လိုက်နာနိုင်ဖို့ ဘယ်သူက ကောင်းကင်ကိုတက်ပြီး ယူပေးမှာလဲ’ လို့ပြောရလောက်အောင် ပညတ်ချက်တွေက ကောင်းကင်မှာရှိတာ မဟုတ်ဘူး။+ ၁၃  ‘ကျုပ်တို့ ကြားနာပြီး လိုက်နာနိုင်ဖို့ ဘယ်သူက ပင်လယ်တစ်ဖက်ကမ်းကို ကူးသွားပြီး ယူပေးမှာလဲ’ လို့ပြောရလောက်အောင် ပညတ်ချက်တွေက ပင်လယ်တစ်ဖက်ကမ်းမှာရှိတာ မဟုတ်ဘူး။ ၁၄  ပညတ်ချက်မှာပါတဲ့ တရားစကားတွေဟာ ခင်ဗျားတို့ရဲ့ နှုတ်ထဲမှာ၊ နှလုံးသားထဲမှာ၊+ အနီးအနားမှာပဲ ရှိတဲ့အတွက် လိုက်နာနိုင်ပါတယ်။+ ၁၅  “အသက်ရှင်ပြီး ကောင်းစားစေတဲ့လမ်းနဲ့ သေဆုံးပြီး ပျက်စီးစေတဲ့လမ်း နှစ်လမ်းကို ခင်ဗျားတို့ရှေ့မှာ ချထားတယ်။+ ၁၆  အခု ကျွန်တော် မှာကြားနေတဲ့ ယေဟောဝါဘုရားရဲ့ ပညတ်ချက်တွေကို ခင်ဗျားတို့ နားထောင်မယ်၊ ယေဟောဝါဘုရားကို ချစ်ပြီး+ ကိုယ်တော့်လမ်းစဉ်အတိုင်း လိုက်လျှောက်မယ်၊ ပညတ်ချက်တွေ၊ ဥပဒေတွေ၊ တရားစီရင်ချက်တွေကို လိုက်နာမယ်ဆိုရင် အသက်ရှင်ပြီး+ တိုးများလာမယ်။ ပိုင်ဆိုင်ရတော့မယ့်ပြည်မှာ ခင်ဗျားတို့ကို ယေဟောဝါဘုရား ကောင်းချီးပေးမယ်။+ ၁၇  “ဒါပေမဲ့ ခင်ဗျားတို့ စိတ်နှလုံးလမ်းလွဲသွားပြီး+ နားမထောင်ဘူး၊ သွေးဆောင်ခံရပြီး တခြားဘုရားတွေကို ဦးချဝတ်ပြုမယ်ဆိုရင်တော့၊+ ၁၈  မလွဲမသွေ ပျက်စီးရမယ်ဆိုတာ ကျွန်တော် အခုသတိပေးတယ်။+ ဂျော်ဒန်မြစ်ကို ဖြတ်ကူးပြီး အပိုင်ရမယ့်ပြည်မှာ အသက်ရှည်ရှည် နေရမှာ မဟုတ်ဘူး။ ၁၉  ကောင်းကင်နဲ့ မြေကြီးကို သက်သေထားပြီး ကျွန်တော်ပြောမယ်။ အသက်ရှင်ခြင်းနဲ့ သေခြင်း၊ ကောင်းချီးနဲ့ ကျိန်စာကို ခင်ဗျားတို့ရှေ့မှာ ချထားတယ်။+ ကိုယ်တိုင်ရော သားမြေးတွေပါ+ အသက်ဆက်ရှင်နိုင်ဖို့ အသက်ရှင်ခြင်းကို ရွေးချယ်ပါ။+ ၂၀  ယေဟောဝါဘုရားကို ချစ်မြတ်နိုးကြပါ။+ ဘုရားရဲ့စကားကို နားထောင်ပါ။ ဘုရားကို တွယ်တာနေပါ။+ ယေဟောဝါဘုရားဟာ အသက်ပေးရှင် ဖြစ်တယ်။ ဘိုးဘေးအာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ကို ပေးမယ်လို့ ကျိန်ဆိုခဲ့တဲ့ပြည်မှာ+ ဘုရားကပဲ ခင်ဗျားတို့ကို အသက်ရှည်ရှည် နေခွင့်ပေးနိုင်တယ်။”

အောက်ခြေမှတ်ချက်များ

မူရင်း၊ “အရေဖျားဖြတ်ပေးမယ်။”