တရားဟောရာ ၃၃:၁-၂၉

  • အနွယ်အလိုက် မောရှေ ကောင်းချီးပေး (၁-၂၉)

    • ယေဟောဝါရဲ့ “ထာဝရလက်ရုံး” (၂၇)

၃၃  စစ်မှန်တဲ့ဘုရားသခင်ရဲ့လူ မောရှေက မသေဆုံးခင်မှာ အစ္စရေးတွေကို ဒီလိုကောင်းချီးပေးတယ်–+ ၂  “ယေဟောဝါက ဆိုင်းနိုင်းတောင်ကနေ ကြွလာတယ်။+ စိရ တောင်ကနေ ထွန်းလင်းတယ်။ ပါရန်တောင်တန်းကနေ ဘုန်းအသရေ ဖြာထွက်နေတယ်။+ သန့်ရှင်းတဲ့ ကောင်းကင်တမန် အထောင်အသောင်း ခြံရံထားတယ်။+ ညာဘက်မှာ စစ်သည်တော်တွေ ရှိတယ်။+  ၃  လူမျိုးတော်ကို ဘုရား ချစ်မြတ်နိုးတယ်။+ သန့်ရှင်းသူအားလုံး လက်ထဲမှာ ရှိတယ်။+ ခြေရင်းမှာ ထိုင်ပြီး+တရားစကားတွေကို နားထောင်ကြတယ်။+  ၄  (မောရှေက ပညတ်တရား ပေးတယ်။+ အဲဒီပညတ်တရားကို ယာကုပ်အမျိုး ပိုင်ဆိုင်တယ်။)+  ၅  ခေါင်းဆောင်တွေက+အစ္စရေးမျိုးနွယ်အားလုံးနဲ့အတူ စုဝေးတဲ့အခါ+ကိုယ်တော်ဟာ ယေရှုရုန်* အမျိုးမှာ+ ဘုရင်ဖြစ်လာတယ်။  ၆  ရုဗင်အနွယ် မသေမပျောက်ဘဲ အသက်ဆက်ရှင်ပါစေ။+လူဦးရေ မလျော့နည်းပါစေနဲ့။”+ ၇  ယုဒအနွယ်ကိုပေးတဲ့ ကောင်းချီးကတော့–+“အို ယေဟောဝါ၊ ယုဒရဲ့စကားကို နားထောင်ပေးပါ။+သူ့ကို အမျိုးသားချင်းတွေဆီ ပြန်ပို့ဆောင်ပေးပါ။သူ့လက်ရုံးက ပိုင်ဆိုင်သမျှကို ကာကွယ်ပါပြီ။သူ့ဘက်ကနေ ရန်သူတွေကို တိုက်ခိုက်ပေးပါ။”+ ၈  လေဝိအနွယ်ကို ပေးတဲ့ ကောင်းချီးကတော့–+“မာဆာအရပ်မှာ ကိုယ်တော်စမ်းသပ်ခဲ့တဲ့+ သစ္စာစောင့်သူက+ကိုယ်တော်ရဲ့သုမိမ်နဲ့ ဥရိမ်ကို+ ပိုင်ဆိုင်တယ်။ ကိုယ်တော်က မေရိဘစမ်းရေနားမှာ သူနဲ့ငြင်းခုံခဲ့တယ်။+  ၉  သူက မိဘကို အရေးမစိုက်ဘူး။ ညီအစ်ကိုတွေကို အသိအမှတ်မပြုဘူး။+ သားတွေဘက်မှာလည်း မရပ်တည်ဘူး။ ကိုယ်တော့်စကားတွေကို လိုက်နာပြီးကိုယ်တော့်ပဋိညာဉ်ကိုပဲ စောင့်ထိန်းတယ်။+ ၁၀  သူက ယာကုပ်အမျိုးကို ကိုယ်တော့်တရားစီရင်ချက်တွေအကြောင်း သွန်သင်ပေးပါစေ။+ အစ္စရေးလူမျိုးကို ပညတ်တရားအကြောင်း သွန်သင်ပေးပါစေ။+ မွှေးကြိုင်တဲ့ရနံ့ ထွက်အောင် နံ့သာပေါင်း ပူဇော်ပါစေ။+ ပူဇော်ရာပလ္လင်ပေါ်မှာ အကုန်အစင် မီးရှို့ရာအလှူကို ပူဇော်ပါစေ။+ ၁၁  ယေဟောဝါ၊ သူ့ရဲ့အစွမ်းခွန်အားကို ကောင်းချီးပေးပါ။ သူလုပ်ဆောင်သမျှကို လက်ခံပေးပါ။ သူ့ကိုမုန်းတဲ့သူတွေ ပြန်မထနိုင်တော့အောင်ရန်သူတွေရဲ့ ခြေထောက်ကို ချိုးပစ်ပါ။” ၁၂  ဗင်ယာမိန်အနွယ်ကိုပေးတဲ့ ကောင်းချီးကတော့–+“သူ့အနားမှာ ယေဟောဝါ ချစ်မြတ်နိုးတဲ့သူ လုံခြုံစွာနေရပါစေ။ သူက တစ်နေ့လုံး ကာကွယ်မှာဖြစ်လို့သူ့ပခုံးကြားမှာ နေရလိမ့်မယ်။” ၁၃  ယောသပ်အနွယ်ကိုပေးတဲ့ ကောင်းချီးကတော့–+“သူ့နယ်မြေကို ယေဟောဝါ ကောင်းချီးပေးပါစေ။+ မိုးကောင်းကင်ပေါ်က အကောင်းဆုံးအရာတွေ၊ဆီးနှင်းတွေ၊ မြေအောက်စမ်းရေတွင်းတွေ၊+ ၁၄  နေရောင်ကြောင့် သီးပွင့်တဲ့ အကောင်းဆုံးသီးနှံတွေ၊ရာသီအလိုက် ဝင်းမှည့်တဲ့ အကောင်းဆုံးသီးနှံတွေ၊+ ၁၅  ရှေးကတည်းကရှိခဲ့တဲ့ တောင်တန်းတွေဆီက* အကောင်းဆုံးအရာတွေ၊+ထာဝရတည်တဲ့ တောင်ကုန်းတွေရဲ့ အကောင်းဆုံးအရာတွေ၊ ၁၆  ကမ္ဘာမြေနဲ့ မြေကထွက်သမျှ အကောင်းဆုံးအရာတွေကို ရပါစေ။+ ချုံပုတ်မှာ ထင်ရှားပြခဲ့တဲ့အရှင်ရဲ့ နှစ်သက်မှုကိုလည်း ရပါစေ။+ အဲဒီကောင်းချီးတွေဟာ ယောသပ်ရဲ့ခေါင်းမှာ၊ညီအစ်ကိုတွေထဲက ရွေးချယ်ခံရသူရဲ့ ဦးထိပ်မှာ သက်ရောက်ပါစေ။+ ၁၇  သူ့ရဲ့ခမ်းနားမှုဟာ ဦးဆုံးဖွားတဲ့ နွားထီးရဲ့ ခမ်းနားမှုလိုပဲ။ သူ့ဦးချိုတွေဟာ နွားရိုင်းရဲ့ ဦးချိုတွေလိုပဲ။ လူတွေကို သူ့ဦးချိုတွေနဲ့မြေကြီးစွန်းအထိ တွန်းလိမ့်မယ်။ သူ့ဦးချိုတွေဟာ ထောင်သောင်းချီတဲ့ ဧဖရိမ်အနွယ်၊+ထောင်နဲ့ချီတဲ့ မနာရှေအနွယ်ပဲ။” ၁၈  ဇာဗုလုန်အနွယ်ကိုပေးတဲ့ ကောင်းချီးကတော့–+“ဇာဗုလုန်၊ မင်းရဲ့ ကူးသန်းရောင်းဝယ်မှုကြောင့် ဝမ်းမြောက်ပါ။ အိသခါ၊ မင်းရဲ့တဲတွေကြောင့် ဝမ်းမြောက်ပါ။+ ၁၉  သူတို့က လူတွေကို တောင်ပေါ် ဖိတ်ခေါ်လိမ့်မယ်။ အဲဒီမှာ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ဆက်သလိမ့်မယ်။ ပင်လယ်ရဲ့ ကြွယ်ဝတဲ့စည်းစိမ်၊သဲသောင်မှာ ဝှက်ထားတဲ့ ဘဏ္ဍာတွေကို ရရှိကြမယ်။” ၂၀  ဂဒ်အနွယ်ကိုပေးတဲ့ ကောင်းချီးကတော့–+“ဂဒ်ရဲ့နယ်နိမိတ်တွေကို ကျယ်ဝန်းစေသူ ကောင်းချီးခံစားရပါစေ။+ သူက ခြင်္သေ့လို လဲလျောင်းပြီးသားကောင်ရဲ့ လက်နဲ့ခေါင်းကို ကိုက်ဖြတ်ဖို့ အသင့်ရှိနေတယ်။ ၂၁  အကောင်းဆုံးနယ်မြေကို သူ ရွေးချယ်လိမ့်မယ်။+ ပညတ်တရားပေးတဲ့သူက သူ့အတွက် ဖယ်ထားပေးတဲ့ နယ်မြေပဲ။+ ခေါင်းဆောင်တွေ အတူစုဝေးကြလိမ့်မယ်။ သူက ယေဟောဝါရဲ့ ဖြောင့်မတ်မှုတွေ၊တရားစီရင်ချက်တွေနဲ့အညီ အစ္စရေးတွေကို စီရင်လိမ့်မယ်။” ၂၂  ဒန်အနွယ်ကိုပေးတဲ့ ကောင်းချီးကတော့–+“ဒန်ဟာ ခြင်္သေ့ပေါက်တစ်ကောင်ပဲ။+ ဗာရှန်ပြည်ကနေ သူ ခုန်ထွက်လာမယ်။”+ ၂၃  နဿလိအနွယ်ကိုပေးတဲ့ ကောင်းချီးကတော့–+“နဿလိဟာ မျက်နှာသာရသူ၊ယေဟောဝါရဲ့ကောင်းချီး အပြည့်အဝ ခံစားရသူပဲ။ အနောက်ဘက်နဲ့ တောင်ဘက်က နယ်မြေတွေကို သိမ်းပိုက်ပါ။” ၂၄  အာရှာအနွယ်ကို  ပေးတဲ့ ကောင်းချီးကတော့–+“အာရှာဟာ သားတွေ ရပါစေ။ ညီအစ်ကိုတွေရဲ့ မျက်နှာသာကို ရပါစေ။ သူ့ခြေကို ဆီထဲ နှစ်ထားနိုင်ပါစေ။ ၂၅  မင်းရဲ့ မြို့တံခါးကန့်လန့်ကျင်တွေကို သံတွေ၊ ကြေးနီတွေနဲ့ လုပ်ထားတယ်။+ ဘဝတစ်လျှောက်လုံး ဘေးကင်းလုံခြုံစွာ မင်း နေထိုင်ရလိမ့်မယ်။ ၂၆  ယေရှုရုန်ရဲ့+ စစ်မှန်တဲ့ဘုရားလိုမျိုး+ တခြားဘုရားမရှိဘူး။ ကိုယ်တော်ဟာ မင်းကိုကူညီဖို့ မိုးကောင်းကင်ကို စီးနင်းတဲ့အရှင်၊ဘုန်းတန်ခိုးအပြည့်နဲ့ မိုးတိမ်ကို စီးနင်းတဲ့အရှင်ပဲ။+ ၂၇  ဘုရားသခင်ဟာ ရှေးကတည်းက ခိုလှုံရာပဲ။+ ထာဝရလက်ရုံးတော်က မင်းကို ထောက်မပေးတယ်။+ ရန်သူတွေကို မောင်းထုတ်ပေးမယ်။+ ‘သူတို့ကို အစတုံးဖျက်ဆီးလိုက်’ လို့ပြောလိမ့်မယ်။+ ၂၈  အစ္စရေးက ကောက်နှံနဲ့ စပျစ်ဝိုင်အသစ် ထွက်တဲ့ပြည်မှာ+ဘေးကင်း လုံခြုံစွာ နေထိုင်ရမယ်။ ယာကုပ်ရဲ့ စမ်းရေတွင်းက ဘေးကင်းပြီး သီးခြားရှိနေလိမ့်မယ်။ သူ့ကောင်းကင်က ဆီးနှင်းတွေ တဖွဲဖွဲ ကျနေလိမ့်မယ်။+ ၂၉  အစ္စရေး၊ မင်းဟာ ပျော်ရွှင်ချမ်းမြေ့သူပဲ။+ ကာကွယ်ပေးတဲ့ ဒိုင်းလွှား၊+ကြီးမြတ်တဲ့ ဓားဖြစ်တဲ့ယေဟောဝါရဲ့ ကယ်တင်ခြင်းကို ခံရတဲ့လူမျိုးပဲ။+ မင်းလိုလူမျိုး ရှိလို့လား။+ မင်းရှေ့မှာ ရန်သူတွေ ဝပ်တွားနေမယ်။+ ရန်သူတွေရဲ့ကျောကို* နင်းရမယ်။”

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ရိုးဖြောင့်သူ။” အစ္စရေးရဲ့ဂုဏ်ပုဒ်။
“အရှေ့တောင်တန်းတွေဆီက” လည်းဖြစ်နိုင်။
“အထွတ်အမြတ်နေရာတွေကို” လည်းဖြစ်နိုင်။