တိတု ၁:၁-၁၆

  • နှုတ်​ခွန်း​ဆက်​စ​ကား​ (၁-၄)

  • ခ​ရိ​ကျွန်း​မှာ အကြီး​အကဲ​တွေ​ကို တိတု​ခန့်အပ် (၅-၉)

  • ပုန်​ကန်​တတ်​သူ​ကို ပဲ့​ပြင်​ဆုံး​မ (၁၀-၁၆)

 ဘုရား​သခင်​ရဲ့​ကျွန်၊ ယေရှု​ခ​ရစ်ရဲ့ တမန်​တော်​ဖြစ်​တဲ့ ပေါ​လု စာ​ရေး​လိုက်​ပါ​တယ်။ ငါ​ဟာ ဘု​ရား​သခင် ရွေး​ချယ်​သူ​တွေရဲ့ ယုံ​ကြည်​ခြင်း​မျိုး​ကို ပိုင်​ဆိုင်​တဲ့​သူ၊  ဘု​ရား​တ​ရား  ကိုင်း​ရှိုင်း​တတ်​အောင်  သင်​ပေး​တဲ့  အမှန်​တ​ရား​အကြောင်း  တိ​ကျ​မှန်​ကန်​စွာ  သိ​ရှိ​ထား​သူ​ပါ။ ၂  အဲ​ဒါ​တွေ​ဟာ ထာ​ဝ​ရ​အသက် မျှော်​လင့်​ချက်​ကို+ အခြေ​ခံ​တယ်။ မု​သာ​မသုံး​တဲ့ ဘု​ရား​သခင်​က+ ငါ​တို့​ကို အဲ​ဒီ​မျှော်​လင့်​ချက်​ပေး​မယ်​လို့ ဟိုး​အရင်​က​တည်း​က က​တိ​ပေး​ခဲ့​တယ်။ ၃  အချိန်​တန်​တဲ့​အခါ သတင်း​ကောင်း​ဟော​ပြော​ခြင်း​အား​ဖြင့် တ​ရား​စ​ကား​ကို ကြား​သိ​စေ​ခဲ့​တယ်။ ကယ်​တင်​ရှင် ဘုရား​သခင်​က အဲ​ဒီ​တာ​ဝန် အပ်​နှင်း​ထား​တဲ့​အတွက်+ အမိန့်​တော်​အရ ငါ​ဟော​ပြော​နေ​တယ်။ ၄  ငါ​နဲ့  ယုံ​ကြည်​ခြင်း​တူ​ရုံ​မက သား​အရင်း​လို​ဖြစ်​နေ​တဲ့ တိတု​ဆီ​ စာ​ရေး​လိုက်​တယ်။ အဖဘု​ရား​သခင်​နဲ့ ကယ်​တင်​ရှင် ခ​ရစ်​တော်​ယေရှု​ဆီ​က မဟာ​က​ရု​ဏာ​နဲ့ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ရ​ပါ​စေ။ ၅  ခ​ရိ​ကျွန်း​မှာ  မင်း​ကို​ထား​ခဲ့​တဲ့ အကြောင်း​ရင်း​က ချွတ်​ယွင်း​ချက်​တွေ​ကို တည့်​မတ်​ပေး​ဖို့၊ ငါ​ညွှန်​ကြား​ထား​တဲ့​အတိုင်း မြို့​တိုင်း​မှာ အကြီး​အကဲ​တွေ ခန့်​အပ်​ပေး​ဖို့​ပဲ။ ၆  အကြီး​အကဲ​ဟာ ပြစ်​တင်​စွပ်​စွဲ​စ​ရာ  ဘာ​မှ​မရှိ​တဲ့​သူ၊ ဇနီး​တစ်​ဦး​တည်း​ရှိ​သူ ဖြစ်​ရ​မယ်။ သား​သမီး​တွေ​လည်း ယုံ​ကြည်​သူ​တွေ ဖြစ်​ရ​မယ်။ ထိန်း​မနိုင်​သိမ်း​မရ ဖြစ်​တဲ့​သူ၊ ဆုံး​မရ​ခက်​သူတွေလို့​  နာ​မည်​မထွက်​ရ​ဘူး။+ ၇  ဘုရား​သခင်​ရဲ့  ဘဏ္ဍာ​စိုး​ဖြစ်​တဲ့ ကြီး​ကြပ်​မှူး​ဟာ ပြစ်​တင်​စွပ်​စွဲ​စ​ရာ ဘာ​မှ​မရှိ​တဲ့​သူ ဖြစ်​ရ​မယ်။  ထင်​ရာ​စိုင်း​သူ၊+ ဒေါသ​ထွက်​လွယ်​သူ၊+  သောက်​ကြူး​သူ၊ ရိုက်​နှက်​တတ်​သူ၊ မသမာ​နည်း​နဲ့  လော​ဘ​တကြီး  အမြတ်​ထုတ်​သူ​ မဖြစ်​ရ​ဘူး။ ၈  ဧည့်​ဝတ်​ကျေ​ပွန်​သူ၊+ ကောင်းမြတ်​တဲ့​အရာ​ကို နှစ်​သက်​သူ၊ ချင့်​ချိန်​တတ်​သူ၊+ ဖြောင့်​မတ်​သူ၊ သစ္စာ​စောင့်​သိ​သူ၊+ ချုပ်​တည်း​ခြင်း​ရှိ​သူ+  ဖြစ်​ရ​မယ်။ ၉  သွန်​သင်​ခြင်း​နည်း​ပညာ​ကို အသုံး​ပြု​တဲ့​အခါ စစ်မှန်​တဲ့​ တ​ရား​စ​ကား​ကို လက်​ကိုင်​ပြု​သူ ဖြစ်​ရ​မယ်။+ ဒါ​မှ သူ​ဟာ အကျိုး​ဖြစ်​ထွန်း​တဲ့ သွန်​သင်​ချက်​တွေ​နဲ့+ အား​ပေး​နိုင်​ရုံ​မက အဲ​ဒီ​သွန်​သင်​ချက်​ကို အတိုက်​အခံ​လုပ်​သူ​တွေ​ကို​လည်း ပဲ့​ပြင်​နိုင်​လိမ့်​မယ်။+ ၁၀  ပုန်​ကန်​တတ်​သူ၊  အချည်း​နှီး​စကား​ကို ပြော​သူ၊ လှည့်​စား​တတ်​သူ​တွေ အများ​ကြီး​ရှိ​နေ​တယ်။ အထူး​သဖြင့်၊ အရေ​ဖျား​ဖြတ်​ရ​မယ်​ဆို​တဲ့ ပညတ်​ကို+ စွဲ​စွဲ​မြဲမြဲ လိုက်​နာ​သူ​တွေ​ပဲ။ ၁၁  သူ​တို့​က မသမာ​နည်း​နဲ့ အမြတ်​ထုတ်​ချင်​လို့ မသွန်​သင်​အပ်​တဲ့​အရာတွေ သွန်​သင်​ပေး​ပြီး မိ​သား​စု​တ​ချို့​ရဲ့ ယုံ​ကြည်​ခြင်း​ကို ပျက်​စီး​အောင် လုပ်​နေ​တယ်။ ဒါ​ကြောင့် သူ​တို့​ရဲ့ နှုတ်​ကို ပိတ်​ရ​မယ်။ ၁၂  သူ​တို့​ထဲ​က ပရော​ဖက်​တစ်​ယောက်​က​ “ခရိ​ကျွန်း​သား၊ မု​သား​စွဲ​လမ်း၊ သား​ရဲ​ကြမ်း​ကြုတ်၊  စား​ကြူး​တုတ်​တုတ်၊ လူ​ပျင်း​ယုတ်” လို့ ပြော​ခဲ့​တယ်။ ၁၃  အဲ​ဒီ​စ​ကား​ဟာ အမှန်​ပဲ။ ဒါ​ကြောင့် သူ​တို့​ကို ပြင်း​ပြင်း​ထန်​ထန် ဆုံး​မပဲ့​ပြင်​ပါ။ ဒါ​မှ သူ​တို့​ရဲ့ ယုံ​ကြည်​ခြင်း ခိုင်​ခံ့​လာ​လိမ့်​မယ်။ ၁၄  ဂျူး​ဒဏ္ဍာ​ရီ​တွေ၊ အမှန်​တ​ရား ပစ်​ပယ်​သူ​တွေရဲ့ ပညတ်​တွေ​ကို အရေး​မစိုက်​ဘဲ နေ​ကြ​လိမ့်​မယ်။ ၁၅  စင်​ကြယ်​သူ​တွေ​အတွက် အရာ​အား​လုံး​ဟာ စင်​ကြယ်​တယ်။+ ညစ်​ညူး​ပြီး ယုံ​ကြည်​ခြင်း မရှိ​သူ​တွေ​အတွက်​တော့ ဘာ​တစ်​ခု​မှ မစင်​ကြယ်​ဘူး။ သူ​တို့​ရဲ့ စိတ်​ထား​နဲ့​အ​မှား​အမှန်​သိ​စိတ်​က  ညစ်​ညူး​နေ​လို့ပဲ။+ ၁၆  ဘု​ရား​သခင်​ကို သိ​တယ်​လို့ လူ​ကြား​ကောင်း​အောင် ပြော​ပေမဲ့ သူ​တို့​ရဲ့ လုပ်​ရပ်​က​တော့ ဘု​ရား​သခင်​ကို ငြင်း​ပယ်​တယ်​ဆို​တာ ပြတယ်။+ ဘာ​လို့​လဲ​ဆို​တော့ သူ​တို့​ဟာ ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ နာ​ခံ​မှု​မရှိ​သူ၊ ကောင်း​မွန်​ရာတွေ လုပ်​ဆောင်​ဖို့ လုံး​ဝ မသင့်​တော်​သူ​တွေ ဖြစ်​နေ​လို့​ပဲ။

အောက်ခြေမှတ်ချက်များ