တိတု ၃:၁-၁၅

  • တော်မှန်တဲ့ လက်အောက်ခံခြင်း (၁-၃)

  • မွန်မြတ်တဲ့အလုပ်အတွက် အသင့်ဖြစ်နေ (၄-၈)

  • အကျိုးမဲ့ငြင်းခုံတာ၊ ဂိုဏ်းခွဲတာကို ရှောင် (၉-၁၁)

  • တိတုအတွက် ညွှန်ကြားချက်နဲ့ နှုတ်ဆက်စကား (၁၂-၁၅)

၃  အစိုးရနဲ့ အာဏာပိုင်တွေကို လက်အောက်ခံပြီး နာခံဖို့၊+ မွန်မြတ်တဲ့အလုပ် အမျိုးမျိုးအတွက် အသင့်ဖြစ်နေဖို့၊ ၂  ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင် မပြောဖို့၊ ရန်လိုတတ်သူ မဖြစ်ဖို့၊ အကျိုးသင့်အကြောင်းသင့်ရှိဖို့၊+  လူအားလုံးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ နူးညံ့သိမ်မွေ့ဖို့+ သူတို့ကို မပြတ်သတိပေးနေပါ။ ၃  ဘာလို့လဲဆိုတော့ ငါတို့လည်း တစ်ချိန်တုန်းက အသိတရားမရှိသူ၊ မနာခံသူ၊ လှည့်စားခံရသူ၊ အလိုဆန္ဒအမျိုးမျိုးရဲ့ ကျွန်ဘဝကိုရောက်ပြီး အပျော်အပါးလိုက်စားသူ၊ မကောင်းမှု ကျူးလွန်သူ၊ မနာလို မရှုဆိတ်ဖြစ်သူ၊ ရွံရှာဖွယ်ကောင်းသူ၊ အချင်းချင်း မုန်းတီးသူတွေ ဖြစ်ခဲ့ကြတာပဲ။ ၄  ဒါပေမဲ့ ကယ်တင်ရှင် ဘုရားသခင်က လူသားတွေကို ကရုဏာနဲ့+ မေတ္တာ အထင်အရှား ဖော်ပြခဲ့တယ်။ ၅  (ငါတို့ရဲ့  ဖြောင့်မတ်တဲ့လုပ်ရပ်ကြောင့် မဟုတ်ဘဲ+ ကရုဏာတော်ကြောင့်+ အဲဒီလို ဖော်ပြခဲ့တာပါ။) ဘုရားသခင်က ငါတို့ကို အသက်ရှင်စေဖို့ သန့်စင်ပေးတယ်၊*+  သန့်ရှင်းသော  စွမ်းအားတော်ကို အသုံးပြုပြီး သစ်လွင်သွားအောင် လုပ်ပေးတယ်၊+ ဒီနည်းအားဖြင့် ငါတို့ကို ကယ်တင်တယ်။ ၆  အဲဒီစွမ်းအားတော်ကို ကယ်တင်ရှင် ယေရှုခရစ်တော်ကတစ်ဆင့်  ငါတို့အပေါ် ရက်ရက်ရောရော  သွန်းလောင်း ပေးတယ်။+ ၇  အဲဒီမဟာကရုဏာတော်ကြောင့် ဖြောင့်မတ်သူအဖြစ် ငါတို့သတ်မှတ်ခံရတဲ့အတွက်+ ထာဝရအသက်+ မျှော်လင့်ချက်ရှိတဲ့ အမွေခံတွေ+ ဖြစ်လာနိုင်တယ်။ ၈  အဲဒီအချက်တွေဟာ  မှန်ကန်တယ်။ မင်းကို ဒီအချက်တွေ အမြဲ အလေးပေးပြောစေချင်တယ်။  ဒါမှ ဘုရားသခင်ကို ယုံကြည်သူတွေ မွန်မြတ်တဲ့အလုပ်တွေဆီ အမြဲ အာရုံရောက်နိုင်လိမ့်မယ်။ ဒါတွေဟာ ကောင်းမွန်ပြီး လူတွေအတွက် အကျိုးရှိတယ်။ ၉  အကျိုးမဲ့ငြင်းခုံတာတွေ၊ ဆွေစဉ်မျိုးဆက်အကြောင်း ငြင်းခုံတာတွေကို ရှောင်ပါ။  ပညတ်တရားနဲ့ပတ်သက်ပြီး အငြင်းပွားတာ၊ ခိုက်ရန်ဖြစ်တာတွေကိုလည်း  ရှောင်ပါ။ အဲဒါတွေဟာ အသုံးမဝင်ဘူး၊  အကျိုးလည်း  မရှိဘူး။+ ၁၀  ဂိုဏ်းခွဲဖို့ လှုံ့ဆော်သူကို+ တစ်ကြိမ်၊  နှစ်ကြိမ်  သတိပေးပါ။+ နားမထောင်ဘူးဆိုရင်  သူ့ကိုရှောင်ပါ။+ ၁၁  အဲဒီလိုလူဟာ လမ်းလွဲပြီး အပြစ်ကျူးလွန်သူဖြစ်လို့ သူ့လုပ်ရပ်က သူ့ကို အပြစ်စီရင်လိုက်ပြီ။ ၁၂  အာတေမဖြစ်စေ၊ တုခိတ်ဖြစ်စေ+  မင်းဆီ  ရောက်လာပြီဆိုရင် နိကောပလိမြို့မှာ ရောက်နေမယ့် ငါ့ဆီ အမြန်ဆုံးလာခဲ့ပါ။ ဆောင်းရာသီမှာ အဲဒီမြို့မှာနေဖို့  ငါဆုံးဖြတ်ထားတယ်။ ၁၃  ပညတ်ကျမ်းနှံ့စပ်သူ ဇေနနဲ့ အာပေါလုကို သူတို့ရဲ့ခရီးစဉ်မှာ လိုလေသေးမရှိအောင် အတတ်နိုင်ဆုံး ကူညီပေးလိုက်ပါ။+ ၁၄  ငါတို့ရဲ့ ညီအစ်ကိုတွေကိုလည်း မွန်မြတ်တဲ့အလုပ်တွေ လုပ်ဆောင်တတ်အောင် သင်ယူခိုင်းပါ။ ဒါမှ အရေးပေါ်လိုအပ်ချိန်မှာ ကူညီပေးနိုင်ပြီး+ အမြဲ သီးပွင့်ဖြစ်ထွန်းနိုင်လိမ့်မယ်။+ ၁၅  ငါနဲ့အတူရှိတဲ့သူတွေက မင်းကို နှုတ်ဆက်လိုက်တယ်။ ယုံကြည်ခြင်းတူပြီး ငါတို့ကို ချစ်ခင်သူတွေကိုလည်း နှုတ်ဆက်ပေးပါ။ မဟာကရုဏာတော်ကို မင်းတို့အားလုံး ခံစားရပါစေ။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ရေချိုးပေးတယ်။”