တောလည်ရာ ၂:၁-၃၄

  • မျိုးနွယ်သုံးစုပါတဲ့ တပ်ဖွဲ့အလိုက် စခန်းချ (၁-၃၄)

    • အရှေ့ဘက်မှာ ယုဒဦးဆောင်တဲ့ တပ်ဖွဲ့ (၃-၉)

    • တောင်ဘက်မှာ ရုဗင်ဦးဆောင်တဲ့ တပ်ဖွဲ့ (၁၀-၁၆)

    • အလယ်မှာ လေဝိအနွယ် (၁၇)

    • အနောက်ဘက်မှာ ဧဖရိမ်ဦးဆောင်တဲ့ တပ်ဖွဲ့ (၁၈-၂၄)

    • မြောက်ဘက်မှာ ဒန်ဦးဆောင်တဲ့ တပ်ဖွဲ့ (၂၅-၃၁)

    • စာရင်းဝင်သူပေါင်း (၃၂-၃၄)

၂  ယေဟောဝါက မောရှေနဲ့အာရုန်ကို မိန့်မှာတယ်– ၂  “အစ္စရေးအားလုံးဟာ မျိုးနွယ်စုသုံးစုပါတဲ့ တပ်ဖွဲ့အလိုက်+ သတ်မှတ်ထားတဲ့ နေရာ၊ ကိုယ့်မျိုးနွယ်စုနဲ့ဆိုင်တဲ့ အလံနားမှာ စခန်းချရမယ်။  တွေ့ဆုံရာတဲတော်ကို မျက်နှာမူပြီး တဲတော်ပတ်လည်မှာ စခန်းချရမယ်။ ၃  “နေထွက်ရာ အရှေ့ဘက်မှာ ယုဒဦးဆောင်တဲ့ မျိုးနွယ်စုသုံးစုပါတဲ့ တပ်ဖွဲ့ စခန်းချရမယ်။ အမိနဒပ်ရဲ့သား နာရှုန်က ယုဒအနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင် လုပ်ရမယ်။+ ၄  သူ့တပ်မှာ စာရင်းဝင်သူ ၇၄,၆၀၀ ရှိတယ်။+ ၅  သူ့ရဲ့ညာဘက်မှာ အိသခါအနွယ် စခန်းချရမယ်။ ဇုအာရဲ့သား နာသနေလက အိသခါအနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင် လုပ်ရမယ်။+ ၆  သူ့တပ်မှာ စာရင်းဝင်သူ ၅၄,၄၀၀ ရှိတယ်။+ ၇  ဘယ်ဘက်မှာ ဇာဗုလုန်အနွယ် စခန်းချရမယ်။ ဟေလုန်ရဲ့သား ဧလျာဘက ဇာဗုလုန်အနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင် လုပ်ရမယ်။+ ၈  သူ့တပ်မှာ စာရင်းဝင်သူ ၅၇,၄၀၀ ရှိတယ်။+ ၉  “ယုဒအနွယ်ဦးဆောင်တဲ့တပ်ဖွဲ့မှာ စာရင်းဝင်သူပေါင်း ၁၈၆,၄၀၀ ရှိတယ်။ သူတို့က အရင်ဆုံး စခန်းသိမ်းပြီး ထွက်ရမယ်။+ ၁၀  “တောင်ဘက်မှာ  ရုဗင်ဦးဆောင်တဲ့ မျိုးနွယ်စုသုံးစုပါတဲ့ တပ်ဖွဲ့ စခန်းချရမယ်။+ ရှေဒုရရဲ့သား ဧလိဇုရက ရုဗင်အနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင် လုပ်ရမယ်။+ ၁၁  သူ့တပ်မှာ စာရင်းဝင်သူ ၄၆,၅၀၀ ရှိတယ်။+ ၁၂  သူ့ညာဘက်မှာ ရှိမောင်အနွယ် စခန်းချရမယ်။ ဇုရိရှဒဲရဲ့သား ရှေလုမျေလက ရှိမောင်အနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင် လုပ်ရမယ်။+ ၁၃  သူ့တပ်မှာ စာရင်းဝင်သူ  ၅၉,၃၀၀  ရှိတယ်။+ ၁၄  ဘယ်ဘက်မှာ  ဂဒ်အနွယ် စခန်းချရမယ်။ ရွေလရဲ့သား ဧလျာသပ်က ဂဒ်အနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင် လုပ်ရမယ်။+ ၁၅  သူ့တပ်မှာ စာရင်းဝင်သူ ၄၅,၆၅၀ ရှိတယ်။+ ၁၆  “ရုဗင်အနွယ်ဦးဆောင်တဲ့ တပ်ဖွဲ့မှာ စာရင်းဝင်သူပေါင်း ၁၅၁,၄၅၀ ရှိတယ်။ သူတို့က ဒုတိယမြောက် စခန်းသိမ်းပြီး ထွက်ရမယ်။+ ၁၇  “တွေ့ဆုံရာတဲတော်ကို ပြောင်းရွှေ့ချိန်မှာ+ လေဝိအနွယ်က တခြားတပ်ဖွဲ့တွေရဲ့ အလယ်မှာ နေရမယ်။ “သူတို့ခရီးသွားတဲ့အခါ မျိုးနွယ်စုသုံးစုပါတဲ့ တပ်ဖွဲ့အလိုက်၊ ကိုယ့်နေရာနဲ့ကိုယ် စခန်းချတဲ့ပုံစံအတိုင်း သွားရမယ်။+ ၁၈  “အနောက်ဘက်မှာ ဧဖရိမ်ဦးဆောင်တဲ့ မျိုးနွယ်စုသုံးစုပါတဲ့ တပ်ဖွဲ့ စခန်းချရမယ်။ အမိဟုရဲ့သား ဧလိရှမာက  ဧဖရိမ်အနွယ်ရဲ့  မျိုးနွယ်စုခေါင်းဆောင် လုပ်ရမယ်။+ ၁၉  သူ့တပ်မှာ စာရင်းဝင်သူ ၄၀,၅၀၀ ရှိတယ်။+ ၂၀  သူ့ရဲ့ဘယ်ဘက်မှာ  မနာရှေအနွယ်  စခန်းချရမယ်။+  ပေဒါဇုရရဲ့သား  ဂါမလျေလက  မနာရှေအနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင် လုပ်ရမယ်။+ ၂၁  သူ့တပ်မှာ စာရင်းဝင်သူ ၃၂,၂၀၀ ရှိတယ်။+ ၂၂  ညာဘက်မှာ ဗင်ယာမိန်အနွယ် စခန်းချရမယ်။ ဂိဒေါနိရဲ့သား အဘိဒန်က ဗင်ယာမိန်အနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင် လုပ်ရမယ်။+ ၂၃  သူ့တပ်မှာ စာရင်းဝင်သူ ၃၅,၄၀၀ ရှိတယ်။+ ၂၄  “ဧဖရိမ်အနွယ် ဦးဆောင်တဲ့ တပ်ဖွဲ့မှာ စာရင်းဝင်သူပေါင်း ၁၀၈,၁၀၀ ရှိတယ်။ သူတို့က တတိယမြောက် စခန်းသိမ်းပြီး ထွက်ရမယ်။+ ၂၅  “မြောက်ဘက်မှာ ဒန်ဦးဆောင်တဲ့ မျိုးနွယ်စုသုံးစုပါတဲ့ တပ်ဖွဲ့ စခန်းချရမယ်။ အမိရှဒဲရဲ့သား အဟေဇာက ဒန်အနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင် လုပ်ရမယ်။+ ၂၆  သူ့တပ်မှာ စာရင်းဝင်သူ ၆၂,၇၀၀ ရှိတယ်။+ ၂၇  သူ့ရဲ့ဘယ်ဘက်မှာ အာရှာအနွယ် စခန်းချရမယ်။ သြကရန်ရဲ့သား ပါဂျေလက အာရှာအနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင် လုပ်ရမယ်။+ ၂၈  သူ့တပ်မှာ စာရင်းဝင်သူ ၄၁,၅၀၀ ရှိတယ်။+ ၂၉  ညာဘက်မှာ နဿလိအနွယ် စခန်းချရမယ်။ ဧနန်ရဲ့သား အဟိရက နဿလိအနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင် လုပ်ရမယ်။+ ၃၀  သူ့တပ်မှာ စာရင်းဝင်သူ ၅၃,၄၀၀ ရှိတယ်။+ ၃၁  “ဒန်အနွယ်ဦးဆောင်တဲ့ တပ်ဖွဲ့မှာ စာရင်းဝင်သူပေါင်း ၁၅၇,၆၀၀ ရှိတယ်။ တပ်ဖွဲ့တွေထဲမှာ သူတို့က နောက်ဆုံး စခန်းသိမ်းပြီး ထွက်ရမယ်။”+ ၃၂  သူတို့ဟာ  မျိုးနွယ်စုအလိုက် စာရင်းဝင်တဲ့  အစ္စရေးတွေဖြစ်တယ်။ အစ္စရေးတပ်အတွက်  စာရင်းဝင်သူပေါင်း ၆၀၃,၅၅၀ ရှိတယ်။+ ၃၃  မောရှေကို  ယေဟောဝါ  မိန့်မှာထားတဲ့အတိုင်း လေဝိအနွယ်ကိုတော့ တခြားအနွယ်တွေနဲ့ ရောပြီး စာရင်းမကောက်ဘူး။+ ၃၄  မောရှေကို  ယေဟောဝါ  မိန့်မှာထားတဲ့အတိုင်း အစ္စရေးတွေ လုပ်ဆောင်ကြတယ်။ ဒါဟာ အစ္စရေးတွေ မျိုးနွယ်စု၊ ဆွေမျိုးစုအလိုက်၊ မျိုးနွယ်စုသုံးစုပါတဲ့ တပ်ဖွဲ့အလိုက် စခန်းချပုံ၊+  စခန်းသိမ်းပုံပဲ။+

အောက်ခြေမှတ်ချက်များ