တောလည်ရာ ၂၁:၁-၃၅
၂၁ နေဂပ်အရပ်မှာ နေထိုင်တဲ့ ခါနန်လူမျိုး အာရဒ်ဘုရင်က+ အသရိမ်လမ်းအတိုင်း အစ္စရေးတွေ လာနေတာကို ကြားတဲ့အခါ တိုက်ခိုက်ပြီး တချို့ကို သုံ့ပန်းအဖြစ် ဖမ်းသွားတယ်။
၂ ဒါကြောင့် အစ္စရေးတွေက “ဒီလူတွေကို ကျွန်တော်တို့လက်ထဲ အပ်မယ်ဆိုရင် သူတို့ရဲ့မြို့တွေကို ဖျက်ဆီးပစ်ပါ့မယ်” လို့ ယေဟောဝါကို သစ္စာကတိပြုကြတယ်။
၃ ယေဟောဝါလည်း သူတို့စကားကို နားထောင်ပြီး ခါနန်လူမျိုးကို သူတို့လက်ထဲ အပ်လိုက်တယ်။ အစ္စရေးတွေက ခါနန်လူတွေကိုရော သူတို့ရဲ့မြို့တွေကိုပါ ဖျက်ဆီးပစ်တယ်။ ဒါကြောင့် အဲဒီနေရာကို ဟောမာ*+ ဆိုပြီး နာမည်ပေးတယ်။
၄ အစ္စရေးတွေက ဟောရတောင်ကနေ+ ပင်လယ်နီလမ်းအတိုင်း ဧဒုံပြည်ကို ပတ်ပြီး ခရီးဆက်လာကြတယ်။+ သူတို့ ခရီးပန်းလာတဲ့အခါ
၅ “ကျုပ်တို့ကို အီဂျစ်ပြည်ကနေ ဘာလို့ခေါ်ထုတ်လာတာလဲ။ အခုတော့၊ ဒီတောထဲမှာ သေရတော့မယ်။ စားစရာမရှိ၊ ရေမရှိ၊+ ဒီမုန့်ကိုလည်း ရွံလှပြီ”+ ဆိုပြီး ဘုရားသခင်နဲ့ မောရှေကို အပြစ်တင်ကြတယ်။+
၆ ဒါကြောင့် ယေဟောဝါက အဆိပ်ပြင်းတဲ့ မြွေတွေ လွှတ်လိုက်တယ်။ အစ္စရေး အတော်များများ မြွေကိုက်ခံရပြီး သေကုန်တယ်။+
၇ အဲဒီအခါ လူတွေက မောရှေဆီ လာပြီး “ယေဟောဝါဘုရားနဲ့ ခင်ဗျားကို ပြစ်တင်ပြောဆိုမိတဲ့အတွက် ကျွန်တော်တို့ မှားပါတယ်။+ ဒီမြွေတွေကို ဖယ်ရှားပေးဖို့ ယေဟောဝါဘုရားဆီ အသနားခံပေးပါ” လို့တောင်းပန်ကြတယ်။ မောရှေလည်း အသနားခံပေးလိုက်တယ်။+
၈ ယေဟောဝါက “အဆိပ်ပြင်းတဲ့ မြွေကို ပုံတူထုလုပ်ပြီး တိုင်ပေါ်မှာ မြှောက်ထားပါ။ မြွေကိုက်ခံရသူတွေ အဲဒါကိုကြည့်ရင် အသက်ချမ်းသာရလိမ့်မယ်” လို့ပြောတော့၊
၉ မောရှေလည်း ချက်ချင်းပဲ ကြေးနီမြွေရုပ်လုပ်ပြီး+ တိုင်ပေါ်မှာ မြှောက်ထားလိုက်တယ်။+ မြွေကိုက်ခံရသူက ကြေးနီမြွေရုပ်ကို ကြည့်တဲ့အခါ အသက်ချမ်းသာရသွားတယ်။+
၁၀ အဲဒီနောက် အစ္စရေးတွေ ထွက်ခွာလာပြီး ဩဗုတ်အရပ်မှာ စခန်းချတယ်။+
၁၁ ဩဗုတ်အရပ်ကနေ ထွက်ခွာလာပြီး အရှေ့ဘက်၊ မောဘပြည်ကို မျက်နှာမူထားတဲ့ တောကန္တာရ၊ အိယာအာဗရိမ်အရပ်မှာ စခန်းချတယ်။+
၁၂ အဲဒီကနေ ထွက်ခွာလာပြီး ဇေရက်သဲချောင်းနားမှာ+ စခန်းချတယ်။
၁၃ အဲဒီကနေ ထွက်ခွာလာပြီး အာမောရိနယ်စပ်နားမှာရှိတဲ့ တောကန္တာရထဲက အာနုန်သဲချောင်းဒေသမှာ+ စခန်းချတယ်။ အာနုန်သဲချောင်းဟာ မောဘနဲ့ အာမောရိကြား၊ မောဘပြည်ရဲ့နယ်နိမိတ်ပဲ။
၁၄ ယေဟောဝါရဲ့စစ်ပွဲများ စာစောင်မှာ “သုဖအရပ်မှာရှိတဲ့ ဝါဟက်ဒေသ၊ အာနုန်သဲချောင်းတွေ၊
၁၅ အာရမြို့ကို စီးဆင်းပြီး မောဘနယ်စပ်အထိ လျှောဆင်းသွားတဲ့ သဲချောင်းတွေ” လို့ရေးထားတယ်။
၁၆ အဲဒီကနေ ဗေရရေတွင်းမှာ စခန်းချကြတယ်။ အဲဒီရေတွင်းဟာ “လူတွေကို စုလိုက်။ သူတို့သောက်ဖို့ ရေကို ငါပေးမယ်” လို့ မောရှေကို ယေဟောဝါပြောခဲ့တဲ့ ရေတွင်းပဲ။
၁၇ အဲဒီမှာ အစ္စရေးတွေက
“အို ရေတွင်း၊ ရေထွက်ပါတော့။ ရေတွင်းအတွက် သီချင်းဆိုကြပါတော့။
၁၈ ခေါင်းဆောင်တွေ၊ ဂုဏ်သရေရှိသူတွေတူးတဲ့ ရေတွင်း။
ရာဇလှံတံနဲ့တူးတဲ့၊ တောင်ဝှေးတွေနဲ့တူးတဲ့ ရေတွင်း” ဆိုပြီး သီဆိုကြတယ်။
အဲဒီနောက် တောကန္တာရကနေ မတ္တနာအရပ်ကို ခရီးဆက်တယ်။
၁၉ မတ္တနာအရပ်ကနေ နဟာလေလအရပ်၊ နဟာလေလအရပ်ကနေ ဗာမုတ်အရပ်ကို ခရီးဆက်တယ်။+
၂၀ ဗာမုတ်အရပ်ကနေ ပိသဂါ ကုန်းပြင်မြင့်မှာရှိတဲ့ ချိုင့်ဝှမ်းကို ခရီးဆက်ကြတယ်။ မောဘပြည်၊+ ယေရှိမုန်အရပ်ကို*+ ပိသဂါကုန်းပြင်မြင့်ကနေ+ လှမ်းမြင်နေရတယ်။
၂၁ အစ္စရေးတွေက အာမောရိဘုရင် ရှိဟုန်ဆီ+ တမန်တွေလွှတ်ပြီး၊
၂၂ “မင်းကြီးရဲ့ပြည်ကို ဖြတ်သွားခွင့်ပြုပါ။ လယ်မြေတွေ၊ စပျစ်ခြံတွေထဲ မဝင်ပါဘူး။ တွင်းရေကိုလည်း မသောက်ပါဘူး။ မင်းကြီးရဲ့နယ်မြေကို မကျော်မချင်း လမ်းမကြီးအတိုင်းပဲ သွားပါ့မယ်”+ လို့ခွင့်တောင်းပေမဲ့၊
၂၃ ရှိဟုန်က ဖြတ်ခွင့်မပေးတဲ့အပြင် လူတွေကို စုရုံးပြီး တောမှာရှိတဲ့ အစ္စရေးတွေဆီ ချီတက်လာတယ်။ ယာဟတ်မြို့ကို ရောက်တဲ့အခါ အစ္စရေးတွေကို တိုက်ခိုက်တယ်။+
၂၄ အစ္စရေးတွေလည်း ပြန်တိုက်ခိုက်ပြီး+ အာနုန်သဲချောင်းကနေ+ အမ္မုန်လူမျိုးတွေနေတဲ့ဒေသနားက ယာဗုတ်ချောင်းအထိ+ သိမ်းပိုက်လိုက်တယ်။+ အမ္မုန်လူမျိုးရဲ့နယ်စပ်မှာရှိတဲ့+ ယာဇာမြို့ကိုတော့+ မကျော်ဘူး။
၂၅ အစ္စရေးတွေက အဲဒီမြို့အားလုံးကို သိမ်းပိုက်ပြီးနောက် အာမောရိလူတွေရဲ့+ မြို့တွေဖြစ်တဲ့ ဟေရှဘုန်နဲ့ ပတ်ဝန်းကျင်မြို့ငယ်တွေမှာ နေထိုင်ကြတယ်။
၂၆ ဟေရှဘုန်မြို့ဟာ အာမောရိဘုရင် ရှိဟုန်ရဲ့ မြို့တော်ပဲ။ ရှိဟုန်က မောဘဘုရင်ကို တိုက်ခိုက်ပြီး အာနုန်သဲချောင်းအထိ နယ်မြေအားလုံးကို သိမ်းပိုက်ထားတယ်။
၂၇ ဒါကြောင့်
“ဟေရှဘုန်ကို လာကြ။
ရှိဟုန်ဘုရင်ရဲ့ မြို့တော်ကို အခိုင်အမာတည်ဆောက်ကြစို့။
၂၈ ဟေရှဘုန်မြို့ကနေ ထွက်လာတဲ့မီး၊ ရှိဟုန်ဘုရင်ရဲ့ မြို့တော်ကနေ ထွက်လာတဲ့ မီးလျှံဟာမောဘပြည်၊ အာရအရပ်ကို လောင်ကျွမ်းပြီ။ အာနုန်ကုန်းမြင့်တွေရဲ့ အရှင်တွေကို လောင်သွားပြီ။
၂၉ အို မောဘ၊ အဖြစ်ဆိုးလှချေလား။ အို ခေမုရှရဲ့လူတို့၊+ မင်းတို့ ဖျက်ဆီးခံရလိမ့်မယ်။
ခေမုရှက ကိုယ့်သားသမီးတွေကို ဝရမ်းပြေးဘဝရောက်အောင်၊ အာမောရိဘုရင် ရှိဟုန်ရဲ့ သုံ့ပန်းဘဝရောက်အောင် လုပ်လိုက်ပြီ။
၃၀ သူတို့ကို ပစ်ခတ်ကြစို့။
ဟေရှဘုန်မြို့ဟာ ဒိဘုန်မြို့အထိ ပျက်စီးရလိမ့်မယ်။+
နောဖာအရပ်အထိ ဖျက်ဆီးပစ်စို့။
မေဒဘအရပ်အထိ မီးတွေလောင်လိမ့်မယ်”+ လို့စပ်ဆိုပြီး လူတွေသရော်ကြတယ်။
၃၁ အာမောရိပြည်မှာ အစ္စရေးတွေ စခန်းချနေတုန်း၊
၃၂ မောရှေက ယာဇာမြို့ဆီ+ လူလွှတ်၊ ထောက်လှမ်းပြီး ပတ်ဝန်းကျင် မြို့ငယ်တွေကို သိမ်းပိုက်လိုက်တယ်။ အဲဒီမှာရှိတဲ့ အာမောရိလူတွေကို မောင်းထုတ်လိုက်တယ်။
၃၃ အဲဒီနောက် ပြန်လှည့်ပြီး ဗာရှန်လမ်းအတိုင်း တက်သွားတယ်။ ဗာရှန်ဘုရင် သြဂတ်ကလည်း+ သူ့လူတွေနဲ့အတူ ဧဒြိမြို့မှာ စစ်ဆင်နွှဲဖို့ ချီတက်လာတယ်။+
၃၄ ယေဟောဝါက မောရှေကို “မကြောက်နဲ့။+ ဗာရှန်ဘုရင်နဲ့ သူ့လူတွေကိုရော သူ့တိုင်းပြည်ကိုပါ မင်းလက်ထဲ ငါအပ်မယ်။+ ဟေရှဘုန်မြို့မှာနေတဲ့ အာမောရိဘုရင် ရှိဟုန်ကို မင်းလုပ်ခဲ့သလို သူ့ကိုလည်း လုပ်ရမယ်”+ ဆိုပြီး ပြောတယ်။
၃၅ ဒါကြောင့် အစ္စရေးတွေက ဗာရှန်ဘုရင်နဲ့ သူ့သားတွေ၊ သူ့လူတွေကို တစ်ယောက်မကျန် သတ်ပစ်ပြီး+ တိုင်းပြည်ကို သိမ်းလိုက်တယ်။+