တောလည်ရာ ၂၅:၁-၁၈

  • မောဘပြည်သူတွေနဲ့ မှားယွင်း (၁-၅)

  • ဖိနဟတ် အရေးယူဆောင်ရွက် (၆-၁၈)

၂၅  အစ္စရေးတွေက ရှိတိမ်အရပ်မှာ+  နေထိုင်တုန်း  မောဘပြည်သူတွေနဲ့  မှားယွင်းကြတယ်။+ ၂  မောဘပြည်သူတွေ ဖိတ်ခေါ်တဲ့ နတ်ဘုရား  ပူဇော်ပွဲကိုသွား၊+ စားသောက်ပြီး  နတ်ဘုရားတွေကို  ဦးချရှိခိုးကြတယ်။+ ၃  အဲဒီလို  ဗာလပေဂုရဘုရားကို+  ဝတ်ပြုကြတဲ့အတွက် အစ္စရေးတွေကို ယေဟောဝါ အမျက်ထွက်တယ်။ ၄  ယေဟောဝါက “ဦးဆောင်သူတွေကို  ဖမ်းပြီး သတ်လိုက်။ ယေဟောဝါရှေ့၊ လူမြင်ကွင်းမှာ သစ်တိုင်ပေါ် ဆွဲထားပါ။ ဒါမှ အစ္စရေးတွေကို ငါယေဟောဝါ အမျက်ပြေမယ်” လို့ပြောတယ်။ ၅  မောရှေကလည်း အစ္စရေးတရားသူကြီးတွေကို+ “မင်းတို့အားလုံး ဗာလပေဂုရဘုရား ဝတ်ပြုတဲ့သူတွေကို သတ်လိုက်ကြ”+  လို့ပြောတယ်။ ၆  အဲဒီအချိန်မှာပဲ  အစ္စရေးတစ်ယောက်က တွေ့ဆုံရာတဲတော်ဝင်ပေါက်မှာ ငိုကြွေးနေတဲ့ အစ္စရေးတွေနဲ့ မောရှေရှေ့မှာပဲ မိဒျန်အမျိုးသမီးတစ်ယောက်ကို+ ခေါ်လာတယ်။ ၇  ဒါကို ပုရောဟိတ်အာရုန်ရဲ့မြေး၊ ဧလာဇာရဲ့သား ဖိနဟတ်+ မြင်တာနဲ့ လှံကိုင်ပြီး လူအုပ်ထဲကနေ  ထွက်လာတယ်။ ၈  အဲဒီလူရဲ့တဲထဲ လိုက်ဝင်သွားပြီး နှစ်ယောက်စလုံးကို လှံနဲ့ထိုးသတ်လိုက်တယ်။ အဲဒီလူနဲ့ မိဒျန်အမျိုးသမီးရဲ့ ဝမ်းဗိုက်ကို ထိုးသတ်လိုက်တဲ့အတွက် အစ္စရေးတွေအပေါ် ကျရောက်တဲ့ ဘေးဒဏ် ရပ်သွားတယ်။+ ၉  အဲဒီဘေးဒဏ်ကြောင့် လူ ၂၄,၀၀၀ သေဆုံးခဲ့ရတယ်။+ ၁၀  ယေဟောဝါက  မောရှေကို၊ ၁၁  “ပုရောဟိတ်အာရုန်ရဲ့မြေး၊  ဧလာဇာရဲ့သား  ဖိနဟတ်ကြောင့်+ အစ္စရေးတွေအပေါ်  ငါအမျက်ပြေသွားပြီ။ ဘုရားသခင်အပေါ်  သစ္စာမဲ့တဲ့လုပ်ရပ်ကို သူ လုံးဝ သည်းမခံဘူး။+ ငါဟာ ငါတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရား ဖြစ်ပေမဲ့+ အခု အစ္စရေးတွေကို မဖျက်ဆီးတော့ဘူး။ ၁၂  ဒါကြောင့်  ငါကျေးဇူးပြုမယ်လို့ ကတိပေးတဲ့အကြောင်း သူ့ကို ပြောလိုက်ပါ။ ၁၃  သူရော သူ့သားမြေးတွေပါ ပုရောဟိတ်တာဝန်ကို အမြဲရလိမ့်မယ်။+ ငါ့အပေါ် သစ္စာမဲ့တဲ့ လုပ်ရပ်ကို သူလုံးဝသည်းမခံဘူး။+ အစ္စရေးတွေအတွက်လည်း အပြစ်ဖြေပေးခဲ့တယ်’” လို့ပြောတယ်။ ၁၄  မိဒျန်အမျိုးသမီးနဲ့အတူ  အသတ်ခံရတဲ့လူရဲ့ နာမည်က ဇိမရိလို့ခေါ်တယ်။ သူဟာ ရှာလုရဲ့သား၊ ရှိမောင်အနွယ်ထဲက ဆွေမျိုးစုခေါင်းဆောင် တစ်ယောက်ပဲ။ ၁၅  အသတ်ခံရတဲ့ မိဒျန်အမျိုးသမီးကတော့ မိဒျန်+ ဆွေမျိုးစုခေါင်းဆောင် ဇုရရဲ့+ သမီး ကောဇဘိလို့ ခေါ်တယ်။ ၁၆  နောက်ပိုင်းမှာ  ယေဟောဝါက  မောရှေကို၊ ၁၇  “မိဒျန်လူမျိုးကို  တိုက်ခိုက်ပြီး  ဖျက်ဆီးပစ်ပါ။+ ၁၈  သူတို့က မင်းတို့ ပေဂုရနတ်ဘုရားကို ဝတ်ပြုတဲ့အပြစ်+ လုပ်မိပြီး ဘေးဒဏ်ခံရအောင် သွေးဆောင်ခဲ့တယ်။ ပေဂုရကိစ္စကြောင့် မင်းတို့ ဘေးဒဏ်ခံရတဲ့နေ့မှာ+ အသတ်ခံလိုက်ရတဲ့ အမျိုးသမီး၊ မိဒျန်ခေါင်းဆောင်ရဲ့သမီး ကောဇဘိကို+ သုံးပြီး အပြစ်လုပ်မိအောင် သွေးဆောင်ခဲ့တယ်” လို့ပြောတယ်။

အောက်ခြေမှတ်ချက်များ