တောလည်ရာ ၂၉:၁-၄၀

  • အလှူအမျိုးမျိုးအတွက် လုပ်ထုံးလုပ်နည်း (၁-၄၀)

၂၉  “‘ခုနစ်လပိုင်း၊ တစ်ရက်နေ့မှာ မြင့်မြတ်တဲ့စည်းဝေးပွဲ ကျင်းပရမယ်။ ပင်ပန်းတဲ့အလုပ် မလုပ်ကြနဲ့။+  အဲဒီနေ့ဟာ ခရာမှုတ်ပြီး ကြေညာရမယ့်နေ့ပဲ။+ ၂  နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ခုနစ်ကောင်ကို မီးရှို့ရာအလှူအဖြစ် မွှေးကြိုင်တဲ့ရနံ့ ထွက်အောင် ယေဟောဝါဆီ ပူဇော်ရမယ်။ အနာအဆာမရှိတဲ့  အကောင်တွေ  ဖြစ်ရမယ်။ ၃  ကောက်နှံအလှူအဖြစ်  နွားထီးတစ်ကောင်အတွက် ဆီရောထားတဲ့ ဂျုံနု တစ်ဧဖာရဲ့  ဆယ်ပုံသုံးပုံ၊  သိုးထီးတစ်ကောင်အတွက် ဆယ်ပုံနှစ်ပုံ၊ ၄  သိုးထီးလေးခုနစ်ကောင်မှာ  တစ်ကောင်စီအတွက် ဆယ်ပုံတစ်ပုံကို ပူဇော်ရမယ်။ ၅  မင်းတို့အတွက်  အပြစ်ဖြေပေးဖို့ အပြစ်ဖြေရာ အလှူအဖြစ် ဆိတ်ထီးလေး တစ်ကောင်ကိုလည်း ပူဇော်ရမယ်။ ၆  လစဉ်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊+ ပုံမှန်မီးရှို့ရာအလှူနဲ့  ကောက်နှံအလှူ၊+ သွန်းလောင်းရာအလှူတွေအပြင်+ အဲဒါတွေကိုလည်း ပူဇော်ရမယ်။ လုပ်ထုံးလုပ်နည်းအတိုင်း မွှေးကြိုင်တဲ့ ရနံ့အဖြစ်  ယေဟောဝါဆီ မီးရှို့ပူဇော်ရမယ်။ ၇  “‘ခုနစ်လပိုင်း၊ ဆယ်ရက်နေ့မှာ မြင့်မြတ်တဲ့စည်းဝေးပွဲ  ကျင်းပရမယ်။+ ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးရမယ်။*  ဘာအလုပ်မှ  မလုပ်ကြနဲ့။+ ၈  နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေးခုနစ်ကောင်ကို  မီးရှို့ရာအလှူအဖြစ်  မွှေးကြိုင်တဲ့ရနံ့ထွက်အောင် ယေဟောဝါဆီ ပူဇော်ရမယ်။ အနာအဆာမရှိတဲ့  အကောင်တွေ  ဖြစ်ရမယ်။+ ၉  ကောက်နှံအလှူအဖြစ် နွားထီးတစ်ကောင်အတွက် ဆီရောထားတဲ့ ဂျုံနုတစ်ဧဖာရဲ့ ဆယ်ပုံသုံးပုံ၊ သိုးထီးတစ်ကောင်အတွက်  ဆယ်ပုံနှစ်ပုံ၊ ၁၀  သိုးထီးလေးခုနစ်ကောင်မှာ တစ်ကောင်စီအတွက် ဆယ်ပုံတစ်ပုံကိုလည်း ပူဇော်ရမယ်။ ၁၁  အပြစ်ဖြေရာနေ့မှာပူဇော်တဲ့  အပြစ်ဖြေရာအလှူ၊ ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်ကလေး  တစ်ကောင်ကိုလည်း  အပြစ်ဖြေရာအလှူအဖြစ်  ပူဇော်ရမယ်။+ ၁၂  “‘ခုနစ်လပိုင်း၊ ၁၅ ရက်နေ့မှာ မြင့်မြတ်တဲ့စည်းဝေးပွဲ ကျင်းပရမယ်။ ပင်ပန်းတဲ့အလုပ် မလုပ်ကြနဲ့။ ခုနစ်ရက်လုံး ယေဟောဝါအတွက် ပွဲခံရမယ်။+ ၁၃  နွားထီးပျို ၁၃ ကောင်၊ သိုးထီး ၂ ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ၁၄ ကောင်ကို မီးရှို့ရာအလှူအဖြစ်+ မွှေးကြိုင်တဲ့ ရနံ့ထွက်အောင် ယေဟောဝါဆီ ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင်တွေ ဖြစ်ရမယ်။+ ၁၄  ကောက်နှံအလှူအဖြစ် နွားထီး ၁၃ ကောင်မှာ တစ်ကောင်စီအတွက် ဆီရောထားတဲ့ဂျုံနု တစ်ဧဖာရဲ့ ဆယ်ပုံသုံးပုံ၊ သိုးထီး ၂ ကောင်မှာ တစ်ကောင်စီအတွက် ဆယ်ပုံနှစ်ပုံ၊ ၁၅  သိုးထီးလေး ၁၄ ကောင်မှာ တစ်ကောင်စီအတွက် ဆယ်ပုံတစ်ပုံကိုလည်း ပူဇော်ရမယ်။ ၁၆  ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်ကလေး တစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+ ၁၇  “‘ဒုတိယနေ့မှာ  နွားထီးပျို ၁၂ ကောင်၊ သိုးထီး ၂ ကောင်၊ တစ်နှစ်သားအရွယ်  သိုးထီးလေး ၁၄ ကောင်ကို  ပူဇော်ရမယ်။  အနာအဆာမရှိတဲ့  အကောင်တွေ  ဖြစ်ရမယ်။+ ၁၈  ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူကို နွားထီး၊ သိုးထီး၊ သိုးထီးလေးတွေရဲ့  အရေအတွက်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း   ပူဇော်ရမယ်။ ၁၉  ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင်  ဆိတ်ကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+ ၂၀  “‘တတိယနေ့မှာ နွားထီး ၁၁ ကောင်၊ သိုးထီး ၂ ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ၁၄ ကောင်ကို  ပူဇော်ရမယ်။  အနာအဆာမရှိတဲ့ အကောင်တွေ  ဖြစ်ရမယ်။+ ၂၁  ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူကို နွားထီး၊ သိုးထီး၊ သိုးထီးလေးတွေရဲ့  အရေအတွက်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း ပူဇော်ရမယ်။ ၂၂  ပုံမှန်မီးရှို့ရာအလှူနဲ့  ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်တစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+ ၂၃  “‘စတုတ္ထနေ့မှာ နွားထီး ၁၀ ကောင်၊ သိုးထီး ၂ ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ၁၄ ကောင်ကို ပူဇော်ရမယ်။ အနာအဆာမရှိတဲ့  အကောင်တွေ  ဖြစ်ရမယ်။+ ၂၄  ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူကို နွားထီး၊ သိုးထီး၊ သိုးထီးလေးတွေရဲ့  အရေအတွက်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း  ပူဇော်ရမယ်။ ၂၅  ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင်  ဆိတ်ကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+ ၂၆  “‘ပဉ္စမနေ့မှာ နွားထီး ၉ ကောင်၊ သိုးထီး ၂ ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ၁၄ ကောင်ကို ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင်တွေ ဖြစ်ရမယ်။+ ၂၇  ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူကို နွားထီး၊ သိုးထီး၊ သိုးထီးလေးတွေရဲ့ အရေအတွက်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း ပူဇော်ရမယ်။ ၂၈  ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်တစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ်  ပူဇော်ရမယ်။+ ၂၉  “‘ဆဋ္ဌမနေ့မှာ   နွားထီး ၈ ကောင်၊ သိုးထီး ၂ ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ၁၄ ကောင်ကို  ပူဇော်ရမယ်။  အနာအဆာမရှိတဲ့  အကောင်တွေဖြစ်ရမယ်။+ ၃၀  ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူကို နွားထီး၊ သိုးထီး၊ သိုးထီးလေးတွေရဲ့  အရေအတွက်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း ပူဇော်ရမယ်။ ၃၁  ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊  သွန်းလောင်းရာအလှူအပြင် ဆိတ်တစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+ ၃၂  “‘သတ္တမနေ့မှာ  နွားထီး  ၇ ကောင်၊ သိုးထီး ၂ ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ၁၄ ကောင်ကို  ပူဇော်ရမယ်။  အနာအဆာမရှိတဲ့  အကောင်တွေ  ဖြစ်ရမယ်။+ ၃၃  ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူကို နွားထီး၊ သိုးထီး၊ သိုးထီးလေးတွေရဲ့  အရေအတွက်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း ပူဇော်ရမယ်။ ၃၄  ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်တစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ် ပူဇော်ရမယ်။+ ၃၅  “‘အဋ္ဌမနေ့မှာ အထူးအစည်းအဝေး ကျင်းပရမယ်။ ပင်ပန်းတဲ့အလုပ် မလုပ်ကြနဲ့။+ ၃၆  နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေးခုနစ်ကောင်ကို မီးရှို့ရာအလှူအဖြစ် မွှေးကြိုင်တဲ့ရနံ့ထွက်အောင် ယေဟောဝါဆီ ပူဇော်ရမယ်။ အနာအဆာမရှိတဲ့ အကောင်တွေ ဖြစ်ရမယ်။+ ၃၇  ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူကို နွားထီး၊ သိုးထီး၊ သိုးထီးလေးတွေရဲ့ အရေအတွက်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း ပူဇော်ရမယ်။ ၃၈  ပုံမှန်မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူအပြင် ဆိတ်တစ်ကောင်ကိုလည်း အပြစ်ဖြေရာအလှူအဖြစ်  ပူဇော်ရမယ်။+ ၃၉  “‘သစ္စာကတိအလျောက် ဒါမှမဟုတ်  စေတနာအလျောက်ပေးတဲ့ အလှူတွေအပြင်+ အဲဒါတွေကို မီးရှို့ရာအလှူ၊+ ကောက်နှံအလှူ၊+ သွန်းလောင်းရာအလှူ၊+ မိတ်သဟာယပူဇော်သက္ကာတွေအဖြစ်+  ရာသီပွဲတော်တွေမှာ+ ယေဟောဝါဆီ ပူဇော်ရမယ်။’” ၄၀  မောရှေလည်း ယေဟောဝါ မိန့်မှာတဲ့အတိုင်း အစ္စရေးတွေကို ပြန်ပြောပြတယ်။

အောက်ခြေမှတ်ချက်များ

အစာရှောင်တာလိုမျိုး ခြိုးခြံစွာကျင့်တဲ့နည်းတွေလို့ ယူဆကြ။