တောလည်ရာ ၃၄:၁-၂၉

  • ခါနန်ပြည် နယ်နိမိတ် (၁-၁၅)

  • ပြည်ကိုခွဲဝေဖို့ တာဝန်ပေးခံရတဲ့ အမျိုးသားများ (၁၆-၂၉)

၃၄  ယေဟောဝါက  မောရှေကို မိန့်မှာတယ်– ၂  “အစ္စရေးတွေကို မင်း ညွှန်ကြားရမှာက ‘မင်းတို့အမွေရမယ့် ခါနန်ပြည်ထဲဝင်တဲ့အခါ+ နယ်နိမိတ်တွေကို  ဒီလိုသတ်မှတ်ရမယ်–+ ၃  “‘တောင်ဘက်နယ်နိမိတ်ဟာ ဇိနတောကန္တာရကနေ  ဧဒုံပြည်တစ်လျှောက်ပဲ။ တောင်ဘက်နယ်နိမိတ်ရဲ့ အရှေ့ပိုင်းက ဆားငန်အိုင် အစွန်ပိုင်းကနေ စတင်တယ်။+ ၄  အဲဒီကနေ အာကရာဗင်ကုန်းရဲ့+ တောင်ဘက်ကို ဖြတ်ပြီး ဇိနတောကန္တာရအထိ ဆက်သွားတယ်။ အဲဒီနောက် ကာဒေရှဗာနာအရပ်ရဲ့+ တောင်ဘက်ကနေ ဟာဇာအဒါမြို့အထိ၊+ အာဇမုန်မြို့အထိ ဆက်သွားတယ်။ ၅  အာဇမုန်မြို့ကနေ အီဂျစ်သဲချောင်းဘက် ကွေ့သွားပြီး ပင်လယ်ကြီးမှာ* နယ်နိမိတ်ဆုံးတယ်။+ ၆  “‘ပင်လယ်ကြီးနဲ့ ကမ်းရိုးတန်းတစ်လျှောက်လုံးဟာ အနောက်ဘက် နယ်နိမိတ်ပဲ။+ ၇  “‘မြောက်ဘက်နယ်နိမိတ်က ပင်လယ်ကြီးကနေ  ဟောရတောင်အထိ၊+ ၈  ဟောရတောင်ကနေ   ဟာမတ်လမ်းဝအထိ၊+  ဇေဒဒ်အရပ်အထိ  ဆက်သွားတယ်။+ ၉  အဲဒီနောက် ဇိဖြုန်အရပ်အထိ ရောက်လာပြီး ဟာဇရေနန်အရပ်မှာ နယ်နိမိတ်ဆုံးတယ်။+ ဒါဟာ မြောက်ဘက် နယ်နိမိတ်ပဲ။ ၁၀  “‘ဟာဇရေနန်အရပ်ကနေ ရှေဖံအရပ်အထိက  အရှေ့ဘက်  နယ်နိမိတ်ပဲ။ ၁၁  ရှေဖံအရပ်ကနေ အအိန်အရပ်ရဲ့ အရှေ့ဘက် ရိဗလအရပ်အထိ ဆက်သွားပြီး ခိနေရက်အိုင်ရဲ့* အရှေ့ဘက်ကို ဆင်းလာတယ်။+ ၁၂  အဲဒီနောက် ဂျော်ဒန်မြစ်အထိ ရောက်လာပြီး ဆားငန်အိုင်မှာ နယ်နိမိတ်ဆုံးတယ်။+ ဒါဟာ မင်းတို့ရဲ့ပြည်၊+ ပြည်ရဲ့နယ်နိမိတ်တွေပဲ။” ၁၃  မောရှေလည်း အစ္စရေးတွေကို “အနွယ်ကိုးနွယ်နဲ့ အနွယ်တစ်ဝက်ကို ပေးဖို့ ယေဟောဝါဘုရား မိန့်မှာထားတဲ့အတိုင်း ခင်ဗျားတို့ မဲချပြီး အမွေအဖြစ် ခွဲဝေယူရမယ့်ပြည်ဟာ  ဒီပြည်ပဲ။+ ၁၄  ရုဗင်အနွယ်၊ ဂဒ်အနွယ်နဲ့ မနာရှေအနွယ် တစ်ဝက်ကတော့+ ၁၅  ယေရိခေါမြို့တစ်ဖက်၊ နေထွက်ရာအရပ်ဖြစ်တဲ့ ဂျော်ဒန်မြစ်ရဲ့ အရှေ့ဘက်မှာ အမွေယူပြီးပြီ”+ လို့မှာတယ်။ ၁၆  ယေဟောဝါက မောရှေကို မှာတယ်– ၁၇  “ပုရောဟိတ် ဧလာဇာနဲ့+ နုန်ရဲ့သား ယောရှုက+ မင်းတို့ အမွေရမယ့် ပြည်ကို ခွဲဝေပေးလိမ့်မယ်။ ၁၈  ပြည်ကို ခွဲဝေရာမှာ ကူညီပေးဖို့ တစ်နွယ်မှာ ခေါင်းဆောင်တစ်ယောက်စီ+  ရွေးချယ်ပါ။ ၁၉  အဲဒီခေါင်းဆောင်တွေကတော့ ယုဒအနွယ်မှာ+ ယေဖုန်နာရဲ့သား  ကာလက်၊+ ၂၀  ရှိမောင်အနွယ်မှာ+ အမိဟုရဲ့သား ရှေမွေလ၊ ၂၁  ဗင်ယာမိန်အနွယ်မှာ+  ခိသလုန်ရဲ့သား  ဧလိဒဒ်၊ ၂၂  ဒန်အနွယ်မှာ+ ယောဂလိရဲ့သား ခေါင်းဆောင်ဗုကိ၊ ၂၃  ယောသပ်ရဲ့သား+ မနာရှေအနွယ်မှာ+  ဧဖုရဲ့သား ခေါင်းဆောင်ဟံယေလ၊ ၂၄  ဧဖရိမ်အနွယ်မှာ+  ရှိဖတန်ရဲ့သား  ခေါင်းဆောင်ကေမွေလ၊ ၂၅  ဇာဗုလုန်အနွယ်မှာ+ ပါနက်ရဲ့သား ခေါင်းဆောင်ဧလိဇာဖန်၊ ၂၆  အိသခါအနွယ်မှာ+ အာဇန်ရဲ့သား ခေါင်းဆောင်ပါလတေလ၊ ၂၇  အာရှာအနွယ်မှာ+ ရှေလောမိရဲ့သား  ခေါင်းဆောင်အဟိဟု၊ ၂၈  နဿလိအနွယ်မှာ+ အမိဟုရဲ့သား ခေါင်းဆောင်ပေဒေလတို့ဖြစ်တယ်။” ၂၉  သူတို့ဟာ ခါနန်ပြည်မှာ အစ္စရေးတွေကို မြေခွဲဝေပေးဖို့ ယေဟောဝါ ခန့်အပ်ထားသူတွေပဲ။+

အောက်ခြေမှတ်ချက်များ

မြေထဲပင်လယ်။
ဂင်နေသရက်အိုင် ဒါမှမဟုတ် ဂါလိလဲအိုင်။