တောလည်ရာ ၃၅:၁-၃၄

  • လေဝိအနွယ်အတွက် မြို့များ (၁-၈)

  • ခိုလှုံရာမြို့များ (၉-၃၄)

၃၅  ယေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး မောဘလွင်ပြင်မှာ+ ယေဟောဝါက  မောရှေကို  မိန့်မှာတယ်– ၂  “အစ္စရေးတွေကို  ဒီလိုညွှန်ကြားပါ။ ကိုယ်ရမယ့် အမွေမြေထဲကနေ+ လေဝိအမျိုးသားတွေ နေထိုင်ဖို့ မြို့တွေ၊ မြို့ပတ်လည်က စားကျက်မြေတွေ ပေးရမယ်။+ ၃  မြို့တွေက သူတို့နေထိုင်ဖို့၊ စားကျက်မြေတွေက သိုးနွားတိရစ္ဆာန်တွေ၊ လိုအပ်တဲ့ပစ္စည်းတွေထားဖို့  ဖြစ်တယ်။ ၄  လေဝိအမျိုးသားတွေကို ပေးရမယ့် စားကျက်မြေဟာ  မြို့ပတ်လည်မှာ  မြို့ရိုးကနေ အတောင် ၁,၀၀၀ အထိ ကျယ်ရမယ်။ ၅  အရှေ့ဘက်မှာ အတောင် ၂,၀၀၀၊ တောင်ဘက်မှာ အတောင် ၂,၀၀၀၊ အနောက်ဘက်မှာ   အတောင် ၂,၀၀၀၊  မြောက်ဘက်မှာ အတောင် ၂,၀၀၀ ရှိရမယ်။ ဒါဟာ မြို့တွေရဲ့စားကျက်မြေပဲ။ မြို့က အလယ်ဗဟိုမှာ  ရှိရမယ်။ ၆  “လေဝိအမျိုးသားတွေကို ပေးရမယ့် မြို့တွေကတော့ လူသတ်မိသူ ထွက်ပြေးနိုင်ဖို့+ ခိုလှုံရာမြို့ ၆ မြို့အပြင်+ နောက်ထပ် ၄၂ မြို့ရှိတယ်။ ၇  စားကျက်မြေအပါအဝင် စုစုပေါင်း ၄၈ မြို့ကို ပေးရမယ်။+ ၈  အစ္စရေးအနွယ်တွေက အုပ်စုကြီးရင် ကြီးသလို၊ ငယ်ရင် ငယ်သလို+ ကိုယ်ပိုင်တဲ့မြို့တွေထဲကနေ+ ပေးရမယ်။ အနွယ်တိုင်းက ကိုယ်ရမယ့် အမွေမြေအပေါ် မူတည်ပြီး လေဝိအမျိုးသားတွေကို မြို့တွေပေးရမယ်။” ၉  ယေဟောဝါက မောရှေကို မှာတယ်– ၁၀  “အစ္စရေးတွေကို ပြောပါ။ ‘မင်းတို့က ဂျော်ဒန်မြစ်ကို ဖြတ်ကူးပြီး  ခါနန်ပြည်ထဲ  ဝင်ရတော့မယ်။+ ၁၁  သွားလာရလွယ်ကူတဲ့ မြို့တွေကို ခိုလှုံရာမြို့တွေအဖြစ်  ရွေးချယ်ပါ။ မတော်တဆ လူသတ်မိသူက အဲဒီကို ထွက်ပြေးရမယ်။+ ၁၂  လူသတ်မိသူက လူထုရှေ့ စစ်ဆေးခံရချိန်မတိုင်ခင် သွေးကြွေးဆပ်မယ့်သူရဲ့+ လက်ချက်နဲ့ မသေရအောင် အဲဒီမြို့တွေမှာ သွားခိုလှုံရမယ်။+ ၁၃  ခိုလှုံရာမြို့ ၆ မြို့က အဲဒီရည်ရွယ်ချက်အတွက်ပဲ။ ၁၄  ဂျော်ဒန်မြစ်ရဲ့ ဒီဘက်မှာ+ ၃ မြို့၊ ခါနန်ပြည်ဘက်မှာ+ ၃ မြို့ ရှိရမယ်။ ၁၅  ဒီမြို့ ၆ မြို့ဟာ အစ္စရေးတွေဖြစ်စေ၊ အမြဲ ဒါမှမဟုတ် ခေတ္တလာနေထိုင်တဲ့ တိုင်းတစ်ပါးသားဖြစ်စေ+ မတော်တဆ လူသတ်မိသူတိုင်း ထွက်ပြေးရမယ့် ခိုလှုံရာမြို့တွေပဲ။+ ၁၆  “‘လူတစ်ယောက်ကို သံထည်တစ်ခုခုနဲ့ရိုက်လို့  သေသွားရင်  လူသတ်မှုပဲ။ လူသတ်သမားကို သေဒဏ်ပေးရမယ်။+ ၁၇  ကျောက်တုံးနဲ့ပေါက်လို့ သေသွားရင် လူသတ်မှုပဲ။ လူသတ်သမားကို သေဒဏ်ပေးရမယ်။ ၁၈  သစ်သားထည်တစ်ခုခုနဲ့ ရိုက်လို့ သေသွားရင် လူသတ်မှုပဲ။ လူသတ်သမားကို သေဒဏ်ပေးရမယ်။ ၁၉  “‘သွေးကြွေး ဆပ်မယ့်သူက လူသတ်သမားကို တွေ့ရင် ကိုယ်တိုင်သတ်ရမယ်။ ၂၀  မုန်းတီးစိတ်ကြောင့် တွန်းချလိုက်လို့ ဒါမှမဟုတ် မလိုတမာစိတ်ကြောင့်  တစ်ခုခုနဲ့  ပစ်ပေါက်လိုက်လို့ သေသွားတယ်ဆိုရင်၊+ ၂၁  မုန်းတီးစိတ်ကြောင့် လက်နဲ့ရိုက်လို့ သေသွားတယ်ဆိုရင် သတ်တဲ့သူကို  သေဒဏ်ပေးရမယ်။  သူဟာ လူသတ်သမားပဲ။  သွေးကြွေးဆပ်မယ့်သူက လူသတ်သမားကို တွေ့ရင် သတ်ရမယ်။ ၂၂  “‘မုန်းတီးစိတ်ကြောင့် မဟုတ်ဘဲ  မတော်တဆတွန်းမိလို့၊  မလိုတမာစိတ်ကြောင့်မဟုတ်ဘဲ တစ်ခုခုနဲ့ပစ်မိလို့၊+ ၂၃  ရန်ငြိုးမရှိ၊ ထိခိုက်စေချင်တဲ့စိတ်လည်း  မရှိဘဲ မမြင်တဲ့အတွက် ကျောက်တုံးပစ်ချမိလို့   လူသေသွားတယ်ဆိုရင်၊ ၂၄  လူတွေက သတ်တဲ့သူနဲ့ သွေးကြွေးဆပ်မယ့်သူကို  အဲဒီပညတ်တွေအတိုင်း  ဆုံးဖြတ်ပေးရမယ်။+ ၂၅  လူသတ်မိသူကို  သွေးကြွေးဆပ်မယ့်သူရဲ့  လက်ကနေကယ်ပြီး  သူထွက်ပြေးခိုလှုံခဲ့တဲ့ ခိုလှုံရာမြို့ဆီ  ပြန်ပို့ပေးရမယ်။ သူက သန့်ရှင်းတဲ့ဆီနဲ့+  ဘိသိက်ပေးခံရတဲ့  ပုရောဟိတ်မင်း သေဆုံးချိန်အထိ အဲဒီမြို့မှာ နေထိုင်ရမယ်။ ၂၆  “‘လူသတ်မိသူက ခိုလှုံရာမြို့ရဲ့နယ်နိမိတ် အပြင်ဘက်ကို ထွက်တဲ့အတွက်၊ ၂၇  သွေးကြွေးဆပ်မယ့်သူက လူသတ်မိသူကို နယ်နိမိတ်အပြင်ဘက်မှာ တွေ့ပြီး သတ်လိုက်တယ်ဆိုရင် သူ့မှာအပြစ်မရှိဘူး။ ၂၈  လူသတ်မိသူက  ပုရောဟိတ်မင်း  သေဆုံးချိန်အထိ ခိုလှုံရာမြို့ထဲမှာပဲ နေရမယ်။ ပုရောဟိတ်မင်း သေပြီးရင်တော့ ကိုယ့်နေရပ်ကို ပြန်နိုင်တယ်။+ ၂၉  ဒါဟာ မင်းတို့ နေထိုင်တဲ့ဒေသတိုင်းမှာ လူမျိုးအစဉ်အဆက် လိုက်နာရမယ့် ဥပဒေတွေပဲ။ ၃၀  “‘သက်သေတွေရဲ့  ထွက်ဆိုချက်ရှိရင်+  လူသတ်တဲ့သူကို  လူသတ်မှုနဲ့  သေဒဏ်စီရင်ရမယ်။+ သက်သေထွက်ဆိုသူ တစ်ယောက်ပဲ ရှိရင်တော့  သူ့ကို  သေဒဏ်မစီရင်ရဘူး။ ၃၁  သေဒဏ်ခံထိုက်တဲ့  လူသတ်သမားရဲ့ အသက်အတွက် ရွေးဖိုးပေးရင်  မယူရဘူး။ သူ့ကို သေဒဏ်စီရင်ရမယ်။+ ၃၂  ခိုလှုံရာမြို့မှာ လာခိုတဲ့သူက ပုရောဟိတ်မင်း မသေခင် ကိုယ့်နေရပ်ပြန်ချင်လို့ ရွေးဖိုးပေးရင်လည်း မယူရဘူး။ ၃၃  “‘ကိုယ်နေထိုင်တဲ့  တိုင်းပြည်ကို လူသတ်မှုကြောင့် မညစ်ညူးစေနဲ့။+ တိုင်းပြည်မှာ သွေးစွန်းရင် လူသတ်သူကို ပြန်ကွပ်မျက်လိုက်တာကလွဲလို့ တခြားနည်းနဲ့  အပြစ်ဖြေလို့  မရနိုင်ဘူး။+ ၃၄  မင်းတို့နေထိုင်တဲ့ပြည်၊ ငါစံမြန်းတဲ့ပြည်ကို မညစ်ညူးစေနဲ့။ ငါယေဟောဝါဟာ အစ္စရေးတွေအလယ်မှာ စံမြန်းနေလို့ပဲ။’”+

အောက်ခြေမှတ်ချက်များ