တောလည်ရာ ၄:၁-၄၉

  • ကောဟတ်အမျိုးသားတို့ရဲ့ တာဝန် (၁-၂၀)

  • ဂေရရှုန်အမျိုးသားတို့ရဲ့ တာဝန် (၂၁-၂၈)

  • မေရာရိအမျိုးသားတို့ရဲ့ တာဝန် (၂၉-၃၃)

  • လူဦးရေစာရင်း အကျဉ်းချုပ် (၃၄-၄၉)

၄  ယေဟောဝါက မောရှေနဲ့ အာရုန်ကို  မိန့်မှာတယ်– ၂  “လေဝိအနွယ်ထဲမှာ ကောဟတ်သားမြေးတွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် စာရင်းကောက်ရမယ်။ ၃  အသက် ၃၀ ကနေ+ ၅၀ အထိရှိပြီး+ တွေ့ဆုံရာတဲတော်မှာ အမှုဆောင်ဖို့ တာဝန်ရထားသူတွေကို+ စာရင်းကောက်ရမယ်။ ၄  “တွေ့ဆုံရာတဲတော်မှာ  ကောဟတ်အမျိုးသားတွေ  လုပ်ရမယ့် လုပ်ငန်းတွေဟာ+  အသန့်ရှင်းဆုံးအရာနဲ့ ဆိုင်တယ်။ ၅  စခန်းသိမ်းချိန်ရောက်ရင် အာရုန်နဲ့သားတွေက တဲတော်ထဲဝင်လာပြီး ကန့်လန့်ကာကို+ ဖြုတ်ရမယ်။ သက်သေခံချက် သေတ္တာကို+ အဲဒီကန့်လန့်ကာနဲ့ ဖုံးအုပ်ရမယ်။ ၆  အပေါ်မှာ ဖျံသားရေနဲ့ အုပ်ပြီး အပြာရောင်အထည်နဲ့ ထပ်အုပ်ရမယ်။ ထမ်းပိုးတွေကိုလည်း+ လျှိုထားရမယ်။ ၇  “သူတို့က ရှေ့တော်မုန့်စားပွဲပေါ်မှာ+ အပြာရောင်အထည်ကို ခင်းပြီး ပန်းကန်တွေ၊ ခွက်တွေ၊ သွန်းလောင်းရာအလှူလောင်းဖို့ ဖလားတွေ၊ တကောင်းတွေကို+  တင်ရမယ်။ စားပွဲပေါ်မှာ ပုံမှန်ဆက်သတဲ့မုန့်+ ရှိနေရမယ်။ ၈  အဲဒါတွေကို ကြက်သွေးရောင် အထည်နဲ့ အုပ်ပြီး  ဖျံသားရေနဲ့  ထပ်ဖုံးအုပ်ရမယ်။ ထမ်းပိုးတွေကိုလည်း+ လျှိုထားရမယ်။ ၉  ဆီမီးတိုင်၊+  မီးခွက်တွေ၊+ မီးညှပ်တွေ၊  မီးစာခံခွက်တွေ၊+ ဆီဖြည့်ခွက်တွေကို အပြာရောင်အထည်နဲ့ ဖုံးအုပ်ရမယ်။ ၁၀  ဆီမီးတိုင်နဲ့ ဆီမီးတိုင် အသုံးအဆောင်တွေကို ဖျံသားရေနဲ့ ထုပ်ပိုးပြီး ထမ်းစင်ပေါ် တင်ရမယ်။ ၁၁  ရွှေပလ္လင်ကို+  အပြာရောင်အထည်နဲ့ အုပ်ပြီး ဖျံသားရေနဲ့ ထပ်အုပ်ရမယ်။ ထမ်းပိုးတွေကိုလည်း+ လျှိုထားရမယ်။ ၁၂  သန့်ရှင်းရာဌာနတော်မှာ သုံးနေကျပစ္စည်းအားလုံးကို+  အပြာရောင်အထည်နဲ့ ထုပ်ပိုးရမယ်။ အပေါ်ကနေ ဖျံသားရေနဲ့ ထပ်အုပ်ပြီး ထမ်းစင်ပေါ် တင်ရမယ်။ ၁၃  “ပူဇော်ရာပလ္လင်ပေါ်က+ ပြာတွေကို ဖယ်ထုတ်ပြီး ပူဇော်ရာပလ္လင်ကို ခရမ်းရောင် သိုးမွေးထည်နဲ့ အုပ်ရမယ်။ ၁၄  ပူဇော်ရာပလ္လင်မှာ အမှုဆောင်တဲ့အခါ သုံးနေကျ ပစ္စည်းတွေဖြစ်တဲ့ မီးခဲအိုးတွေ၊ ခက်ရင်းခွတွေ၊ ဂေါ်ပြားတွေ၊ ဇလုံတွေ၊  ပူဇော်ရာပလ္လင်အသုံးအဆောင်တွေကို+ ပူဇော်ရာပလ္လင်ပေါ် တင်ပြီး ဖျံသားရေနဲ့ အုပ်ရမယ်။ ထမ်းပိုးတွေကိုလည်း+ လျှိုထားရမယ်။ ၁၅  “စခန်းသိမ်းချိန်ရောက်ရင် သန့်ရှင်းရာဌာနတော်+ မှာသုံးတဲ့ ပစ္စည်းအားလုံးကို အာရုန်နဲ့ သူ့သားတွေ ဖုံးအုပ်ပြီးတဲ့နောက်  ကောဟတ်အမျိုးသားတွေ  ဝင်လာပြီး  သယ်သွားရမယ်။+ သန့်ရှင်းရာဌာနတော်မှာသုံးတဲ့ ပစ္စည်းတွေကိုတော့ မထိရဘူး။ ထိမိရင် သေလိမ့်မယ်။+ ဒါတွေဟာ တွေ့ဆုံရာတဲတော်နဲ့ဆိုင်တဲ့  ကောဟတ်အမျိုးသားတွေရဲ့ တာဝန်ဖြစ်တယ်။ ၁၆  “ပုရောဟိတ်အာရုန်ရဲ့သား ဧလာဇာက+  မီးထွန်းဖို့ဆီ၊+  နံ့သာပေါင်း၊+ ပုံမှန်ကောက်နှံအလှူ၊ ဘိသိက်ဆီအတွက်+  တာဝန်ယူရမယ်။ သန့်ရှင်းရာဌာနတော်နဲ့  အသုံးအဆောင်တွေအပါအဝင် တဲတော်တစ်ခုလုံးကို ကြီးကြပ်ပေးရမယ်။” ၁၇  ယေဟောဝါက မောရှေနဲ့ အာရုန်ကို  မိန့်မှာတယ်– ၁၈  “လေဝိအနွယ်ထဲမှာ ကောဟတ်မျိုးနွယ်ကို+ မပြတ်စေရဘူး။ ၁၉  အသန့်ရှင်းဆုံးအရာတွေနား  သူတို့လာရတဲ့အတွက် အသက်မသေစေဖို့+ အာရုန်နဲ့သားတွေက  သူတို့တစ်ယောက်စီ  လုပ်ရမယ့်တာဝန်တွေ၊ သယ်ရမယ့်ပစ္စည်းတွေကို သတ်မှတ်ပေးရမယ်။ ၂၀  သူတို့က တဲတော်ထဲဝင်လာပြီး သန့်ရှင်းမြင့်မြတ်ရာတွေကို တစ်ချက်တောင် မကြည့်ရဘူး။ ကြည့်မိရင် သေလိမ့်မယ်။”+ ၂၁  ယေဟောဝါက  မောရှေကို မိန့်မှာတယ်– ၂၂  “ဂေရရှုန်ရဲ့သားမြေးတွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် စာရင်းကောက်ပါ။ ၂၃  အသက် ၃၀ ကနေ ၅၀ အထိရှိပြီး တွေ့ဆုံရာတဲတော်မှာ အမှုဆောင်ဖို့ တာဝန်ရထားသူ အားလုံးကို စာရင်းကောက်ပါ။ ၂၄  ဂေရရှုန်အမျိုးသားတွေ လုပ်ရမယ့်အလုပ်တွေ၊ သယ်ရမယ့်ပစ္စည်းတွေကတော့–+ ၂၅  တဲတော်ရဲ့ ရွက်ထည်၊+ တွေ့ဆုံရာတဲတော်ရဲ့ အမိုး၊ အဲဒီပေါ်က အမိုး၊ ဖျံသားရေအမိုး၊+ တဲတော်ဝင်ပေါက် လိုက်ကာ၊+ ၂၆  တဲတော်ဝင်းရဲ့အကာ၊+ တဲတော်နဲ့ပူဇော်ရာပလ္လင်ကို ကာရံထားတဲ့ တဲတော်ဝင်းရဲ့ ဝင်ပေါက်လိုက်ကာ၊+ တဲတော်ကြိုး၊ အသုံးအဆောင်ပစ္စည်းတွေပဲ။ ဒါဟာ သူတို့ရဲ့တာဝန်ဖြစ်တယ်။ ၂၇  ဂေရရှုန်အမျိုးသားတွေ+ လုပ်ရမယ့်အလုပ်၊ သယ်ရမယ့်ပစ္စည်းတွေကို အာရုန်နဲ့သားတွေက  ကြီးကြပ်ပေးရမယ်။ သူတို့သယ်ရမယ့် ပစ္စည်းတွေကို မင်းက သတ်မှတ်ပေးရမယ်။ ၂၈  ဒါဟာ တွေ့ဆုံရာတဲတော်မှာ ဂေရရှုန်အမျိုးသားတွေ  ထမ်းဆောင်ရမယ့် တာဝန်ပဲ။+  ပုရောဟိတ်အာရုန်ရဲ့သား ဧသမာညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ရမယ်။+ ၂၉  “မေရာရိရဲ့သားမြေးတွေကို+ ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် စာရင်းကောက်ရမယ်။ ၃၀  အသက် ၃၀ ကနေ ၅၀ အထိရှိပြီး တွေ့ဆုံရာတဲတော်မှာ အမှုဆောင်ဖို့ တာဝန်ရထားသူတွေကို  စာရင်းကောက်ရမယ်။ ၃၁  တွေ့ဆုံရာတဲတော်မှာ  အမှုဆောင်တဲ့အခါ  သူတို့သယ်ရမယ့် ပစ္စည်းတွေကတော့+  တဲတော်ရဲ့ကျည်းဘောင်၊+  သစ်သားတန်း၊+ တိုင်၊+ စရွေးပေါက်ပါတဲ့ အောက်ခံခုံ၊+ ၃၂  တဲတော်ဝင်းပတ်လည်က တိုင်၊+ စရွေးပေါက်ပါတဲ့  အောက်ခံခုံ၊+  တဲတော်ငုတ်တိုင်၊+ တဲတော်ကြိုး၊ အဲဒါတွေနဲ့ဆိုင်တဲ့ ပစ္စည်းတွေပဲ။  အဲဒါတွေနဲ့ဆိုင်တဲ့  အလုပ်အားလုံးကို  သူတို့လုပ်ဆောင်ရမယ်။ တစ်ယောက်စီ သယ်ရမယ့်ပစ္စည်းတွေကို မင်း သတ်မှတ်ပေးရမယ်။ ၃၃  ဒါဟာ  တွေ့ဆုံရာတဲတော်မှာ  မေရာရိအမျိုးသားတွေ+ ထမ်းဆောင်ရမယ့်တာဝန်ပဲ။  ပုရောဟိတ်အာရုန်ရဲ့သား ဧသမာညွှန်ကြားတဲ့အတိုင်း  လုပ်ဆောင်ရမယ်။”+ ၃၄  မောရှေ၊  အာရုန်နဲ့မျိုးနွယ်စုခေါင်းဆောင်တွေလည်း+ ကောဟတ်ရဲ့ သားမြေးတွေကို ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက်  စာရင်းကောက်တယ်။+ ၃၅  အသက် ၃၀ ကနေ ၅၀ အထိရှိပြီး တွေ့ဆုံရာတဲတော်မှာ အမှုဆောင်ဖို့ တာဝန်ရထားသူတွေကို စာရင်းကောက်တယ်။+ ၃၆  စာရင်းဝင်သူပေါင်း  ၂,၇၅၀ ရှိတယ်။+ ၃၇  သူတို့ဟာ  ကောဟတ် အမျိုးသားတွေထဲက  စာရင်းဝင်သူ၊ တွေ့ဆုံရာတဲတော်မှာ အမှုဆောင်သူတွေဖြစ်တယ်။ မောရှေကို ယေဟောဝါ မိန့်မှာတဲ့အတိုင်း  မောရှေနဲ့အာရုန်က  သူတို့ကို  စာရင်းကောက်တယ်။+ ၃၈  ဂေရရှုန်ရဲ့သားမြေးတွေကို+ ဆွေမျိုးစု၊  အိမ်ထောင်စုအလိုက် စာရင်းကောက်တယ်။ ၃၉  အသက် ၃၀ ကနေ ၅၀ အထိရှိပြီး တွေ့ဆုံရာတဲတော်မှာ  အမှုဆောင်ဖို့  တာဝန်ရထားသူတွေကို  စာရင်းကောက်တယ်။ ၄၀  ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် စာရင်းဝင်သူပေါင်း ၂,၆၃၀ ရှိတယ်။+ ၄၁  သူတို့ဟာ  ဂေရရှုန် အမျိုးသားတွေထဲက  စာရင်းဝင်သူ၊ တွေ့ဆုံရာတဲတော်မှာ အမှုဆောင်သူတွေဖြစ်တယ်။  ယေဟောဝါ မိန့်မှာတဲ့အတိုင်း မောရှေနဲ့ အာရုန်က သူတို့ကို စာရင်းကောက်တယ်။+ ၄၂  မေရာရိရဲ့သားမြေးတွေကို ဆွေမျိုးစု၊ အိမ်ထောင်စုအလိုက် စာရင်းကောက်တယ်။ ၄၃  အသက် ၃၀ ကနေ ၅၀ အထိရှိပြီး တွေ့ဆုံရာတဲတော်မှာ အမှုဆောင်ဖို့ တာဝန်ရထားသူတွေကို  စာရင်းကောက်တယ်။+ ၄၄  စာရင်းဝင်သူပေါင်း ၃,၂၀၀ ရှိတယ်။+ ၄၅  သူတို့ဟာ  မေရာရိ အမျိုးသားတွေထဲက စာရင်းဝင်သူတွေဖြစ်တယ်။  မောရှေကို  ယေဟောဝါမိန့်မှာတဲ့အတိုင်း မောရှေနဲ့ အာရုန်က သူတို့ကို စာရင်းကောက်တယ်။+ ၄၆  မောရှေ၊ အာရုန်နဲ့ အစ္စရေး မျိုးနွယ်စုခေါင်းဆောင်တွေက  လေဝိအနွယ်ကို  ဆွေမျိုးစု၊  အိမ်ထောင်စုအလိုက်  စာရင်းကောက်တယ်။ ၄၇  သူတို့က အသက် ၃၀ ကနေ ၅၀ အထိရှိပြီး  တွေ့ဆုံရာတဲတော်နဲ့ဆိုင်တဲ့အလုပ်တွေ လုပ်ဆောင်ဖို့၊ ပစ္စည်းတွေသယ်ဖို့ တာဝန်ရထားကြတယ်။+ ၄၈  စာရင်းဝင်သူပေါင်း  ၈,၅၈၀  ရှိတယ်။+ ၄၉  မောရှေကို ယေဟောဝါ မိန့်မှာတဲ့အတိုင်း တစ်ယောက်စီ ဘာလုပ်ရမယ်၊ ဘာသယ်ရမယ်ဆိုတာကို  သတ်မှတ်ပေးထားတယ်။  မောရှေကို  ယေဟောဝါ  မိန့်မှာထားတဲ့အတိုင်း  စာရင်းကောက်တယ်။

အောက်ခြေမှတ်ချက်များ