ထွက်မြောက်ရာ ၁၅:၁-၂၇

  • မောရှေနဲ့ အစ္စရေးတွေရဲ့ အောင်ပွဲခံသီချင်း (၁-၁၉)

  • မိရိအံ ထပ်ကျော့ဆို (၂၀၊ ၂၁)

  • ရေခါးဟာ ရေချိုဖြစ် (၂၂-၂၇)

၁၅  မောရှေနဲ့ အစ္စရေးတွေက ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြတယ်–+ “ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြစို့။ ကိုယ်တော် အကြီးအကျယ် အောင်ပွဲခံပြီ။+ မြင်းနဲ့ မြင်းစီးသူရဲကို ပင်လယ်ထဲ ချပစ်ပြီ။+  ၂  ယေဟောဝါဟာ ငါ့ခွန်အား၊ ငါ့အစွမ်းသတ္တိ၊ ငါ့ကိုကယ်တင်တဲ့အရှင်။+ ငါ့ဘုရားသခင်ပဲ။ ကိုယ်တော့်ကို ချီးမွမ်းမယ်။+ ငါ့အဖေကိုးကွယ်တဲ့ ဘုရားသခင်ကို+ ချီးမြှောက်မယ်။+  ၃  ယေဟောဝါဟာ ခွန်အားကြီးတဲ့ စစ်သူရဲ။+ နာမတော်ဟာ ယေဟောဝါပဲ။+  ၄  ဖာရောရဲ့ စစ်မြင်းရထားတွေ၊ စစ်တပ်တွေကို ပင်လယ်ထဲ ချပစ်ပြီ။+ လက်ရွေးစင်စစ်သည်တွေ ပင်လယ်နီမှာ နစ်မြုပ်ကုန်ပြီ။+  ၅  သူတို့ကို ဟုန်းဟုန်းထတဲ့ရေ လွှမ်းမိုးသွားပြီ။ ကျောက်တုံးလိုပဲ ရေနက်ထဲ စုံးစုံးမြုပ်သွားပြီ။+  ၆  အို ယေဟောဝါ၊ ညာလက်တော်ဟာ တန်ခိုးကြီးလှတယ်။+ အို ယေဟောဝါ၊ ညာလက်တော်ဟာ ရန်သူတွေကို ချေမှုန်းနိုင်တယ်။  ၇  ရန်သူတွေကို ကြီးမားလှတဲ့ ဘုန်းတန်ခိုးနဲ့ လှဲချပစ်တယ်။+ ကောက်ရိုးတွေကို လောင်သလို ဒေါသမီးနဲ့ လောင်ကျွမ်းပစ်တယ်။  ၈  ကိုယ်တော် အသက်ရှူလိုက်တဲ့အခါ ရေတွေ စုဝေးသွားတယ်။ ဆက်မစီးတော့ဘဲ တန့်နေတယ်။ ဟုန်းဟုန်းထတဲ့ရေဟာ ပင်လယ်အလယ်မှာ ခဲသွားတယ်။  ၉  ရန်သူက ‘ငါအမီလိုက်ဖမ်းမယ်။ တိုက်ရာပါဥစ္စာတွေကို ငါစိတ်ကြိုက်ခွဲဝေမယ်။ ဓားကို ဆွဲထုတ်ပြီး နှိမ်နင်းမယ်’ လို့ပြောတယ်။+  ၁၀  ကိုယ်တော် လေမှုတ်လိုက်တဲ့အခါ ရန်သူတွေကို ပင်လယ်ရေ လွှမ်းသွားတယ်။+ လှိုင်းလုံးကြီးတွေအောက်မှာ ခဲသတ္တုလို နစ်မြုပ်သွားတယ်။  ၁၁  အို ယေဟောဝါ၊ ကိုယ်တော့်လို ဘုရားမျိုး ဘယ်မှာရှိသလဲ။+ ကိုယ်တော့်လို သန့်ရှင်းမြင့်မြတ်တဲ့ဘုရားမျိုး ဘယ်မှာရှိသလဲ။+ ကြောက်ရွံ့ရိုသေထိုက်ပြီး ချီးမွမ်းထိုက်တဲ့အရှင်၊ အံ့ဖွယ်အမှုတွေလုပ်တဲ့အရှင်ပါပဲ။+  ၁၂  ညာလက်တော် ဆန့်တဲ့အခါ ရန်သူတွေကို မြေမျိုသွားတယ်။+  ၁၃  ကယ်နုတ်ခဲ့တဲ့လူမျိုးကို ခိုင်မြဲတဲ့မေတ္တာနဲ့ ခေါ်ဆောင်ပြီး+သန့်ရှင်းရာအရပ်ဆီ အစွမ်း ခွန်အားနဲ့ ပို့ဆောင်ပေးမယ်။  ၁၄  ဒါကိုကြားတဲ့အခါ+ လူမျိုးတွေ တုန်လှုပ်သွားမယ်။ ဖိလိတိပြည်သားတွေ မချိမဆံ့ခံစားရမယ်။  ၁၅  ဧဒုံစော်ဘွားတွေ ထိတ်လန့်သွားမယ်။ မောဘဘုရင်တွေ ချောက်ချားနေမယ်။+ ခါနန်ပြည်သားတွေ အားလျော့ကုန်မယ်။+  ၁၆  ရန်သူတွေ ကြောက်ရွံ့ထိတ်လန့်နေကြမယ်။+ အို ယေဟောဝါ၊ လူမျိုးတော် ဖြတ်သွားတဲ့အခါ၊ကိုယ်တော်ပိုင်တဲ့လူမျိုး+ ဖြတ်သွားတဲ့အခါ+ အားကြီးတဲ့လက်ရုံးတော်ကြောင့် ကျောက်တုံးလို မလှုပ်မယှက် ဖြစ်ကုန်မယ်။  ၁၇  အို ယေဟောဝါ၊ ကိုယ်တော်က လူမျိုးတော်ကို ခေါ်လာပြီး စံမြန်းရာတောင်ပေါ်မှာ နေရာချပေးမယ်။+ အို ယေဟောဝါ၊ ကိုယ်တိုင်တည်တဲ့ သန့်ရှင်းရာဌာနတော်မှာ နေရာချပေးမယ်။  ၁၈  ယေဟောဝါက ဘုရင်အဖြစ် အစဉ်ထာဝရ စိုးစံလိမ့်မယ်။+  ၁၉  ဖာရောရဲ့မြင်းတွေ၊ စစ်မြင်းရထားတွေ၊ မြင်းစီးသူရဲတွေ ပင်လယ်ထဲ လိုက်ဝင်သွားတဲ့အခါ+ ယေဟောဝါက ပင်လယ်ရေကို ပြန်စီးလာစေတယ်။+ အစ္စရေးတွေကတော့ ပင်လယ်အလယ် ခြောက်သွေ့တဲ့မြေမှာ ဖြတ်လျှောက်ကြတယ်။”+  ၂၀  အာရုန်ရဲ့အစ်မ ပရောဖက်မ မိရိအံက ချူတပ်ဗုံတီးတော့ မိန်းမတွေလည်း ချူတပ်ဗုံတီးပြီး ကခုန်ကြတယ်။ ၂၁  မိရိအံက ယောက်ျားတွေဆိုတဲ့သီချင်းကို ထပ်ကျော့ပြီး၊ “ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြ။ ကိုယ်တော် အကြီးအကျယ် အောင်ပွဲခံပြီ။+ မြင်းနဲ့ မြင်းစီးသူရဲကို ပင်လယ်ထဲ ချပစ်ပြီ၊”+ လို့ဆိုတယ်။ ၂၂  နောက်တော့ မောရှေဟာ အစ္စရေးတွေကို ပင်လယ်နီကနေ ခေါ်ထုတ်လာပြီး ရှုရတောကို ထွက်သွားတယ်။ တောထဲမှာ သုံးရက်ကြာ ခရီးနှင်ပေမဲ့ ရေမတွေ့ရသေးဘူး။ ၂၃  မာရ*+ အရပ်ကို ရောက်လာတဲ့အခါ အဲဒီအရပ်ကရေဟာ ခါးလို့ မသောက်နိုင်ကြဘူး။ ဒါကြောင့် အဲဒီအရပ်ကို မာရလို့ နာမည်ပေးတယ်။ ၂၄  လူတွေက မောရှေကို အပြစ်တင်ပြီး+ “အခု၊ ကျုပ်တို့ ဘာသောက်ရမှာတုံး” လို့ညည်းညူကြတယ်။ ၂၅  မောရှေလည်း ယေဟောဝါဆီမှာ အကူအညီတောင်းတဲ့အခါ+ ယေဟောဝါက အပင်တစ်ပင် ညွှန်ပြတယ်။ အဲဒီအပင်ကို ရေထဲပစ်ချလိုက်တော့ ရေချိုဖြစ်သွားတယ်။ ဘုရားသခင်က သူတို့နာခံမှုရှိမရှိ စမ်းသပ်ဖို့+ အဲဒီဖြစ်ရပ်ကို အခြေခံပြီး နောက်နောင်လိုက်နာရမယ့် စည်းမျဉ်းတစ်ခု သတ်မှတ်ပေးတယ်။ ၂၆  ပြီးတော့ “ငါယေဟောဝါဟာ မင်းတို့ကို ကုသပေးတဲ့အရှင်ပဲ။+ မင်းတို့ရဲ့ဘုရားသခင် ယေဟောဝါရဲ့စကားကို မြေဝယ်မကျ နားထောင်မယ်၊ မှန်တာကိုလုပ်မယ်၊ ငါ့ပညတ်တွေကို အာရုံစိုက် နားထောင်မယ်၊ စည်းမျဉ်းတွေကို လိုက်နာမယ်ဆိုရင်+ အီဂျစ်တွေအပေါ် ကျရောက်စေခဲ့တဲ့ ကပ်ရောဂါတစ်ခုမှ မင်းတို့အပေါ် ကျရောက်စေမှာ မဟုတ်ဘူး”+ ဆိုပြီးမိန့်ဆိုတယ်။ ၂၇  အဲဒီနောက် ရေတွင်း ၁၂ တွင်းနဲ့ စွန်ပလွံပင် ၇၀ ရှိတဲ့ ဧလိမ်အရပ်ကို ရောက်လာတယ်။ အဲဒီမှာ သူတို့ စခန်းချကြတယ်။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ခါးသီးခြင်း။”