ထွက်မြောက်ရာ ၁၇:၁-၁၆

  • ဟောရပ်အရပ်မှာ ရေမရှိလို့ အပြစ်တင် (၁-၄)

  • ကျောက်ဆောင်ထဲက ရေထွက် (၅-၇)

  • အာမလက်တွေ တိုက်ခိုက်၊ ရှုံးနိမ့် (၈-၁၆)

၁၇  အစ္စရေးတွေဟာ ယေဟောဝါရဲ့အမိန့်အတိုင်း+ သိန်တောကန္တာရကနေ ထွက်ခွာပြီး+ တစ်နေရာပြီး တစ်နေရာ ခရီးဆက်ကြတယ်။ ဒီလိုနဲ့ ရေဖိဒိမ်အရပ်မှာ စခန်းချတယ်။+ အဲဒီမှာ သောက်စရာရေ မရှိဘူး။ ၂  လူတွေက “သောက်စရာရေ ပေးပါ” ဆိုပြီး မောရှေကို ရန်ရှာတယ်။+ မောရှေက “ကျွန်တော့်ကို ဘာလို့ ရန်ရှာနေကြတာလဲ။ ယေဟောဝါဘုရားကို ဘာလို့ စမ်းသပ်နေကြတာလဲ”+ လို့ပြောတယ်။ ၃  ဒါပေမဲ့ လူတွေက ရေငတ်လွန်းလို့ “ကျုပ်တို့ရော၊ သားသမီးတွေ၊ တိရစ္ဆာန်တွေပါ ရေငတ်ပြီးသေအောင် အီဂျစ်ပြည်ကနေ ဘာလို့ ခေါ်ထုတ်လာတာလဲ” ဆိုပြီး မောရှေကို ပြစ်တင်ညည်းညူနေတော့တယ်။+ ၄  မောရှေက “ဒီလူတွေကို ဘယ်လိုလုပ်ရမလဲ။ ကျွန်တော့်ကို ကျောက်ခဲနဲ့ ပေါက်တော့မှာပဲ” ဆိုပြီး ယေဟောဝါကို အကူအညီတောင်းတယ်။ ၅  ယေဟောဝါက မောရှေကို “အစ္စရေးအကြီးအကဲတချို့ကို ခေါ်ပြီး လူတွေရှေ့ကနေ သွားပါ။ နိုင်းမြစ်ကို ရိုက်ခဲ့တဲ့ တောင်ဝှေးကိုလည်း ကိုင်သွားပါ။+ ၆  ဟောရပ်အရပ်က ကျောက်ဆောင်ပေါ်မှာ ငါရပ်နေမယ်။ ကျောက်ဆောင်ကို ရိုက်လိုက်။ ရေထွက်လာပြီး လူတွေသောက်ကြလိမ့်မယ်” လို့ပြောတယ်။+ မောရှေလည်း မှာထားတဲ့အတိုင်း အစ္စရေးအကြီးအကဲတွေရှေ့မှာ လုပ်တယ်။ ၇  အစ္စရေးတွေ မောရှေကို ရန်ရှာတဲ့အတွက်၊ “ငါတို့နဲ့အတူ ယေဟောဝါရှိသလား မရှိဘူးလား” ဆိုပြီး ယေဟောဝါကို အကဲစမ်းတဲ့အတွက်+ အဲဒီအရပ်ကို မာဆာ*+ နဲ့ မေရိဘ*+ လို့နာမည်ပေးတယ်။ ၈  ရေဖိဒိမ်အရပ်မှာ အစ္စရေးတွေ စခန်းချနေတုန်း အာမလက်လူတွေ+ လာတိုက်ခိုက်တယ်။+ ၉  မောရှေက ယောရှုကို+ “ယောက်ျားတချို့ ရွေးပြီး အာမလက်လူတွေကို ထွက်တိုက်ပါ။ မနက်ဖြန်ကျရင် စစ်မှန်တဲ့ဘုရားသခင်ရဲ့ တောင်ဝှေးကို ကိုင်ပြီး တောင်ထိပ်မှာ ကျွန်တော်ရပ်နေမယ်” လို့ပြောတယ်။ ၁၀  ယောရှုလည်း မောရှေ မှာထားတဲ့အတိုင်း လိုက်နာပြီး+ အာမလက်လူတွေကို တိုက်ခိုက်တယ်။ မောရှေ၊ အာရုန်၊ ဟုရတို့ကတော့+ တောင်ထိပ်ကို တက်သွားကြတယ်။ ၁၁  မောရှေက လက်ကိုဆန့်ထားရင် အစ္စရေးတွေ အနိုင်ရပြီး လက်ကို ချလိုက်ရင် အာမလက်လူတွေ အနိုင်ရတယ်။ ၁၂  မောရှေ လက်ညောင်းလာတဲ့အခါ အာရုန်နဲ့ဟုရက ကျောက်တုံးပေါ် ထိုင်ခိုင်းပြီး လက်ကို တစ်ဖက်စီ မ,ထားပေးတဲ့အတွက် မောရှေက နေဝင်ချိန်အထိ လက်ကို ဆန့်ထားနိုင်တယ်။ ၁၃  ယောရှုလည်း အာမလက်လူတွေနဲ့ အပေါင်းပါတွေကို ဓားနဲ့ ချေမှုန်းနိုင်ခဲ့တယ်။+ ၁၄  ယေဟောဝါက “ဒီအကြောင်းကို အမှတ်တရဖြစ်အောင် မှတ်တမ်းတင်ထားပါ။ ‘အာမလက်လူတွေကို မြေကြီးပေါ်ကနေ ငါအစတုံးဖျက်ဆီးမယ်။ သူတို့ကို အမှတ်ရကြတော့မှာ မဟုတ်ဘူး’+ လို့ယောရှုကို ပြောလိုက်ပါ” ဆိုပြီး မောရှေကို ပြောတယ်။ ၁၅  အဲဒီနောက် မောရှေက ပူဇော်ရာပလ္လင်တည်ပြီး ယေဟောဝါနိသိ* လို့နာမည်ပေးလိုက်တယ်။ ၁၆  ပြီးတော့ “အာမလက်တွေက ယေဟောဝါရဲ့+ ပလ္လင်ကို ရန်မူတဲ့အတွက် သူတို့ရဲ့လူမျိုးအဆက်ဆက်ကို ယေဟောဝါ တိုက်ခိုက်မယ်”+ ဆိုပြီး ပြောတယ်။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “အကဲစမ်းခြင်း။”
အဓိပ္ပာယ်၊ “ရန်ရှာခြင်း။”
အဓိပ္ပာယ်၊ “ယေဟောဝါဟာ ငါ့ရဲ့အောင်လံပဲ။”