ထွက်မြောက်ရာ ၄၀:၁-၃၈

  • တဲတော်ကို ဆောက် (၁-၃၃)

  • တဲတော်မှာ ယေဟောဝါရဲ့ဘုန်းအသရေ ပြည့်နေ (၃၄-၃၈)

၄၀  ယေဟောဝါက မောရှေကို မိန့်မှာတယ်– ၂  “ပထမလ၊ ပထမနေ့မှာ တွေ့ဆုံရာတဲတော်ဖြစ်တဲ့ သန့်ရှင်းရာတဲတော်ကို ဆောက်လုပ်ရမယ်။+ ၃  သက်သေခံချက်သေတ္တာကို+ တဲတော်ထဲ သွင်းပြီး ကန့်လန့်ကာနဲ့ ကာထားရမယ်။+ ၄  စားပွဲကို+ သွင်းပြီး စားပွဲအသုံးအဆောင်တွေကို နေရာချရမယ်။ ဆီမီးတိုင်ကို+ သွင်းပြီး မီးခွက်တွေ ထွန်းထားရမယ်။+ ၅  နံ့သာပေါင်းပူဇော်တဲ့ ရွှေပလ္လင်ကို+ သက်သေခံချက်သေတ္တာရှေ့မှာ ထားပြီး တဲတော်ဝင်ပေါက်မှာ လိုက်ကာတပ်ရမယ်။+ ၆  “မီးရှို့ပူဇော်ရာပလ္လင်ကို+ တွေ့ဆုံရာတဲတော် ဝင်ပေါက်ရှေ့မှာ ထားရမယ်။ ၇  အင်တုံကြီးကို တွေ့ဆုံရာတဲတော်နဲ့ ပူဇော်ရာပလ္လင်ကြားမှာ ထားပြီး ရေဖြည့်ရမယ်။+ ၈  တဲတော်ပတ်လည်ကို ဝင်းခတ်ပြီး+ တဲတော်ဝင်းရဲ့ဝင်ပေါက်မှာ လိုက်ကာတပ်ရမယ်။+ ၉  တဲတော်နဲ့ တဲတော်အသုံးအဆောင်အားလုံးကို ဘိသိက်ဆီလောင်းပြီး+ ဆက်ကပ်ရမယ်။ ဒီနည်းနဲ့ တဲတော်ဟာ သန့်ရှင်းမြင့်မြတ်ရာ ဖြစ်လာမယ်။ ၁၀  မီးရှို့ပူဇော်ရာပလ္လင်နဲ့ ပလ္လင်အသုံးအဆောင်တွေကို ဘိသိက်ဆီ လောင်းရမယ်။ ဒီနည်းနဲ့ ပူဇော်ရာပလ္လင်ဟာ အသန့်ရှင်းဆုံး ဖြစ်လာမယ်။+ ၁၁  အင်တုံကြီးနဲ့ အင်တုံတင်တဲ့စင်ကိုလည်း ဘိသိက်ဆီ လောင်းရမယ်။ ၁၂  “အဲဒီနောက် မင်းက အာရုန်နဲ့ သားတွေကို တွေ့ဆုံရာတဲတော် ဝင်ပေါက်နား ခေါ်လာပြီး ရေချိုးခိုင်းပါ။+ ၁၃  အာရုန်ကို သန့်ရှင်းတဲ့အဝတ်တွေ ဝတ်ပေးပြီးနောက်+ ဘိသိက်ပေးပြီး+ သန့်ရှင်းမြင့်မြတ်စေရမယ်။ ပုရောဟိတ်အဖြစ် သူ အမှုဆောင်ရမယ်။ ၁၄  သူ့သားတွေကိုလည်း ခေါ်လာပြီး ဝတ်လုံရှည်တွေ ဝတ်ပေးရမယ်။+ ၁၅  အာရုန်ကို ဘိသိက်ပေးသလို သူ့သားတွေကိုလည်း ဘိသိက်ပေးရမယ်။+ ပုရောဟိတ်တွေအဖြစ် သူတို့အမှုဆောင်ရမယ်။ အဲဒီလို ဘိသိက်ပေးခံရတဲ့အတွက် သူတို့အမျိုးအဆက်ဆက် ပုရောဟိတ်တာဝန်ကို ဆက်ခံရမယ်။”+ ၁၆  မောရှေလည်း ယေဟောဝါမိန့်မှာတဲ့အတိုင်း လုပ်တယ်။+ မှာထားတဲ့အတိုင်း လုပ်ဆောင်တယ်။ ၁၇  ဒုတိယနှစ်၊ ပထမလ၊ ပထမနေ့မှာ တဲတော်ကို ဆောက်လုပ်တယ်။+ ၁၈  မောရှေက တဲတော်ဆောက်တဲ့အခါ အောက်ခံခုံတွေကို+ နေရာချပြီး ကျည်းဘောင်တွေ+ ထောင်တယ်။ သစ်သားတန်းတွေ လျှိုပြီး+ တိုင်တွေ ထူတယ်။ ၁၉  တဲတော်အမိုးကို+ ဖုံးအုပ်ပြီး အဲဒီပေါ်မှာ အမိုးတွေ ထပ်ဖုံးအုပ်တယ်။+ ယေဟောဝါ မိန့်မှာထားတဲ့အတိုင်းပါပဲ။ ၂၀  မောရှေက သက်သေခံချက်ကျောက်ပြားကို+ ယူပြီး သေတ္တာထဲ+ ထည့်တယ်။ သေတ္တာကို ထမ်းပိုးလျှိုပြီး+ အဖုံးနဲ့+ ဖုံးတယ်။+ ၂၁  သက်သေခံချက်သေတ္တာကို တဲတော်ထဲသွင်းပြီး ကန့်လန့်ကာနဲ့+ ကာလိုက်တယ်။+ ယေဟောဝါ မိန့်မှာထားတဲ့ အတိုင်း ပါပဲ။ ၂၂  စားပွဲကိုလည်း+ တွေ့ဆုံရာတဲတော်ထဲ သွင်းပြီး ကန့်လန့်ကာအပြင်ဘက်၊ တဲတော်မြောက်ဘက်ခြမ်းမှာ ထားတယ်။ ၂၃  ယေဟောဝါရှေ့က စားပွဲပေါ်မှာ မုန့်တွေကို စီထားလိုက်တယ်။+ ယေဟောဝါ မိန့်မှာထားတဲ့အတိုင်းပါပဲ။ ၂၄  ဆီမီးတိုင်ကို+ တွေ့ဆုံရာတဲတော်ထဲ သွင်းပြီး စားပွဲရှေ့၊ တဲတော်တောင်ဘက်ခြမ်းမှာ ထားတယ်။ ၂၅  ပြီးတော့ ယေဟောဝါရှေ့က မီးခွက်တွေကို ထွန်းလိုက်တယ်။+ ယေဟောဝါ မိန့်မှာထားတဲ့ အတိုင်းပါပဲ။ ၂၆  မောရှေက ရွှေပလ္လင်ကို+ တွေ့ဆုံရာတဲတော်ထဲ သွင်းပြီး ကန့်လန့်ကာရှေ့မှာ ထားတယ်။ ၂၇  အဲဒီပေါ်မှာ နံ့သာပေါင်း+ မီးရှို့ပူဇော်နိုင်ဖို့+ ဖြစ်တယ်။ ယေဟောဝါ မိန့်မှာထားတဲ့အတိုင်းပါပဲ။ ၂၈  အဲဒီနောက် တဲတော်ဝင်ပေါက်မှာ လိုက်ကာတပ်တယ်။+ ၂၉  မီးရှို့ပူဇော်ရာပလ္လင်ကိုတော့+ တွေ့ဆုံရာတဲတော်ဖြစ်တဲ့ သန့်ရှင်းရာတဲတော်ဝင်ပေါက်မှာ ထားတယ်။ အဲဒီပေါ်မှာ မီးရှို့ရာအလှူနဲ့+ ကောက်နှံအလှူတွေကို ပူဇော်ဖို့ဖြစ်တယ်။ မောရှေကို ယေဟောဝါ မိန့်မှာထားတဲ့အတိုင်းပါပဲ။ ၃၀  အင်တုံကြီးကိုလည်း တွေ့ဆုံရာတဲတော်နဲ့ ပူဇော်ရာပလ္လင်ကြားမှာ ထားပြီး ရေဖြည့်တယ်။+ ၃၁  မောရှေ၊ အာရုန်နဲ့ သူ့သားတွေက အဲဒီမှာ ခြေလက်ဆေးတယ်။ ၃၂  သူတို့က တွေ့ဆုံရာတဲတော်ထဲ ဝင်တဲ့အခါတိုင်း၊ ပူဇော်ရာပလ္လင်အနား သွားတဲ့အခါတိုင်း ခြေလက်ဆေးတယ်။+ ယေဟောဝါ မိန့်မှာထားတဲ့အတိုင်းပါပဲ။ ၃၃  နောက်ဆုံးမှာ မောရှေက တဲတော်နဲ့ ပူဇော်ရာပလ္လင်ရဲ့ ပတ်လည်ကို ဝင်းခတ်၊+ တဲတော်ဝင်းရဲ့ ဝင်ပေါက်မှာ လိုက်ကာတပ်တယ်။+ ဒီလိုနဲ့ အလုပ်ကို လက်စသတ်လိုက်တယ်။ ၃၄  အဲဒီအခါ တွေ့ဆုံရာတဲတော်ကို မိုးတိမ်ဖုံးလွှမ်းပြီး ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်သွားတယ်။+ ၃၅  တွေ့ဆုံရာတဲတော်ပေါ်မှာ မိုးတိမ်တည်နေပြီး ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်နေတဲ့အတွက် တဲတော်ထဲ မောရှေဝင်လို့မရဘူး။+ ၃၆  တဲတော်ပေါ်ကနေ မိုးတိမ်တက်သွားရင် အစ္စရေးတွေ စခန်းသိမ်းပြီး ခရီးဆက်ကြတယ်။+ ၃၇  မိုးတိမ်မတက်ရင်တော့ စခန်းမသိမ်းဘဲ ဆက်နေကြတယ်။+ ၃၈  အစ္စရေးတွေရဲ့ ခရီးစဉ်တစ်လျှောက်လုံး တဲတော်ပေါ်မှာ နေ့အချိန်ဆိုရင် ယေဟောဝါရဲ့မိုးတိမ်၊ ညအချိန်ဆိုရင် မီးတိုင်ရှိနေတာကို မြင်နေရတယ်။+

အောက်ခြေမှတ်ချက်များ