ဒေသနာ ၁:၁-၁၈

  • အရာရာဟာ အချည်းနှီးပဲ (၁-၁၁)

    • ကမ္ဘာမြေ ထာဝစဉ်တည် ()

    • သဘာဝ ရေသံသရာ (၅-၇)

    • အသစ်အဆန်းဆိုလို့ ဘာမှမရှိ ()

  • လူ့ဉာဏ်ပညာ အကန့်အသတ်ရှိ (၁၂-၁၈)

    • လေကိုဖမ်းဆုပ်ဖို့ အားထုတ် (၁၄)

၁  ဂျေရုဆလင်မြို့ရဲ့ဘုရင်၊ ဒါဝိဒ်ရဲ့သားတော်+ နည်းပြဆရာ*+ ပြောတဲ့ စကားတွေ။  ၂  “တကယ် အချည်းနှီးပဲ။ တကယ် အချည်းနှီးပဲ။ အရာရာဟာ အချည်းနှီးပါပဲ”+ လို့ နည်းပြဆရာ ပြောတယ်။  ၃  လူဟာ နေအောက်မှာ အလုပ်ကို ကြိုးစားလုပ်ဆောင်ပေမဲ့ဘာအကျိုးများ ရလို့လဲ။+  ၄  လူမျိုးတစ်ဆက် လွန်သွားတယ်။ လူမျိုးတစ်ဆက် ပေါ်လာတယ်။ ကမ္ဘာမြေကတော့ ထာဝစဉ်တည်တယ်။+  ၅  နေမင်းဟာ ထွက်လာလိုက်၊ ဝင်သွားလိုက်နဲ့ပြန်ထွက်မယ့်နေရာဆီ အပြေးအလွှားသွားနေတယ်။+  ၆  လေဟာ တောင်ဘက်ကို တိုက်လိုက်၊ မြောက်ဘက်ကို လှည့်ပြီးတိုက်လိုက်နဲ့မပြတ်တမ်း လှည့်ပတ်တိုက်ခတ်ပြီး လည်မြဲလည်ပတ်နေတယ်။  ၇  မြစ်ချောင်းအားလုံး ပင်လယ်ထဲ စီးဝင်ကြတယ်။ ဒါပေမဲ့ ပင်လယ်ပြည့်သွားတယ်ဆိုတာ မရှိဘူး။+ မြစ်ချောင်းတွေဟာ ပြန်စီးဆင်းလာနိုင်ဖို့ စတင်စီးဆင်းခဲ့တဲ့ နေရာဆီ ပြန်သွားတတ်တယ်။+  ၈  အရာရာဟာ ပင်ပန်းငြီးငွေ့စရာပဲ။ အကုန်အစင် ဖော်ပြနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ မျက်လုံးက မြင်ရတာကို မကျေနပ်နိုင်ဘူး။ နားကလည်း ကြားလို့ကို မဝနိုင်ဘူး။  ၉  ဖြစ်ဖူးတဲ့အရာတွေ ပြန်ဖြစ်လာလိမ့်မယ်။ လုပ်ဖူးတဲ့အရာတွေကို ပြန်လုပ်ကြလိမ့်မယ်။ နေအောက်မှာ အသစ်အဆန်းဆိုလို့ ဘာမှမရှိဘူး။+ ၁၀  “ကြည့်စမ်း။ ဒါအသစ်အဆန်းပဲ” လို့ ပြောလောက်စရာ ဘာများရှိလို့လဲ။ ဟိုးအရင်ကတည်းက တည်ရှိပြီးသား၊ငါတို့ခေတ်မတိုင်ခင်ကတည်းက တည်ရှိပြီးသားအရာတွေချည်းပဲ။ ၁၁  အတိတ်ကလူတွေကို ဘယ်သူမှ သတိမရကြဘူး။ နောင်ပေါ်လာမယ့် လူတွေကိုလည်း ဘယ်သူမှ သတိရမှာ မဟုတ်ဘူး။ သူတို့ကိုလည်း နောက်နောင်ပေါ်လာမယ့်သူတွေ သတိရမှာ မဟုတ်ဘူး။+ ၁၂  နည်းပြဆရာဖြစ်တဲ့ ငါက ဂျေရုဆလင်မြို့မှာ အစ္စရေးဘုရင်အဖြစ် နန်းစံနေတယ်။+ ၁၃  ကမ္ဘာပေါ်မှာ လုပ်ဆောင်သမျှကို၊+ လူသားတွေအတွက် ဘုရားသခင်ပေးထားတဲ့ စိတ်ပျက်စရာ အလုပ်အားလုံးကို ဉာဏ်ပညာသုံးပြီး လေ့လာစူးစမ်းဖို့+ ငါ စိတ်ပိုင်းဖြတ်လိုက်တယ်။ ၁၄  နေအောက်မှာ လုပ်ဆောင်နေတဲ့  အလုပ်အားလုံးကို ငါမြင်တယ်။ ကြည့်ပါဦး။ အားလုံးဟာ အချည်းနှီးပဲ။ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။+ ၁၅  ကောက်တဲ့အရာကို ဖြောင့်အောင် မလုပ်နိုင်ဘူး။ မရှိတဲ့အရာကိုလည်း ရေတွက်လို့ မရနိုင်ဘူး။ ၁၆  “ငါ့အရင် ဂျေရုဆလင်မြို့မှာရှိခဲ့တဲ့ လူတွေထက် သာလွန်တဲ့ဉာဏ်ပညာကို ငါဆည်းပူးထားတယ်။+ ငါ့ရင်ထဲမှာ ဉာဏ်ပညာနဲ့ ဗဟုသုတ အများကြီးရှိတယ်”+ လို့ စိတ်ထဲမှာ ငါပြောတယ်။ ၁၇  ဉာဏ်ပညာအကြောင်း၊ ရူးမိုက်ခြင်းအကြောင်း၊ မိုက်မဲခြင်းအကြောင်း သိနိုင်ဖို့ ငါကြိုးစားတယ်။+ ဒါလည်း လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲဆိုတာ ငါသိလာတယ်။ ၁၈  ဉာဏ်ပညာရှိလေ စိတ်ပျက်စရာ ကြုံရလေပဲ။ ဗဟုသုတကြွယ်လေ စိတ်ဆင်းရဲရလေပဲ။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “လူတွေကို စုရုံးသူ။”