ဒေသနာ ၁၀:၁-၂၀

  • မိုက်မဲမှုတစ်ခုလေးကြောင့် ဉာဏ်ပညာ ပျက်ပြယ် ()

  • စွမ်းဆောင်ရည်မရှိခြင်းရဲ့ အန္တရာယ်များ (၂-၁၁)

  • မိုက်မဲသူရဲ့ အဖြစ်ဆိုး (၁၂-၁၅)

  • အုပ်စိုးရှင်တွေအလယ် မိုက်မဲမှု (၁၆-၂၀)

    • မင်းရဲ့စကားကို ငှက်တွေ သယ်ဆောင်သွားနိုင် (၂၀)

၁၀  ယင်ကောင်အသေတွေကြောင့် ဆီမွှေးက ပုပ်စော်နံပြီး အမြှုပ်ထလာသလို မိုက်မဲမှုလေးတစ်ခုကြောင့် လူတစ်ယောက်ရဲ့ ဉာဏ်ပညာနဲ့ ဂုဏ်ကျက်သရေ ပျက်ပြယ်တတ်တယ်။+ ၂  ဉာဏ်ပညာရှိသူရဲ့ စိတ်နှလုံးက သူ့ကို လမ်းမှန်ပေါ် ပို့ဆောင်ပေးတယ်။* မိုက်မဲတဲ့သူရဲ့ စိတ်နှလုံးကတော့ သူ့ကို လမ်းမှားပေါ် ပို့ဆောင်ပေးတယ်။*+ ၃  ဉာဏ်တိမ်တဲ့သူက ဘယ်လမ်းကိုပဲ လျှောက်ပါစေ စဉ်းစားဉာဏ်* မရှိဘူး။+ မိမိဟာ ဉာဏ်တိမ်တဲ့သူဖြစ်မှန်း လူတိုင်းသိအောင် လုပ်တတ်တယ်။+ ၄  အုပ်စိုးရှင် ဒေါသထွက်လာပြီဆိုရင် ကိုယ့်နေရာကို မစွန့်ခွာနဲ့။+ အေးဆေးတည်ငြိမ်တာဟာ ကြီးလေးတဲ့အပြစ်တွေကို ကျေအေးစေလို့ပဲ။+ ၅  နေအောက်မှာ  ငါသတိပြုမိတဲ့ စိတ်ဆင်းရဲစရာ  တစ်ခုရှိသေးတယ်။ အခွင့်အာဏာရှိသူတွေ လုပ်တဲ့အမှားပဲ–+ ၆  မိုက်မဲသူတွေက ရာထူးကြီးကြီးရပြီး သူဌေးသူကြွယ်တွေ* ကတော့ ရာထူးနိမ့်နိမ့်မှာပဲ ရှိနေတယ်။ ၇  ကျွန်တွေက မြင်းစီးပြီး မင်းညီမင်းသားတွေကတော့ ကျွန်လို ခြေကျင်လျှောက်နေတာ ငါတွေ့ဖူးတယ်။+ ၈  တွင်းတူးတဲ့သူဟာ တွင်းထဲပြန်ကျလိမ့်မယ်။+ ကျောက်တံတိုင်းဖြိုချတဲ့သူဟာ မြွေကိုက်ခံရလိမ့်မယ်။ ၉  ကျောက်တူးတဲ့သူဟာ ကျောက်တွေနဲ့ထိခိုက်ပြီး  ဒဏ်ရာရနိုင်တယ်။ ထင်းခွဲတဲ့သူကလည်း  ထင်းတုံးတွေကြောင့် ထိခိုက်ဒဏ်ရနိုင်တယ်။* ၁၀  တုံးနေတဲ့ပုဆိန်ကို  မသွေးဘဲထားရင် ပိုအားစိုက်ရတယ်။ ဉာဏ်ပညာကို အသုံးပြုရင်တော့ အောင်မြင်မှုရနိုင်တယ်။ ၁၁  မြွေကိုမညှို့ခင်  မြွေကိုက်ခံရတယ်ဆိုရင် မြွေအလမ္ပာယ်ဆရာဖြစ်ရတာ ဘာမှအကျိုးမရှိဘူး။ ၁၂  ဉာဏ်ပညာရှိသူရဲ့စကားက မျက်နှာသာရစေတယ်။+ မိုက်မဲသူရဲ့စကားကတော့ သူ့ကို ပျက်စီးစေတယ်။+ ၁၃  သူက မိုက်မဲတဲ့စကားနဲ့ အစပျိုးပြီး+ အန္တရာယ်ရှိတဲ့ ရူးသွပ်တဲ့စကားနဲ့ နိဂုံးချုပ်တတ်တယ်။ ၁၄  ဉာဏ်တိမ်တဲ့သူကတော့ စကားကို မပြတ်တမ်း ပြောတတ်တယ်။+ လူက ဘာတွေဖြစ်လာမယ်ဆိုတာ မသိဘူး။   သေဆုံးသွားတဲ့  လူတစ်ယောက်ကို  ဖြစ်ပျက်လာမ ယ့်အကြောင်းတွေ ဘယ်သူအသိပေးနိုင်မှာလဲ။+ ၁၅  မိုက်မဲသူက မြို့ကို ဘယ်လိုသွားရမှန်းတောင် မသိတဲ့အတွက် သူ ကြိုးစားပမ်းစား  လုပ်ကိုင်တာဟာ သူ့အတွက် အားကုန်တာပဲ ရှိတယ်။ ၁၆  တိုင်းပြည်တစ်ခုမှာ လူငယ်လေးက ဘုရင်လုပ်နေပြီး မင်းညီမင်းသားတွေက စောစောစီးစီး စားသောက်ပွဲတွေလုပ်နေရင် ဘယ်လောက် ဆိုးဝါးလိုက်မလဲ။+ ၁၇  ဒါပေမဲ့ မင်းမျိုးမင်းနွယ်က ဘုရင်လုပ်နေရင်၊ မင်းညီမင်းသားတွေကလည်း မူးယစ်ဖို့မဟုတ်ဘဲ ခွန်အားရှိဖို့ သူ့အချိန်နဲ့သူ စားသောက်တဲ့သူတွေဖြစ်ရင် တိုင်းပြည်အတွက် ဘယ်လောက် ကောင်းလိုက်မလဲ။+ ၁၈  အပျင်းကြီးလွန်းရင် ထုပ်တန်းတွေ ညွှတ်ကျတတ်တယ်။ လက်ကြောမတင်းရင် အိမ်မိုးယိုတတ်တယ်။+ ၁၉  အစားအစာဟာ ရယ်မောစေတယ်။ စပျစ်ဝိုင်ဟာ ဘဝကို ပျော်ရွှင်စေတယ်။+ ငွေကတော့ လိုအပ်ရာမှန်သမျှ ဖြည့်ဆည်းပေးတယ်။+ ၂၀  ရှင်ဘုရင်ကို  စိတ်ကူးထဲမှာတောင်* မကျိန်ဆဲနဲ့။+ သူဌေးသူကြွယ်တွေကို အိပ်ခန်းထဲမှာ မကျိန်ဆဲနဲ့။ ငှက်တွေက မင်းရဲ့စကားကို သယ်ဆောင်သွားနိုင်သလို တောင်ပံပါတဲ့ သတ္တဝါတွေကလည်း မင်းပြောတာတွေကို ပြန်ပြောပြနိုင်လို့ပဲ။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “သူ့ရဲ့ညာလက်မှာ ရှိတယ်။”
မူရင်း၊ “သူ့ရဲ့ဘယ်လက်မှာ ရှိတယ်။”
မူရင်း၊ “စိတ်နှလုံး။”
ဒါမှမဟုတ်၊ “လုပ်ရည်ကိုင်ရည်ရှိသူတွေ။”
“ထင်းတုံးတွေကို သတိထားသင့်တယ်” လည်းဖြစ်နိုင်။
“အိပ်ရာပေါ်မှာတောင်” လည်းဖြစ်နိုင်။