ဒေသနာ ၁၁:၁-၁၀

  • အခွင့်​အရေး​ကို ဖမ်း​ဆုပ် (၁-၈)

    • အစာ​ကို ရေ​ပေါ်​ပစ်​ချ ()

    • မနက်​က​နေ ည​နေ​အထိ မျိုး​စေ့​ကြဲ ()

  • လူငယ်​ဘဝ​မှာ အသိ​စိတ်​ရှိ​ရှိ ပျော်​မွေ့​ပါ (၉၊ ၁၀)

၁၁  အစာ​ကို ရေ​ပေါ် ပစ်​ချ​ပါ။+ ရက်​အတော်​ကြာ​ရင် ပြန်​တွေ့​ရ​လိမ့်​မယ်။+ ၂  ကိုယ့်​မှာ​ရှိ​တဲ့​အရာ​ကို လူ​ခု​နစ်​ယောက် ဒါ​မှ​မဟုတ် ရှစ်​ယောက်​ကို မျှ​ဝေ​ပေး​ပါ။+ ကမ္ဘာ​ပေါ်​မှာ ဘယ်​လို​ဘေး​ဒုက္ခတွေ ကျ​ရောက်​မယ်​ဆို​တာ မသိ​နိုင်​ဘူး။ ၃  တိမ်​တွေ​က မိုး​ရေတွေ ပြည့်​လာရင် မြေပေါ် ရွာ​ချ​လိမ့်​မယ်။ သစ်​ပင်​က တောင်​ဘက်​ကို​ဖြစ်​ဖြစ်၊ မြောက်​ဘက်​ကို​ဖြစ်​ဖြစ် လဲ​ကျ​ရင် ကျ​တဲ့​နေ​ရာ​မှာ ရှိ​နေ​လိမ့်​မယ်။ ၄  လေ​ကို​ပဲ စောင့်​ကြည့်​နေ​သူ​က မျိုး​စေ့​ကြဲ​မှာ မဟုတ်​ဘူး။ မိုး​တိမ်​ကို​ပဲ ကြည့်​နေ​သူ​က​လည်း ရိတ်​သိမ်း​မှာ​မ​ဟုတ်​ဘူး။+ ၅  မိ​ခင်​ဝမ်း​ထဲ​က သန္ဓေ​သား​ရဲ့ အရိုး​တွေ​ထဲ​မှာ​အသက်​စွမ်းအား ဘယ်​လို လုပ်​ဆောင်​တယ်​ဆို​တာ မသိ​နိုင်​သလို+ အရာရာ​ကို ဖန်​ဆင်း​တဲ့ စစ်​မှန်​တဲ့​ဘု​ရား​သခင်​ရဲ့ လုပ်​ဆောင်​မှု​ကို မသိ​နိုင်​ဘူး။+ ၆  နံ​နက်​ခင်း​မှာ မျိုး​စေ့​ကြဲ​ပါ။ ည​နေ​စောင်း​အထိ လက်​ကို အနား​မပေး​ပါ​နဲ့။+ နံ​နက်​ခင်း​မှာ​ကြဲ​တဲ့ မျိုး​စေ့​ဟာ အပင်​ပေါက်​မလား၊ ည​နေ​စောင်း​မှာ​ကြဲ​တဲ့ မျိုး​စေ့​ဟာ အပင်​ပေါက်​မလား ဒါ​မှ​မဟုတ် နှစ်​ခု​စ​လုံး ပေါက်​လာ​မလား မသိ​နိုင်​ဘူး။ ၇  အလင်း​ဟာ နှစ်​သက်​စ​ရာ​ပဲ။ နေ​ရောင်​ခြည်​ကို  မြင်​ရ​တာ  ကောင်း​လိုက်​တာ။ ၈  လူ​တစ်​ယောက်​က နှစ်​ပေါင်း​များ​စွာ အသက်​ရှင်​တယ်​ဆို​ရင် နေ့​ရက်​တိုင်း​မှာ ပျော်​ရွှင်​ပါ​စေ။+ ဒါ​ပေမဲ့ မှောင်​မိုက်​တဲ့​နေ့​တွေ ကြာ​ရှည်​နိုင်​တယ်​ဆို​တာ သူ​သတိ​ရ​သင့်​တယ်။ ရောက်​လာ​မယ့် အဲဒီ​နေ့​ရက်​တိုင်း​ဟာ အချည်း​နှီး​ပဲ။+ ၉  လူငယ်​တို့၊ ငယ်​ရွယ်​တုန်း​မှာ ပျော်​ပျော်​နေ​ပါ။ လူငယ်​ဘဝ​မှာ စိတ်​ရွှင်​လန်း​ပါ။ စိတ်​ရဲ့​စေ​ညွှန်​ရာ​ကို လိုက်​ပါ။ မျက်​စိ​ခေါ်​ဆောင်​ရာ​နောက်​ကို လိုက်​ပါ။ ဒါ​ပေမဲ့ အဲ​ဒါ​တွေ​အားလုံး​ကို ဘု​ရား​သခင် စစ်​ကြော​စီ​ရင်​မယ်​ဆို​တာ သိ​ထား​ပါ။+ ၁၀  လူငယ်​ဘဝ​နဲ့ အရွယ်​ကောင်း​ချိန်​ဟာ အချည်း​နှီး​ပဲ။ ဒါ​ကြောင့် စိတ်​ဆင်း​ရဲ​စ​ရာတွေ​ကို စိတ်​ထဲ​က​နေ ထုတ်​ပစ်​လိုက်​ပါ။ ထိ​ခိုက်​နစ်​နာ​စေ​တဲ့ အရာတွေ မကြုံ​ရ​အောင် ကိုယ့်​ကိုယ်​ကိုယ် ကာ​ကွယ်​ပါ။+

အောက်ခြေမှတ်ချက်များ